JEC Compunter & Language Centre တည်ထောင်သူ ဆရာတော်ကြီး မာကုတင်ဝင်းနှင့်တွေ့ဆုံမေးမြန်းခြင်း

JEC Compunter & Language Centre မှသည် မန္တလေးကက်သလစ်သာသနာမှ ကက်သလစ် ဆရာ ဆရာမများ သင်ကြားပြီး သာသနာမှ ဦးဆောင်မည့် Private School & University အဆင့်ထိရောက်အောင် မိမိဆရာတော်ဖြစ်သည်ကာလအတွင်း လုပ်ဆောင်သွားမည်ဟု မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ RVA အင်တာဗျူးတွင်ပြောပြခဲ့ပါသည်။ JEC Compunter & Language Centre အား ဘာသာမရွေး ၊ လူမမျိုးမရွေး အမှန်တကယ် ခက်ခဲသော လူငယ်မောင်မယ်များအား ခေတ်ပညာများဖြစ်သည့် အင်္ဂလိပ်စာနှင့်ကွန်ပျူတာ ပညာကို အခမဲ့သင်ကြားပေးသည့် ( JEC Computer & English Language Centre ) ကို စတင်ဖွင့်လှစ်ခဲ့သည် ယခုလက်ရှိ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြငး်။ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သည် ယနေ့ ခေတ်တွင် မဖြစ်မနေတက်မြောက်ထားရမည့်ဘာသာရပ်များဖြစ်လာသည့်အခါ အခက်အခဲရှိသော လူငယ်မောင်မယ်များ ပညာသင်ကြားနိုင်ရေး ၊ အလုပ်အကိုင်များရရှိစေရေး ၊ မိသားစုကိုထောက်ပံ့နိုင်ရေး၊ မိမိကိုယ်ကို အားငယ်စိတ်များ ပပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ရှိကာ မိမိဘဝရပ်တည်နိုင်ဖို့ရန် ရည်ရွယ်ချက်များဖြင့် JEC Compunter & Language Centre ကို (၂၀၀၃)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် (၁၅)ကျော်တိုင်ခဲ့ပြီဖြစ်ပြီး ဆရာတော်ကြီး အနေဖြင့် နောက်ပိုင်းတွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ကုယ်ပိုင်တက္ကသိုလ်ကျောင်းဖွင့်လှစ်နိုင်ရန်အထိ ရည်မှန်းထားကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း၊ များကိုပြောပြခဲ့ပါသည်။ JEC Computer & Language Centre ၂၅ လမ်း - ၈၁x၈၂လမ်းကြား ။ ဖုန်း ၀၂-၄၀၃၉၆၅၃၊၀၉၉၆၄၀၃၉၆၅၃။ Interviewer & Edit - Pinky

Add new comment

14 + 1 =