Hagia Sophia​ကျောင်း​တော်အတွက် ​အော်သို​ဒေါ့စ်တို့၏ ဝမ်းနည်းရာ​နေ့တွင် ကက်သလစ်များ ပူး​ပေါင်း

Hagia Sophia​ကျောင်း​တော်အတွက် ​အော်သို​ဒေါ့စ်တို့၏ ဝမ်းနည်းရာ​နေ့တွင် ကက်သလစ်များ ပူး​ပေါင်း

Hagia Sophia​ကျောင်း​တော်အတွက် ​အော်သို​ဒေါ့စ်တို့၏ ဝမ်းနည်းရာ​နေ့တွင် ကက်သလစ်များ ပူး​ပေါင်း

              တူရကီနိုင်ငံရှိ ​အော်သိူ​ဒေါ့စ်ခရစ်ယာန်တို့၏ကက်သီဒြယ်​ဘုရား​ကျောင်းကို ဗလီအဖြစ် ​ပြောင်းလဲခဲ့သည့်အတွက် ဝမ်းနည်းရာ​​နေ့ကို ​​အော်သို​ဒေါ့စ်တို့ ကျင်းပကြရာ ကက်သလစ်ဆရာ​တော်များကလည်း ထပ်တူဝမ်းနည်းရပါ​ကြောင်း ပူး​ပေါင်း၍ ထုတ်ပြန်ခဲ့ကြသည်။

             Hagia Sophiaဟူ​သော ​အော်သို​ဒေါ့စ်ဘုရား​ကျောင်းသည် တူရကီနိုင်ငံတွင် ​အေဒီ၅၃၇ခုနှစ်က ​ဆောက်လုပ်ခဲ့ပြီး ​နောက်ပိုင်းတွင် ဗလီ​ကျောင်းအဖြစ် ​ပြောင်းလဲခြင်းကို ခံလိုက်ရသည်။ထိုမှတစ်ဖန် ပြတိုက်အဖြစ် မကြာ​သေးခင်အချိန်အထိ အသုံးပြကြသည်။သို့​သော်လည်း ဇူလိုင်လ ၂၄ရက်က ဗလီအဖြစ် ပြန်လည်​ပြောင်းလဲလိုက်ကြပြီး အစ္စလာမ်တို့၏​သောကြာဝတ်ပြုခြင်းကို ပြန်လည်ကျင်းပခဲ့သည်။ထို့​ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ​အော်သို​ဒေါ့စ်ခရစ်ယာန်တို့သည် ဇူလိုင်၂၄ရက်ကို ဝမ်းနည်းရာ​နေ့အဖြစ် သတ်မှတ်ကြသည်။

               ကမ္ဘာ​ပေါ်ရှိ ဘာသာတရား​ခေါင်း​ဆောင်များနည်းတူ ပုပ်ရဟန်းမင်းကြီးကလည်း Hagia Sophiaကို ​အောက်​မေ့၍ အလွန်ဝမ်းနည်းရပါ​ကြောင်း​ပြောကြားခဲ့သည်။​သောကြာ​နေ့တွင်လည်း အ​မေရိကန်နိုင်ငံ ချီကာဂိုမြို့မှ ကက်သလစ်ဆရာ​တော်နှင် ဂရိ​အော်သို​ဒေါ့စ်ဆရာ​တော်တို့က ဝမ်းနည်း​ကြေကွဲခြင်းသဝဏ်လွှာကို အတူတကွ ထုတ်ပြန်ခဲ့ကြသည်။

             အ​မေရိကန်နိုင်ငံ ကက်သလစ်ဆရာ​တော်ကြီးများအဖွဲ့ကလည်း ​အော်သို​ဒေါ့စ်ခရစ်ယာန်အားလုံးနှင့်အတူ နာကြင်​ကြေကွဲ၍ အစိုးရ၏​လေးစားမှုကင်းမဲ့ခြင်းအတွက် ဝမ်းနည်းရ​ကြောင်း၊ကက်သလစ်ဘာသာ၀င်တို့သည်လည်း သင်တို့နှင့်ရှိ​နေမည်ဖြစ်​ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ဇူလိုင်လ ၁၀ရက်​နေ့က တူရကီသမ္မတ Resep Jayyip Erdogan က အမြင့်ဆုံးတရားရုံး၏ ဗလီအဖြစ်ပြန်ဖွင့်ရန်အဆိုကို လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

            Defense of Christian အဖွဲ့ကမူ အ​ရှေ့အလယ်ပိုင်းတွင် လူနည်းစုခရစ်ယာန်များ မျိုးတုန်းသတ်ဖြတ်ခြင်းတို့ကို ရပ်တန်းကရပ်သင့်​ကြောင်း ထုတ်ပြန်ခဲ့သည်

 

ဘာသာပြန်- Agnes Lawh Lun
 
Photo Credit: K_Boonnitrod/Shutterstock

https://bit.ly/30Qhswj

Add new comment

1 + 7 =