Gregorian တက္ကသိုလ် ပါမောက္ခအဖြစ် အမေရိကန် ဂျေဇဝစ် ဘုန်းတော်ကြီးကို ပုပ်ဖရန်စစ်မှ အမည်တင်သွင်း

Gregorian တက္ကသိုလ် ပါမောက္ခအဖြစ် အမေရိကန် ဂျေဇဝစ် ဘုန်းတော်ကြီးကို ပုပ်ဖရန်စစ်မှ အမည်တင်သွင်း

Gregorian တက္ကသိုလ် ပါမောက္ခအဖြစ် အမေရိကန် ဂျေဇဝစ် ဘုန်းတော်ကြီးကို ပုပ်ဖရန်စစ်မှ အမည်တင်သွင်း

ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်ရာ ဂရေဂိုးရီးရမ်းတက္ကသိုလ် ( Pontifical Gregorian University) ​၏ ပါမောက္ခအဖြစ် အမေရိကန်ဂျေဇဝစ် ဘုန်းတော်ကြီး Mark Lewis ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ အမည်တင်သွင်းထားသည်။

ဖလော်ရီဒါပြည်နယ်ဖွား ဘုန်းတော်ကြီးသည် ပညာရေးဆိုင်ရာ ဒုတိယပါမောက္ခ အဖြစ် ၂၀၁၉ ခုနှစ်းကတည်းက တာဝန်ထမ်းဆောင်လျက်ရှိပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် သူ​၏ ရုံးလုပ်ငန်းကိုစတင် မည်ဖြစ်သည်။

ဘုန်တော်ကြီးကို ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မီယာမီမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ယေဇူး​၏အသင်းဂိုဏ်း( Jesuit) ကို ဝင်ရောက်ခဲ့ပြီး ၁၉၉၁ ခုတွင် ရဟန်းသိက္ခာခံယူခဲ့သည်။

ရောမမြို့ရှိ The Jesuit History Institute တွင် ၁၉၉၆ မှ ၂၀၀၄ ထိဒါရိုက်တာ အဖြစ် ၆နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။ နယူးအော်လန်ပြည်နယ် ဂျေဇဝစ်အသင်းဂိုဏ်း​၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်  Gregorian University ရှိအသင်းတော်သမိုင်းနှင့် ယဉ်ကျေးမှု့ အမွေအနှစ် ဌာန ပါမောက္ခအဖြစ် ၂၀၁၇ ခုတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Fr.Lewis သည် အာလာဘားမားပြည်နယ်ရှိ Spring Hill ကောလိပ်တွင် သမိုင်းပညာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး St.Louis တက္ကသိုလ်မှ ဖလော်ဆိုဖီ မဟာဘွဲ့ ရရှိခဲ့သည်။ ထို့ပြင် Toronto တက္ကသိုလ် မှ သမိုင်း ပါရဂူဘွဲ့ အပြင် Regis ကောလိပ်မှ ခရစ်ယာန်ဘာသာရေးနှင့် ဓမ္မ သင်္ဂြိုလ်ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ကို လည်း ရရှိခဲ့ပါသည်။

The Gregorian University ကို ယခင်က Roman ကောလိပ်ဟု သိရှိခဲ့ကြပြီး ရဟန္တာအီညာစီအူး က ၁၅၅၁ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ ဂျေးဇဝစ် အကြီးအကဲများက ဆက်လက် ဦးဆောင်ခဲ့သည်။

ဤတက္ကသိုလ်​၏ ဒဿနိက နှင့် ဓမ္မသင်္ဂြိုလ် ပညာရပ်တို့ကို ရဟန်းမင်းကြီးမှ ၁၅၅၆ ခုနှစ်တွင် အသိမှတ်ပြုပေးခဲ့သဖြင့် ယေဇူးအသင်းဂိုဏ်းဝင် တို့ထူထောင်သည့် ပထမဦးဆုံးသော တက္ကသိုလ် ဖြစ်လာခဲ့ကာ ရဟန်းမင်းကြီး ဂရေဂေါ်ရီ ၁၃ကြိမ်မြောက်က နေရာအသစ် ပေးပြီးနောက် The Gregorian University ဟု အမည် ပြောင်းခဲ့ခြင်းပင် ဖြစ်သည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

Photo courtesy of SW News

https://bit.ly/3MXN9tL
 

Add new comment

4 + 11 =