Fr.Berardelli ဟာ စွန့်လွှတ်ခြိုးခြံသူတယောက်ဖြစ်တယ် သို့သော် တခြားလူနာကို ပေးလိုက်တယ်ဆိုတဲ့ သတင်းမမှန်ကန်

Fr.Giuseppe Berardelli

Fr.Berardellhttps://bit.ly/2WGbKg1i ဟာ စွန့်လွှတ်ခြိုးခြံသူတယောက်ဖြစ်တယ် သို့သော် တခြားလူနာကို ပေးလိုက်တယ်ဆိုတဲ့ သတင်းမမှန်ကန်

Fr.Giuseppe Berardelli ဟာ သနားကြင်နာခြင်းရှိသူ မိမိကိုယ်ကိုယ်ချုပ်တည်းခြိုးခြံသူဆိုတာ အများသိကြပေမယ့် သတင်းမီဒီယာ အချို့ ပြောကြားသလို လူအများကြား ပျံ့နှံ့နေတဲ့ ဘုန်းတော်ကြီးက အသက်ရှူစက်ကို သူမသုံးပဲ အသေခံပြီး တခြားလူငယ် လူနာတယောက် ကို ပေးခဲ့တယ်ဆိုတဲ့ သတင်းဟာလုံးဝ မမှန်ကန်ကြောင်းကို ပျံလွန်သွားတဲ့ Fr Berardelli ရဲ့ နှစ် ၂၀ ကြာ လောက် သူငယ်ချင်းဖြစ်သူ Fr. Giulio Dellevite က မတ်လ ၂၄ ရက်နေ့မှာ CNA သို့ ပြောကြားခဲ့ပါတယ်။

ဆေးရုံပြင်ပက လာတဲ့ အသက်ရှုစက်လဲ မရှိခဲ့ပါဘူး။ အဲ့လို အသက်ရှူစက် အလျှုမျိုးကိုလည်း မရခဲ့ပါဘူး။ ကျွန်ုပ်ယုံကြည်ပါတယ် တကယ်တမ်း သာ အသက်ရှုစက် ရခဲ့ရင် ကျွန်ုပ်သူငယ်ချင်းက အဲ့လိုပဲ ပေးမှာပါ ဒါပေမဲ့ ကျွန်ုပ်တို့ ဆီမှာမရှိခဲ့ပါဘူး တကယ်ပါ။ သတင်းထောက်တွေ ပြောနေတဲ့ လူတွေကြားမှာ ဖြန့်နေတဲ့ ပုံစံမျိုး လုံး၀မဟုတ်ပါဘူး လို့ Fr. Giulio က ပြောကြားခဲ့ပါတယ်။ သက်တော် ၇၂ နှစ် အရွယ်ဘုန်းတော်ကြီး Fr Guiseppe ဟာ ပြီးခဲ့တဲ့တပတ်က ကိုဗစ် ၁၉ နဲ့ ပျံလွန်ခဲ့တာဖြစ်ပြီး Bergamo သာသနာမှ ပျံလွန်သည့် ဘုန်းတော်ကြီးများထဲတွင် ၂၃ ပါးမြောက် ဘုန်းတော်ကြီးဖြစ်ကြောင်း ကို CNA သတင်းအရ သိရှိရပါတယ်။

Photo Credit to CNA

by Sr.Lucia Thandar Aung,SJA

https://bit.ly/2WGbKg1

Add new comment

4 + 11 =