"Fratelli tutti"ဟူသည့် စာချွန်တော်အသစ်အား စိန့်ဖရန်စစ် အုတ်ဂူမှာ ပုပ်ဖရန်စစ် လက်မှတ်ရေးထိုး

"Fratelli tutti"ဟူသည့် စာချွန်တော်အသစ်အား စိန့်ဖရန်စစ် အုတ်ဂူမှာ ပုပ်ဖရန်စစ် လက်မှတ်ရေးထိုး

"Fratelli tutti"ဟူသည့် စာချွန်တော်အသစ်အား စိန့်ဖရန်စစ် အုတ်ဂူမှာ ပုပ်ဖရန်စစ် လက်မှတ်ရေးထိုး

ရဟန္တာစိန့်ဖရန်စစ်အာစီစီ ပျံလွန်ခြင်း နှစ်ပတ်လည်နေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ Fratelli tutti ဆိုသည့် စာချွန်တော်အသစ်အား စိန့်ဖရန်စစ် အုတ်ဂူတော်ရှိ အာစီစီ မြို့လေးမှာ စိန့်ဖရန်စစ် ပျံလွန်တော်မူခြင်း နှစ်ပတ်လည်နေ့အထိမ်း အမှတ်နေ့ မစ္ဆားအပြီးမှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

စနေနေ့ကအရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ အာစီစီကို ကြွရောက်ခဲ့ကြောင်းနှင့် ပုပ်ရဟန်းမင်းကြီးအဖြစ် သိုးထိန်းတာဝန် စတင်ထမ်းဆောင်ကထဲက ယခုအကြိမ်နဲ့ ဆိုရင် အာစီစီ ကို ၅ ကြိမ်မြောက် ကြွရောက်ခဲ့ခြင်းဖြစ်ကြောင်း

အထက်ပါစာချွန်တော်မှာ အရှင်သူမြတ်၏ တတိယမြောက်ထုတ်ပြန်သော စာချွန်တော်ဖြစ်ကာ ဒုတိယ စာချွန်တော်မှာတော့ လွန်ခဲ့သည့် ၅ နှစ်ခန့်က ထုတ်ဝေခဲ့သော Laudato Si ဘုံအိမ်ကမ္ဘာအားကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့စာချွန်တော်ပဲဖြစ်ပါတယ်။

အာစီစီသို့ အရှင်သူမြတ်ဟာ မော်တော်ယာဉ် ဖြင့်သာ သွားရောက်ခဲ့ကြောင်း လမ်းခုလတ်မှာတော့ Vallengloria ရသေ့ကျောင်းသို့၎င်း စိန့်ကလဲ၏ သီလရှင်များဖြစ်ကြသော Poor Clare သီလရှင်ကျောင်းသို့၎င်း ဝင်ရောက်ကာ နုတ်ဆက်ခဲ့​ပါတယ်။

အရှင်သူမြတ်ဉီးဆောင်ကျင်းပသော မစ္ဆားတရားတော်မြတ်တွင် ရသေ့ရဟန်းတော် အပါး ၂၀ နှင့် အမျိုးသမီးသူတော်စင် ဂိုဏ်းဝင်အချို့တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း

မစ္ဆားတရားအပြီးတွင်တော့ အရှင်သူမြတ်သည် ဘာဆီးလီးကားနှင့် တွဲလျှက်ရှိသည့် ဖရန်စစ္စကင်းမိသားစု ရသေ့ ကျောင်းတော်သို့ အလည်အပတ် ကြွရောက်ခဲ့ကြောင်းကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။
 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/30sch6o

Add new comment

1 + 3 =