Fort Worth မှဆရာတော်က ဖမ်းဆီး ခံများအတွက်ဆုတောင်းပေးရန်တောင်းဆို

Fort Worth မှဆရာတော်က ဖမ်းဆီး ခံများအတွက်ဆုတောင်းပေးရန်တောင်းဆို

Fort Worth မှဆရာတော်က ဖမ်းဆီး ခံများအတွက်ဆုတောင်းပေးရန်တောင်းဆို

 

Fort Worth မှဆရာတော်က Al Qaeda အကြမ်းဖက်နှင့်ဆက်နွယ်သောအဖွဲ့၏ ဂျူးဘုရား ကျောင်း တွင်ဖမ်းဆီး ခံများအတွက်ဆုတောင်းပေးရန်တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၊ Fort Worth ဆရာတော် Michael Olson ကဂျူးဘုရား ကျောင်း၌ဖမ်းဆီးခံထားရသော ဓားစာခံများအမြန်ဆုံးလွတ်မြောက်ရန်၊ စိတ်ပူပန်နေကြသော ၄င်းတို့၏မိသားစုနှင့် ဂျူးအဖွဲ့အစည်း၊ တာ၀န်ရှိသူများ အတွက်နှင့် ဤပြစ်မှုကိုကျူးလွန်သူများလည်း အသာတကျီ အဖမ်းခံရေး သူ၏လူမှု ကွန်ရက်မှ ကက်သလစ် ဘာသာတူများ ထံ ဆုတောင်းမေတ္တာအလှူခံထားသည်။

ဓားစာခံများအား Al Qaeda အကြမ်းဖက်အဖွဲ့နှင့် အချိပ်အဆက်ရှိသည်ဟုယူဆရသော အဖွဲ့က ပြီးခဲ့သော စနေနေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆို ပါဂျူးဘုရား ကျောင်းသည် Colleyville အနီး၌ရှိသည်။ အဆိုပါအမှုကိုကျူးလွန်သူမှာတစ်ဦးတည်းဖြစ်ပြီး၊ ဇန္န၀ါရီ လ (၁၅) ရက်နေ့က ဂျူးဘာသာ၀င်များလိုက်ဖ်ထုတ်လွှင့် ၀တ်ပြုဆုတောင်းနေစဉ် ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူသည် ၀တ်ပြုနေသူများထဲမှ (၄) ဦးကိုဓားစာခံအဖြစ်ဖမ်ဆီးလိုက်သည်။ ဖမ်းဆီးခံများအနက် ဂျူး ဘာသာရေးဆရာ Charlie Cytron-Walker လည်းပါသည်။ သူသည် ဖမ်းဆီးခံထားရသော Aafia Siddiqui ၏ အစ်ကိုဖြစ်သည်ဟုပြောပြီး၊ သူ့နှမကိုလွတ်ရန် (သို့) စကားပြောခွင့်ပေးရန်တောင်းခံသည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of NCR

https://bit.ly/32NYjQD

Add new comment

1 + 0 =