Floyd အတွက်ဆန္ဒထုတ်ဖော်နေသူများနှင့်ရပ်တည်ကြောင်းပြရန်အမေရိကန်ကာဒီနယ်ရောမ၌ ဝတ်ပြုခြင်း၌ ဆု တောင်းပေး

Floyd အတွက်ဆန္ဒထုတ်ဖော်နေသူများနှင့်ရပ်တည်ကြောင်းပြရန်အမေရိကန်ကာဒီနယ်ရောမ၌ ဝတ်ပြုခြင်း၌ ဆု တောင်းပေး

Floyd အတွက်ဆန္ဒထုတ်ဖော်နေသူများနှင့်ရပ်တည်ကြောင်းပြရန်အမေရိကန်ကာဒီနယ်ရောမ၌ ဝတ်ပြုခြင်း၌ ဆု တောင်းပေး

ပြီးခဲ့သည့်သောကြာနေ့က ၀တ်ပြုခြင်းကိုဦးဆောင်နေသော အမေရိကန်ရဟန်းအမတ် Kevin Farrell ကယခင်အပတ်ကသေ ဆုံးခဲ့ သောလူမဲ George Floyd အတွက်ဆန္ဒထုတ်ဖော်တောင်းဆိုနေ သူများနှင့်ရပ်တည်ကြောင်းနှင့်ခရစ်ယာန်များသည် နိုင်ငံသားတိုင်းအတွက် တရားမျှတခြင်းကိုတောင်း ဆိုပေးရန်၊ ထို့အတူဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်၏စံနှင့်အညီနိုင်ငံတော်ကိုပြန် လည်စံထားအုပ် ချုပ်ရေး တောင်းဆိုရန်တာ၀န်ရှိသည်ဟုပြောကြားခဲ့သည်။အဆိုပါကာဒီနယ်သည်အိုင်ရစ်-အမေရိကန် လူမျိုးဖြစ်သည်။ သူသည်ဗာတီကန်၏မိသားစုနှင့် လူ့ဘ၀ကာကွယ်စောင့်ရှောက်ရေးဌာန၏တာ၀န်ခံ ဖြစ်သည်။

သီးခံခြင်း၊ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ခြင်း၊ နိုင်ငံသားတိုင်းအတွက်မျှတသောအခွင့် အလမ်းများနှင့်ဖွံ့ဖြိုးစည်ပင်စေရေး သည်အမေရိကန်ပြည်ထောင် စု ၏ DNA ၌ရိုက်နှိပ်ထားပြီးဖြစ်သည်။ ခရစ်ယာန်များလည်းချစ်ခြင်း၏ သတင်း ကောင်းဖြစ် သောအားလုံးပါ၀င် သောနိုင်ငံတော်၏မူ၀ါဒလမ်း ကြောင်းသို့ပြန်ရောက်ရန်ကြေငြာဟောပြောရန်နှင့်သက်သေခံရန်လိုအပ်သည်။ ဤဩ၀ါဒကိုလူမူရေး လုပ် ငန်း များလုပ်ဆောင်သောသာမန်ကက်သလစ်လူမူအဖွဲ့အစည်းကြီးတစ်ခုဖြစ်သောစိန့်အီဂျီးဒီအို၏ စီစဉ်မူဖြင့်ရောမမြို့၊ Trastevere ရှိ Santa Maria ဘုရားကျောင်းတွင်မိန့်ကြားခဲ့သည်။ ဤသာမန် ကက်သလစ်အဖွဲ့အစည်းကြီးသည်တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကိုတက် ကြွစွာပါ၀င်လုပ် ဆောင်နေ သူဖြစ်သည်။ ဤဆုတောင်း၀တ်ပြုခြင်းကိုစီစဉ်ရသည်မှာအမေရိကန်၌ George Floyd အတွက်တရား မျှတခြင်းကိုတောင်းဆိုနေသူ များနှင့်ရပ်တည်ကြောင်းထုတ်ဖော်ပြသရန်ဖြစ်သည်။ ဤဆု တောင်း၀တ် ပြုခြင်းသည် ရဟန်းမင်းကြီးဖရန်စစ်မှသူ့အနေဖြင့် George Floyd နှင့် အမေရိကန်နိုင်ငံသားများအား လုံးအတွက်ဆုတောင်းပေးလျှက်ရှိကြောင်းထုတ်ဖော်မိန့်ကြားအပြီး၊ နှစ်ရက်အကြာတွင်စီစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့အတူအမျိုးချစ်လွန်း၍ မျက်ကန်းများဖြစ်မသွားကြရန်ကိုလည်းသတိပေးခဲ့သည်။

ကမ္ဘာကြီးသည်စောင့်ကြည့်လျှက်ရှိသည်။

ဤနေ့များ၌ George Floyd ၏မတရားသဖြင့်သတ် ဖျက်ခံရမူနှင့်ပတ် သက် ၍ အမေရိကန်ပြည် နယ်အတော်များများတွင်ဖြစ်ပျက်သော ဆန္ဒထုတ်ဖော်မူများကိုတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြ သည်။ ခွဲခြားဆက်ဆံခြင်း၊ အကောင်းမမြင်နိုင်သည့်အတွေးများ၀င်နေခြင်း၊ လူမျိုး ရေးမုန်းတီးမူများ ကျွန်ုပ်တို့နိုင်ငံ၌အမြစ်စွဲနေသည်ကိုမြင်တွေ့ရခြင်းသည် အထူးသဖြင့်အမေရိကန်နိုင်ငံသားများအတွက် အလွန်၀မ်းနည်းစရာ ကောင်းသည်။

နိုင်ငံသားအခွင့်အရေးနှင့်လူမျိုးတိုင်း၏တန်းတူအခွင့်အရေးကိုနှစ်ပေါင်းများစွာတိုက်ပွဲ၀င်တောင်းဆိုခဲ့သည်။ သို့သော်လူမျိုးရေးပဋိပက္ခနှင့်ပတ်သက်သောအတိတ်ကအဖြစ်အပျက်မျိုးယခုမျက် မှောက်၌ဘယ်တော့မှပြန်မဖြစ်နိုင်ဟုပေါ့ပေါ့ တန်တန်သဘောထားခဲ့ကြသည်။ သို့သော်၀မ်းနည်းစရာ ကောင်းစွာသိလိုက်ရသည်မှာငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့်အချင်းချင်းလက်ခံတတ်ခြင်းသည် အလွန်တန်ဖိုးကြီး သောလူမူရေးကုန်ပစွည်းများဖြစ်ကြောင်း၊ အစဉ်မြင့်တင်ရမည်ဖြစ်ကြောင်းသိနား လည်လာစေသည်။

ခရစ်ယာန်တို့၏တန်ဖိုးမဖြတ်နိုင်သောသက်သေခံမှု

ဤအခြေအနေမျိုး၌ ခရစ်ယာန်များအနေဖြင့်အဖိုးမဖြတ်နိုင်သောပေးလှူမူကိုပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့ခရစ်ယာန်များသည် ယေဇူး သခင်လောကသို့ဆောင်ယူလာခဲ့သောဧဝံဂေလိတရားတော်ကိုအသက်နှင့်လဲ၍ ကြေငြာရန်၊ သက်သေခံရန်လိုသည်။ ယေဇူးသခင်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အလွန်လှပသောသီးအပွင့်များဖြစ်သည့် ‘ငြိမ်းချမ်းသာယာခြင်း’ သည် ဘ၀၌သဘောတရား (အယူအ ဆ) တစ်ခုမျှသာ ဖြစ်၍မရ။ ဘ၀၌လက်ဆုပ်လက်ကိုင်ပြနိုင် (လက်တွေ့ပြ) ရမည်။

အကယ်၍ယေဇူးသခင်၏ ငြိမ်းချမ်းခြင်းသည်ယုံကြည်သူခရစ် ယာန် တို့၏ နှလုံး သားထဲ၌အမှန်တကယ်ရှိပါလျှင်ပြိုင်ဆိုင်လိုစိတ်၊ သူတစ် ပါး၏ဂုဏ်သိက္ခာကိုငြင်းဆန်လိုစိတ်နှင့်သူတစ်ပါး ကိုဖိနှိပ်ညှဉ်းဆဲလိုစိတ် သည် ခရစ် ယာန် တို့၏စိတ်ထဲ၌ ရှိတော့မည်မဟုတ်ပေ။အမေရိကန်ပြည်ထောင် စုမွေးဖွားလာခဲ့သည်အချိန်မှစ၍ အခြေအနေကိုသုံးသပ်ကြည့်မည်ဆိုပါလျင်ယဉ်ကျေးမူ၊ လူမျိုးစု၊ ဘာသာရေး သက် ၀င်ယုံကြည်မူအစုံစုံရှိခဲ့သည်။ ထိုမတူညီကွဲပြားမူများအား လုံးစုစည်းသောအုတ်မြစ်မှာလူတိုင်းတန်းတူရည်တူရှိခြင်းအပေါ်၌ဖြစ်သည်။ ပြောင်းလဲသတ်မှတ်မရ သောလူ့အခွင့် အရေးနှင့်လူသားအားလုံးကိုပေးသနားခဲ့သောဖန်ဆင်းရှင်၏လွှတ်လပ်ခြင်း၊ သီးခံခြင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ် တွဲနေထိုင်ခြင်း၊ တန်းတူ ရည် တူအခွင့်အရေးနှင့်စည်ပင်ဖွံ့ ဖြိုးမူများရှိခြင်းပင်ဖြစ် သည်။

အမေရိကန်နိုင်ငံသားတို့ ၏ DNA ၌ခတ်နှိပ်ထားသော ‘စံ’ တရားများ

ဤ ‘စံ’ တရားသည်တိုင်း ပြည်တည်ဆောက်ထားခြင်း ၏မှတ်တမ်းမှတ်ရာများဖြစ် သည်။ အနက် နဲစွာစဉ်းစားကြည့်လိုက်မည်ဆိုပါ ကခရစ်ယာန်တရားကိုလူမူရေးတရားစကားများဖြင့်ပြောင်း လဲပြန်ဆို ထားခြင်းသာဖြစ် သည်။ ထို့ကြောင့်ကျွန်ုပ်တို့ခရစ်ယာန်များသည် ယေဇူး သခင်၏သွန်သင်ချက်ကိုလူသိ အောင်ပြုလုပ်တိုင်း ကျွန်ုပ်တို့နိုင်ငံသားများကိုတိုင်းပြည်၏ဇစ်မြစ်ရလာရန်ကူညီသတိပေးနေခြင်းဖြစ် သည်။

ယေဇူးသခင်၏ပညတ်တော် ဖြစ်သည့် ‘ငါသည်သင်တို့ကိုချစ်သကဲ့သို့ သင်တို့အချင်း ချင်းချစ်ကြ လော့’ ဟူသည့်အလွန်ရိုးရှင်းသော ပ ညတ်တော်သည် ကျွန်ုပ်တို့အားအလွန်အင်အားကြီးမားသောအ ယူခံမူဖြစ်စေသင့်ကြောင်း၊ သို့သောအခါအားလျှော်စွာကျွန်ုပ်တို့သည်လူမူရေး၊ စီး ပွားရေး၊ လူမျိုးရေး၊ နိုင်ငံရေးအဆင့်အတန်းများခွဲခြားသတ် မှတ်ဆက်ဆံခြင်းကြောင့်ထိခိုက် နာကျင်မူ၊ ပွတ်တိုက်မူများဖြစ် ပေါ်ခံစားကြ သည်။

မျက်နှာသာပေးမူနှင့်လက်တွေ့မဆန်သောအမြင်များကိုအ ဖြစ်နိုင်ဆုံးရှောင်ပါ။

သို့သော်ခရစ်ယာန်များအ ကြား၌ပင် အယူအဆအတွေး အခေါ်အမျိုးမျိုးများကြောင့် ချမ်းသာသူ များနှင့်ချို့တဲ့နွမ်းပါးသူကြား၊ ပညာ တတ်နှင့်ပညာမတတ်သူများကြား၊တိုးတက်လိုသူများနှင့်ရှေး ထုံး လွယ်သူများ၊ အဖြူနှင့်အမဲဟူ၍အချင်းချင်းခွာကွဲလာကြသည်။ ဤသို့ဖြစ်ခြင်း ဖြင့် တစ်ကမ္ဘာလုံးနှင့် ဆိုင်သောယေဇူးသခင် ၏ သတင်း စကားကိုမျက်ခြေပြတ်လာကြသည်။ ထို့အတူမိမိတို့ရပ်တည်သည့် ဖက်၌ယေဇူးသခင် ၏ တရားတော်ကိုဖေးဖေးမမ၊ သာသာထိုးထိုးလိုရာဆွဲ ၍ ပြောဆိုလာတတ်ကြသည်။ လူမူရေးဆိုင်ရာတရားမျှတခြင်းကိုမြှင့်တင်ရန်အ ကောင်း ဆုံး နည်းလမ်းမှာ မျက် နှာလိုက်မူ၊ လက်တွေ့မ ဆန်သည့်အတွေးအခေါ်အယူအဆရှိသည့်အမြင်များကိုရှောင်လွှဲခြင်းဖြင့်ဆေး ကြောခြင်းခံစဉ် ကခံ ယူရရှိခဲ့သောဖြောင့် မတ်ခြင်းဧဝံဂေလိတရား (၀မ်းမြောက်ခြင်း) ကိုပြန် လည်ရရှိလာမည်ဖြစ်သည်။

ခရစ်ယာန်များအတွက်အရှေ့အနောက်လိုက်လျောညီထွေမူရှိရမည်။ ယေဇူးသခင်သည်ခြိုးခြံချွေ တာခြင်းအကြောင်းကိုဟောပြော သကဲ့သို့ခြိုးခြံချွေတာစွာသီတင်းသုံးနေထိုင်ခဲ့သည်။ လူသားချစ်ခြင်း ၏ ဂုဏ်သိက္ခာအကြောင်းဟော ပြောသကဲ့သို့သူ လည်းစင် ကြယ်စွာရှင်သန် ခဲ့သည်။ သူသည်ခမည်းတော် ဘုရား ၏သနားခြင်းအကြောင်းကိုဟောကြားခဲ့သကဲ့သို့လူသားအားလုံး၊ သူ၏ရန်သူကိုအပေါ်၌ပင်သ နားကြင်နာ ခြင်းကိုပြသခဲ့သည်။ ဤအချက်ကိုထောက်ခြင်းဖြင့်တရားမျှတခြင်းကိုမြှင့်တင်လုပ်ဆောင် လိုလျှင်အကြမ်း ဖက်မူကိုရှောင်ရှားရမည်။ အဘယ် ကြောင့်ဆိုသော်မတရားမူကိုမရှောင်ရှားနိုင်သရွေ့ မတရားမူကိုဆက်လက်ကျူး လွန်နေဦးမည်သာ။ ၄င်းအပြင်တရားခံထက်ပင်ကြီးလေး သော ရာဇ၀တ်မူ ကိုပင်ကျူး လွန်ပေဦးမည်။ ထို့ကြောင့်ကျွန်ုပ်တို့ခရစ်ယာန်များ သည် စိတ်ကောင်းနှလုံး ကောင်း ရှိသော သူများအား တိုက် တွန်းနိုးဆော် ရမည်မှာ လူတိုင်းအတွက်အဓွန့်ရှည်သောကောင်းကျိုးကျန်ရစ်စေမည့် လုပ်ရပ်ကိုတစ်စိတ်တစ်၀မ်းတည်းထား၍ လုပ် ဆောင်ကြရန်၊ ကျိုး ကြောင်းမဲ့သောအတွေးအခေါ်များ ကြောင့် ဒေါသမီးများစွဲလောင်ပြီး၊ အဖျက်အမှောက်များပြုခြင်းဖြင့်အဆုံးမသတ်သင့်ပေ။

အကြောက်တရားကိုဖုံးဖိမထားနှင့်။ အဓွန့်ရှည်သောကောင်းကျိုးကိုဖော်ဆောင်ပါ။

ကျွန်ုပ်တို့သည်ကြောက်စိတ်ကိုဖုံးကွယ်ထား၍မရပါ။ အထူး သဖြင့်ယခုကဲ့သို့သောအလွန်သိမ့်မွှေ့ သောလူမူရေးဆူပူမူကာလ၌ အမျိုး သား၊ အမျိုး သမီးတိုင်း၏ရင်တွင်း၌ခံစားဖြစ်ပေါ်နေသော အမှန်တ ရားနှင့် ရေရှည်ခံမည့်အကျိုးတရား၊ တန်းတူညီမျှသောတရား၊ လေးစားမူနှင့် တရားမျှတခြင်းများအ တွက်တောင်းဆိုရပ်တည်ပေးရမည်။ ပြီးခဲ့သောဗုဒွဟူးနေ့၌ရ ဟန်းမင်း ကြီးဖရန်စစ်မှမိန့်ကြားသော ‘လူ မျိုးရေး၊ ခွဲခြား ဆက်ဆံသောမည်သည့်လုပ်ရပ်၊ ဖြစ်ရပ် မျိုးကိုမျှမျက်စိစုံမှိန်မထားနိုင်သကဲ့သို့၊ သီးလည်း မခံနိုင်ပါ။ ထို့ကြောင့်သန့်ရှင်းမြင့်မြတ်သောလူ့အသက် ကိုကာကွယ်ရမည်။ ထို့အတူယခင်ညကဖြစ်ပွား သောအကြမ်းဖက်လုပ်ရပ်သည်မိမိကိုယ်ကိုဖျက်ဆီးခြင်းဖြစ်သည်။ အကြမ်းဖက်ခြင်းဖြင့်မည် သည့်အကျိုးမျှမရသည့်အပြင်အရှုံးသာအ ဖတ်တင်ကျန်မည်’ ဟူ သောဩ၀ါဒကိုကိုးကားပြောဆိုခဲ့သည်။ သာ သနာတော်ကြီးအနေဖြင့် ဧဝံဂေ လိတရားကိုကြားပြောဆိုပါက သာသနာတော်ကြီးသည်ယေဇူးသခင် ၏ အလိုတော်ကိုလုပ်ဆောင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ တစ်ဖက်ကိုသာ စေ၊ တစ်ဖက်ကိုနာစေရန်အလို မရှိသည်ကိုပြသည်။ နိုင်ငံရေးအမြတ်ထွက်ရန်မလုပ်။ အများကောင်း ကျိုးအတွက်မြင့်တင်လုပ်ဆောင် ရန်လူ့အ ဖွဲ့အ စည်းအားလုပ်ဆောင်စေလိုသည်။ လူသားများကြား ၌ညီအစ်ကိုရင်းစိတ်ဿဓာတ်ပျိုး ထောင်ရန်စေလိုသည်။

လူမျိုးရေးသားကောင်များ ၏သွေးသည်အမေရိကန်နိုင်ငံအတွင်းတရားမျှတသောအသင်းအဖွဲ့တည်ဆောက်နိုင်ရန်အကြောင်းဖြစ်ပါစေ။

နိဂုံးချုပ်အနေဖြင့်ကာဒီနယ်က မတရားမူ၊ လူမျိုးရေးတန်းတူညီမျှခြင်းမရှိမူ၊ ခွဲခြားဆက်ဆံခံ ရ၍ရုန်းရင်းဆန်ခဖြစ်ရာမှသတ်ဖြတ် ခံရ သောအပြစ်မဲ့သားကောင်းတို့ကိုထောက်ထားရန်တောင်းဆိုခဲ့ သည်။ ထို့အတူထိုသူတို့သွေးသည်ချစ်လှစွာသောကျွန်ုပ် တို့နိုင်ငံအတွက်စစ်မှန် သောငြိမ်း ချမ်းရေးနှင့်ညီ အစ်ကိုရင်းစိတ် ဓာတ်များမွေးဖွားပေးသောမျိုးစေ့များဖြစ်ကြပါစေဟု လည်းဆုတောင်းပေးခဲ့သည်။

ဘာသာပြန်ဆိုသူ-
ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/37ik0Gl

 

Add new comment

16 + 3 =