FABC သို့ ဂျပန်ကိုယ်စားလှယ်များက ညီလာခံအပေါ် ၎င်းတို့ အမြင်ကိုပြောကြား

FABC သို့ ဂျပန်ကိုယ်စားလှယ်များက ညီလာခံအပေါ် ၎င်းတို့ အမြင်ကိုပြောကြား

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အစည်းအ ဝေးသို့တက်ရောက်လာသော ဂျပန်ကိုယ်စာလှယ်များက ယခုအစည်းအ ဝေးကြီး သည် သာသနာပြုခြင်းနှင့်ဆိုင်သောအမြင်သဘောထားများကိုသိမြင်လာစေဟုပြောကြားခဲ့သည်။

ယခုအစည်းအ ဝေးသို့တက်ရောက်လာခြင်းကြောင့် များစွာသင်ယူခဲ့ရကြောင်း၊ အစည်းအ ဝေးသို့တက်ရောက်လာသောဆရာတော် များ၊ ကိုယ်စားလှယ်များလည်း တမန်တော်လုပ်ငန်းပိုင်းသဘောထားအမြင်နှင့်စပ်လျင်း၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က အာရှကိုမြင်တွေ့လိုသည့် အတိုင်းကြိုးစားလုပ်ဆောင်သွားမည့်အားသစ်အင်သစ်များကိုရရှိသွားကြကြောင်း ဂျပန်နိုင်ငံမှ Niigata သာသနာပိုင်ဆရာတော် Paul Daisuke Narui ကပြောကြားခဲ့သည်။

သူသည်ဤအစည်းအ ဝေး အတွက်နိုင်ငံ့ကိုယ်စားလှယ်ဖြစ်သော်လည်း သာသနာအတွင်းကအရေးပေါ်ကိစ္စတစ်ခု ကြောင့် မလွှဲမရှောင်သာဘဲ အောက်တိုဘာ (၂၀) ရက်ကဂျပန်သို့ပြန်သွားခဲ့သည်။ သူ့ကိုယ်စားအစည်းအ ‌ေ၀းတက်ရောက်ရန် Nagasaki ၏ဂိုဏ်း ချုပ်ဆရာတော် Peter Michiaki Nakamura ထိုနေ့၌ပင်ရောက်လာခဲ့သည်။

ဤအစည်းအ ဝေး သို့ ဂျပန်မှ Tokyo ဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi၊ ကာဒီနယ် Thomas Aquino Manyo Maeda၊ Sapporo သာသနာပိုင်ဆရာတော် Bernard Taiji Katsuya၊ ဂျပန် နိုင်ငံမှ Talitha Kum ကိုယ်စားလှယ် စစ္စတာရ် Hirota၊ ဆရာတော် Narui တို့တက်ရောက်ခဲ့ကြသည်။

နိုင်ငံအသီးသီးမှကက်သလစ်သာသနာ တော်အကြောင်းလေ့လာစရာများစွာရှိကြောင်း၊ နိုင်ငံတိုင်း၌ ရဟန်းမင်းကြီးဖရန်စစ်၏အတွေးအမြင်ကိုလက်တွေ့ဖော်ဆောင်နိုင်ရန် ၀ါယမစိုက် ထုတ်နေသည်ကိုသတိထားမိကြောင်း ဆရာတော် Narui ကပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏အမြင်ကိုထင်ဟပ်ပေါ်လွင်စေသော အကြောင်းအရာကို အောက်တိုဘာလ (၁၈) ရက်နေ့က ဂိုဏ်းချုပ်ဆရာတော် Kikuchi က ရဟန်းမင်းကြီးဖရန်စစ်၏လက်ရှိ၌နောက်ဆုံးစာချွန် တော်ဟုညွှန်းရမည့် ‘"Fratelli Tutti" (all brothers = ညီအစ်ကိုမောင်နှမအားလုံး) ကိုထောက်ရှုပေးသွားခဲ့သည်။

ဤစာချွန်တော်ကို ရဟန်းမင်း ကြီးဖရန်စစ်က (အောက်တိုဘာလ ၂၀၂၀) ကထုတ်‌ေ၀ခဲ့သည်။ ဤစာချွန်တော်သည် ရဟန်းမင်းကြီးဖရန်စစ်၏ တတိယမြောက်စာချွန်တော် လည်းဖြစ်သည်။ ထိုနေ့၌ပင် လူငယ်များနှင်စပ်လျင်း၍လည်း ဂျပန်နိုင်ငံ၊ Takamatsu သာသနာမှဖာသာရ် Akira Takayama ကလူငယ်နှင့်စပ်လျင်းသော‌ေ၀မျှချက်ကိုအွန်လိုင်းမှတဆင့်တင်ပြဆွေးနွေးသွားခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gXrozV

#fabcat50

Add new comment

8 + 2 =