Dublin မှ ကြွရောက်လာမည်​့ ရဟန်းမင်းကြီး ကိုမျှော်လင့်

Dublin မှ ကြွရောက်လာမည်​့ ရဟန်းမင်းကြီး ကိုမျှော်လင့်

Dublin မှ ကြွရောက်လာမည်​့ ရဟန်းမင်းကြီး ကိုမျှော်လင့်
သြဂုတ်လ ၂၁၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-irelan...

#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Dublin မြို့၏ အချက်အချာနေရာ ပုပ်ရဟန်းမင်းကြီး
အရှင်သူမြတ်ကို ကြိုဆိုမည့် St. Michan's သာသနာနယ်လေးတွင် ဗာတီကန်အလံများချိတ်ဆွဲခြင်း၊ အခြားသောပြင်ဆင်မှုများနှင့် စိတ်လှုပ်ရှားစွာ ရဟန်းမင်းကြီးကို ကြိုဆိုဖို့ရန် ပြင်ဆင်နေကြပါသည်။
လူတိုင်း စိတ်လှုပ်ရှားနေ၍ ပျော်ရွှင်နေကြတယ်​
ဝိညာဉ်ခွန်အားတွေလည်းတိုးတက်လာမယ်၊ ဟုကျောင်းထိုင်ဘုန်းတော်ကြီး Bryan Shortall မှ ပြောကြားခဲ့ပါသည်။
အနီးအနားသာသနာနယ် မှ ဘာသာဝင်ညီကိုမောင်နှမများလည်း ပုပ်ဟရန်းမင်းကြီး တရားဟောမည့် Phoenix Park သို့ အတူတကွစုပြီး ခြေလျှင် လာကြမည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သော ပွဲသည် Ireland နိုင်ငံ၏ မိသားစုအပေါ်ထားသည့်တန်ဖိုးကိုပေါ်လွင်စေခြင်း၊ Irish လူမျိုးများသည်၊ မိမိတို့၏ အိမ်နြီး​ခင်းများ မိတ်ဆွေများအထိကို မိသားစုလိုသဘောထားသော လူမျိုးများဖြစ်ကြောင်း၊ ယခုအတူတကွတွေ့ဆုံခြင်းသည် တကယ့်မိသားစုကြီး၏ အဓိပ္ပါယ်ကို သိရှိခံစားရလိမ့်မည်ဟုမျော်လင့်ကြောင်း ကျောင်းထိုင်ဘုန်​းတော်ကြီး Bryan မှ ပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်​နုတ်​​ဖော်​ပြပါသည်။

Add new comment

7 + 13 =