Covid-19 Stay Home ကာလအတွင်း ဘာသာကြီးလေးဘာသာမှ အခက်ခဲရှိသော မိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း ။

Covid-19 Stay Home ကာလအတွင်း ဘာသာကြီးလေးဘာသာမှ အခက်ခဲရှိသော မိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း ။

Covid-19 Stay Home ကာလအတွင်း ဘာသာကြီးလေးဘာသာမှ အခက်ခဲရှိသော မိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း ။

 

ကိုဗစ်၁၉ ဒုတိလှိုင်း ဖြစ်ပေါ်လျက်ရှိနေသော စက်တင်ဘာလနှင့် အောက်တို ဘာလ များက  မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘာသာကြီး လေးဘာသာမှ အခက်အခဲရှိသော အိမ်ထောင်စု (၁၂၀၀) စု အား  ( ဆန်တစ်အိတ် ၊ ဆီ ဆယ်ပိဿ ၊ ပဲနီလေး တစ်ပိဿ ၊ ကုလားပဲ တစ်ပိဿ ၊ ခေါက်ဆွဲခြောက် နှစ်ဖာ ၊ လက်သန့်စင်ဆေးရည် ၊ အဝတ် Mask နှင့် တစ်ခါ သုံး Mask (5) ဗူး ဆီ ) တို့အား  ပေးဝေ လှူဒါန်းခဲ့တယ်လို့သိရှိရပါသည် ။

ကိုဗစ်ကာလအတွင်း  ဝင်ငွေမရှိသောမိသားစုများ ၊  ဖျားနာနေသောသူများ ၊ မှီခိုစားသုံးနေရသူများ ၊ မိဘမဲ့ကျောင်းမှာ ၊ သူဖုန်းစားများ ၊ ချို့တဲ့သော သီလရှင်ကျောင်းများ ၊ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ ၊  စတဲ့ နေရာများသို့ လူမျိုး ဘာသာ မခွဲခြားဘဲ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိ ရပါသည် ။

ယခု လို လှူဒါန်းခြင်းသည် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းမှ ယခုကပ်ရောဂါကာလအတွင်း စားဝတ် နေရေး အခက်အခဲရှိနေသော မိသားစုများကို ကူညီပေးနိုင်ရန် အတွက် အလှူ ရှင်များကို တောင်းဆိုခဲ့ရာမှ အမည်မဖော် လိုသည့် အလှူရှင်နှစ်ဦးမှ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းနိုင်ရန် ဆရာတော်ကြီးမှ တစ်ဆင့် လှူဒါန်းပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရှိရပါသည်။

ဆရာတော်ကြီးသည် ထိုကဲ့သို့ လှူဒါန်းခြင်းကို ဦးဆောင်ပြုလုပ်နိုင်ရန်အတွက် Fr. Dominic Jo Du နှင့် Fr. Augustine Win Myint တို့ ဦးဆောင်သည့် Covid 19 Respond အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေခဲ့ပြီး လှူဒါန်းခြင်း အစီအစဉ် များကို လုပ်ဆောင်နေခြင်းဖြစ်ပါသည် ။

ထို့သို့ လုပ်ဆောင်နေခြင်းသည် စက်တင်ဘာလနှင့် အောက်တိုဘာလ နှစ်လ အတွင်း အိမ်ထောင်စုပေါင်း (၁၂၀၀) စု အား လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည် ။ ဆက်လက်၍လည်း အိမ်ထောင်စု ပေါင်း (၁၁၀၀) ဦးအား ဆက်လက် ပံ့ပိုး လှူဒါန်းရန်အတွက် အစီအစဉ်ရှိသည်ဟုလည်း ၎င်းအဖွဲ့တွင်း ဦးဆောင် လုပ်ဆောင်နေသည့် Rev. Fr. Augustine Win Myint ထံမှ သိရှိရပါသည် ။

News by - Pinky

 

Add new comment

15 + 2 =