COVID-19 Coordination Team ၏ လတ်တလော လုပ်ဆောင်ခြင်း အနေဖြင့် သာသနာအတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့ရေး ပစ္စည်းများ ဝေငှပေးခဲ့ခြင်း။

COVID-19 Coordination Team ၏ လတ်တလော လုပ်ဆောင်ခြင်း အနေဖြင့် သာသနာအတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့ရေး ပစ္စည်းများ ဝေငှပေးခဲ့ခြင်း။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ COVID-19 Coordination Team ၏ လတ်တလော လုပ်ဆောင်ခြင်း အနေဖြင့် သာသနာအတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့ရေး ပစ္စည်းများ ဝေငှပေးခဲ့ခြင်း။

(12.4.2020)

COVUD-19 ကပ်‌ရောဂါ ကာလအတွင်း သာသနာအတွင်းရှိ ကျေးရွာများကို ကူညီထောက်ပံ့နိုင်ရန်အတွက် အကောင်အထည် ဖော်ဆောင်ရေးတာဝန်ခံ Fr.Nay Kyaw Lwin မှ ဉီးဆောင်၍ KMSS- MDY မှ ပါဝင်အားဖြည့်ကာ ထောက်ပံ့ရေး ပစ္စည်းများပေးအပ်လျှက် ရှိနေပါသည်။

ဤသို့ပေးဝေမှုကို သန့်ရှင်းသော ရက်သတ္တပတ် စနေနေ့ကြီးမှ စတင်၍ လုပ်ဆောင်ခဲ့ပြီး ကျေးရွာများ၊သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာများနှင့်  မြို့ပေါ်ရှိ သာသနာ့ အုပ်စုများကို စတင်ပံ့ပိုးခဲ့ပါသည်။

ပုံမှန်အားဖြင့် လက်သန့်စင်ဆေးရည် တစ်ဂါလံ ၊ ပိုးသတ်ဆေးပေါင်ဒါ ဆိုဒီယမ်ဟိုပို ကလိုရိုက် (၈ ကီလိုဂရမ်) ၊ ရွာကြီးများအတွက် ကာကွယ်ရေး Mask အခု (၃၀၀) ၊ ရွာငယ်လေးများအတွက် ကာကွယ်ရေး Mask အခု (၂၅၀) ၊ အသိပညာပေးရေး ဗီနိုင်း (၂ပေ ၃သုံးပေ ဆိုဒ် ၁၀ ခုနှင့် ) ဆိုဒ်ကြီး (၅ပေ ၃ပေ ) ဆိုဒ် ၂ ချပ်ဆီ ကို ပံ့ပိုးပေးလျှက်ရှိပါသည်။

ရှေ့လုပ်ငန်းစဉ် ပံ့းပိုးမှုများ အနေဖြင့် လက်ဆေးကန်များပြုလုပ်ပေးခြင်း ၊ သီးသန့်စောင့်ရှောက်မှုပေးရန် စောင့်ကြည်လူနာ အယောက် (၄၀) ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါသည်။ အဓိက နေရာ နှစ်ခုမှာ မန္တလေးမြို့ (၃၅လမ်း -၉၆လမ်းထောင့်ရှိ ) စိန်သောမတ်စ် အကြိုရဟန်းဖြစ်သင်တက္ကသိုလ် နှင့် ချမ်းသာကုန် (အမေ့အိမ်) မယ့်တော်အား ကိုးစားခိုလှုံရာစင်တာ ၊ စသည့်နေရာများတွင် နိုင်ငံတော်၏ ကျန်းမာရေး ဌာန နှင့် ချိတ်ဆက်ပြီး မန္တလေးသာသနာ ကျန်းမာရေး ကော်မရှင်မှ ဉီးစီး၍ တာဝန်ယူ လုပ်ဆောင်ပေးသွားမှာြဖစ်ပါသည်။

ဆက်လက်၍လည်း မန္တလေးသာသနာအတွင်းရှိ သာသနာအုပ်စုအသီးသီးသို့ အပူတိုင်းကိရိယာနှင့် PPE ဝတ်စုံများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း KMSS-MDY မှ  ကိုရေမွန်မင်းဟန်ကပြောပြခဲ့ပါသည်။

Add new comment

12 + 3 =