COVID 19 ကြောင့် အိုင်ယာလန် ဆရာတော်ကြီးများအဖွဲ့ချုပ် ကြေငြာချက် ထုတ်ပြန်

COVID 19 ကြောင့် အိုင်ယာလန် ဆရာတော်ကြီးများအဖွဲ့ချုပ် ကြေငြာချက် ထုတ်ပြန်

COVID 19 ကြောင့် အိုင်ယာလန် ဆရာတော်ကြီးများအဖွဲ့ချုပ် ကြေငြာချက် ထုတ်ပြန်

အိုင်ယာလန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးထိသူများရှိလာပြီ ဖြစ်သည့်အတွက် အိုင်ယာလန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ရက်ရောတဲ့စိတ်ရှိရန်နဲ့ သတ္တိရှိကြရန် ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။
လူစုအဖွဲ့ အယောက် ၁၀၀ ကျော်ရင် အ စုအဖွဲ့မပြုရတော့ခြင်းနှင့် ကျောင်းများပိတ်လိုက်သည့် အစိုးရ၏ ကြေငြာ ချက် အပြီး ကြာဿပတေးမှာ ဆရာတော်ကြီး အဖွဲ့ချုပ်ရဲ့ ကြေငြာချက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တာ၀န်ယူအသိစိတ်ဓာတ်နဲ့ အများအတွက် အကျိုးပြုစေမဲ့ အရာများသတ္တိရှိရှိ နှလုံးသားမှရက်ရောစွာ ပြုလုပ်ကြရန်နှင့် ဘုရားသားသမီးဖြစ်တဲ့အတွက် တွေးပူစိုးရိမ်ခြင်းတအား ကြောက်ခြင်းမျိုးတွေ မဖြစ်ကြဘို့ လိုကြောင်း ဒီအချိန်မှာ မကျန်းမာသူတွေ သက်ကြီးရွယ်အိုများနဲ့ ဆေးကုသခံယူနေရသူအားလုံးတို့ကို သတိပြု စောင့်ရှောက်ကြရမဲ့အချိန်ဖြစ်ကြောင်း
ကက်သလစ်ဆရာတော်ကြီးများရဲ့ထုတ်ပြန်ချက်သည် အိုင်ယာလန် မြောက်ပိုင်းနှင့်တောင်ပိုင်း အတွက် ကျန်းမာရေးအဖွံ့၏ အထူးထုတ်ပြန်ချက် အပြီးထုတ်ဝေခြင်းဖြစ်ကြောင်းနှင့် ညွှန်ကြားချက်များစွာပါ၀င်သည်ဟုဆိုပါသည်။
ဘာသာ၀င်များ အွန်လိုင်း မစ္ဆားတရားတက်ရောက်ခြင်း အတွက်ကိုတော့ ကျောင်းထိုင်ဘုန်းတော်ကြီးများက နှိုးဆော်ပေးကြဘို့ ညွှန်ကြားချက်တွင် တိုက်တွန်း ထားပါသည်။
ယခုကဲ့သို့သော် ညွှန်ကြားချက်များသည် အားလုံး အတွက် ကသိက အောက်ဖြစ်မည်ကို သိသော်လည်း ဗိုင်းရပ်စ်ပိုး မပျံ့နှံ့ရန် အတွက် ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်း
အန္တရာယ်ကြားမှာ မိမိအသက်ကို ပဓာန မထားပဲ အရဲစွန့်ကြိုးပမ်းကြသူများ အထူးသဖြင့် ဆရာ၀န်များ သူနာပြုများ သမားတော်များ ဆေးပညာရှင်များ ရဟန်းတော်များအတွက် ဆုတောင်းပေးနေကြောင်းဖြင့် အိုင်ယာလန် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ၄င်းတို့ရဲ့ ညွှန်ကြားချက်ကို အဆုံးသတ်ထားတာပါ။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/2U7CX8B

 

Add new comment

1 + 1 =