COVID – 19 ကပ်ရောဂါြဖစ်ပွားမှု ကာလအတွင်း အခြေအနေအရပ်ရပ်ကို လုပ်ဆောင်ကိုင်တွယ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုကို မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်း ဖွဲ့စည်းခဲ့ခြင်း။

COVID – 19 ကပ်ရောဂါြဖစ်ပွားမှု ကာလအတွင်း အခြေအနေအရပ်ရပ်ကို လုပ်ဆောင်ကိုင်တွယ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုကို မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်း ဖွဲ့စည်းခဲ့ခြင်း။

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM ၏ လမ်းညွှန်ချက်အရ COVID – 19 ကပ်ရောဂါြဖစ်ပွားမှု ကာလအတွင်း အခြေအနေအရပ်ရပ်ကို လုပ်ဆောင်ကိုင်တွယ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုကို မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်း ဖွဲ့စည်းခဲ့ခြင်း။
(၆.၄.၂၀၂၀)
မြန်မာပြည်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုဉီးတင်ဝင်း၏ ဉီးဆောင်မှုဖြင့် COVID-19 ရောဂါ ကပ်ဘေးအတွင်း အခြေအနေအရပ်ရပ်ကို တုန့်ပြန်ဖြေရှင်းနိုင်ရန် အဖွဲ့အစည်းတစ်ခုကို ဧပြီလ (၆) ရက်နေ့ နံနက်ပိုင်းက ဖွဲ့စည်း ခဲ့ကြပါသည်။
၎င်းအဖွဲ့အစည်းအား မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီးကျောင်းဝင်းအတွင်းရှိ ရုံးအသီးသီးမှ ဘုန်းတော်ကြီးများ ၊ သီလရှင်များ ၊ ဝန်ထမ်းများနှင့် ကျန်းမာရေး ကော်မရှင်မှ စေတနာ့ဝန်ထမ်းများ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ဤအဖွဲ့အစည်းသည် မန္တလေး ကက်သလစ် သာသနာအတွင်း COVID-19 ကပ်ရောဂါကာလအတွင်း ဖြစ်ပွားလျှက်ရှိသော အခြေအနေများကို ဖြေရှင်းပေးကြမည်ဖြစ်ပါသည်။ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ ပညာပေးခြင်းများနှင့် ကာကွယ်ရေးအတွက် လိုအပ်သော အရာများကို မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်း လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

No photo description available.

Add new comment

9 + 6 =