Costa Rica ဆရာတေော်ကြီးမှ မာသာရ်ထရေဇား သီလရှင်များအား ကြိုဆို

Costa Rica ဆရာတေော်ကြီးမှ မာသာရ်ထရေဇား သီလရှင်များအား ကြိုဆိုBishop Eugenio Salazar Mora kneels before the superior of the Missionaries of Charity expelled from Nicaragua on July 6. (photo: Credit: Facebook / Video capture / via CNA)

Costa Rica ဆရာတေော်ကြီးမှ မာသာရ်ထရေဇား သီလရှင်များအား ကြိုဆို

Nicaragua နိုင်ငံမှ နှင်ထုတ်ခံရသည့် မာသာထရီဇား သီလှရှင်အသင်းဂိုဏ်း(Missionaries of Charity) မှ သီလှရှင်များကို Costa Rica ဆရာတော်ကြီးမှ နွေးထွေးစွာလက်ခံကြိုဆို ခဲ့သည်။

Costa Rica နိုင်ငံ Tilarán-Liberia မှ ဆရာတော်ကြီး Eugenio Salazar Mora သည် Nicaragua သမ္မတ Daniel Ortega ​၏ အစိုးရအဖွဲ့မှ နှင်ထုတ်လိုက်သည့် မာသာထရီဇား အသင်းဂိုဏ် ​၏ အကြီးကဲကို ဇူလိုင် ၆ ရက်နေ့က ကြိုဆိုရာတွင် ဒူးထောက်၍ လေးစားစွာနှုတ်ဆက်ကြိုဆိုခဲ့သည်။

ယခုအခါ ကာလကတ္တား မှမာသာထရီဇား အသင်းဂိုဏ်းဝင် သီလရှင်များကို Costa Rica နိုင်ငံ Cañas မြို့ရှိ သာသနာအုပ်စုတခု တွင် ကြိုဆို လက်ခံထားသည်။ ​Facebook လူမှု့ကွန်ယက်ပေါ်ရှိ video တွင် ဆရာတော်ကြီးမှ သူ​၏ လက်စွပ်ကိုနမ်းလျက် နှုတ်ဆက် နေသည့် သီလရှင်တပါးချင်းကို ပြန်၍နှုတ်ဆက် နေခဲ့သည်ကိုတွေ့ရသည်။

အသင်းဂိုဏ်း​၏ အကြီးအကဲ sister Salazar အလှည့်တွင်မူ ဆရာတော်ကြီးမှ ဒူးထောက်ပြီး sister ​၏လက်ကို နမ်း၍နှုတ်ဆက်ခဲ့သည်။ ဤကဲ့သို့သော အမူအရာ သည် သူမ၏ စွန့်ပစ်ခံရခြင်းနှင့် မိမိ​၏ သာသနာအုပ်စုအတွက် အစေခံပေးခြင်းတို့ အတွက်ပင် ဖြစ်သည်ဟု Tilarán-Liberia သာသနာ အုပ်စုမှ ရှင်းပြခဲ့သည်။

" သင်တို့ကိုလက်ခံခြင်းသည် ယေဇူးသခင်ကို လက်ခံရရှိခြင်းပင်"


သူတို့တွင် နိုင်ငံသားအမျိူးစုံပါဝင်နေပြီး အချို့မှာမူ အသက်ကြီးရင့်သူများဖြစ်ကြသဖြင့် သူတို့​၏ တကိုယ်ရည်လုံခြုံမှု့ အတွက် ကြောက်ရွံ့ခဲ့ရပြီးခက်ခဲသော အချိန်များစွာကို ရင်ဆိုင်ခဲ့ကြရသည်၊ Costa Rica နိုင်ငံပိုင်နက် ထဲသို့ ဆိုက် ရောက်လာခဲ့သည့် အချိန်ထိတိုင် စိုးရိမ်ပူပန်

ခဲ့ရပါကြောင်း ဆရာတော်ကြီးက ဆက်လက် ရှင်းပြခဲ့သည်။

သူတို့ကိုယ်တိုင်အနေနှင့်မူ ဖြစ်နိုင်လျှင် Nicaragua နိုင်ငံကို ချစ်ကြပြီး ထိုနိုင်ငံတွင်သာ

နေထိုင်လိုကြပြီး အထူးသဖြင့် အကူအညီလိုအပ်နေကြသည့် Nicaragua နိုင်ငံသားများနှင့်သာ အတူနေလိုကြောင်း ဆရာတော်မှ မှတ်ချက်ပြုသည်။

ဆရာတော်မှ အလေးအနက်ပြောကြားသည်မှာ " သူတို့အပိုင်းမှ မည်သည့် မှားယွင်းမှု့ကိုမျှ မတွေ့ရကြောင်း၊သူတို့သည် အမျိုးသမီးများသာလျှင် ဖြစ်ကြပြီး ခရစ်တော်သခင်​၏ အိမ်ထောင်ဖက် သာမက အခြားသူများမလုပ်ဆောင်နိုင်သည့်အရာများကို လုပ်ဆောင်ရန်နှင့် ဆင်းရဲသားများကို အစေခံရန် ပေးဆပ်ထားကြသည့် သူတော်စင်အသင်းဂိုဏ်းဝင်များသာဖြစ်ကြောင်း" ပင် ဖြစ်သည်။

သို့သော် ဤအရာသည်ပင်လျှင် ခရစ်ယာန်ဘဝအသက်တာဖြစ်ပြီး ဓမ္မအာဇာနည်များလျှောက် လှမ်းခဲ့သည် ဝိဉာဏ်ရေးရာအသက်တာလည်း ဖြစ်သည်။ ခရစ်တော်သခင်​၏ အသင်းတော်သည် နှိပ်စက်ညှင်းဆဲ ခံ အသင်းတော်ပင် ဖြစ်သည်။ဤသို့မဟုတ်ပါက ခရစ်တော်

ပိုင်ဆိုင်သည့် အသင်းတော်မဟုတ်ပေဟု Salazar က မြွက်ကြားခဲ့သည်။

St.Thresa of Calcutta ကို အတုယူလျက် သူတို့သည် တခုတည်းသော ဦးစားပေးအရာကို ရှာဖွေခဲ့ကြပြီး ထိုအရာသည်ကား ဆင်းရဲသားများ အထူးသဖြင့်လိုအပ်နေသူများကို ချစ်ရန်နှင့် အစေခံရန်ပင်ဖြစ်သည်။

Nicaragua နိုင်ငံအတွက်ဆုတောင်းပေးကြပါရန် တောင်းခံရင်း " သင်တို့ကို လက်ခံရရှိခြင်း

သည် ယေဇူးခရစ်တော်ကို ရရှိခြင်းပင် ဖြစ်သည်၊ သင်တို့သည် ရိုးရှင်းစွာရဲရင့် ကြသော အမျိူးသမီးများပင်ဖြစ်ကြသည်။ သင်တို့​၏အစေခံမှု့ အရာ၌လည်း ကျွန်ုပ်တို့ကို ထည့်သွင်းရေတွက်

ပေးပါ " ဟု ဆရာတော်က အလေးပေးပြောကြားခဲ့သည်။

အာဏာရှင် Ortega အာဏာယူထားသည်မှာ ၁၅ နှစ်ကြာပြီဖြစ်သည်။ ဇူလိုင်၆ ရက်နေ့တွင်မူ နိုင်ငံတွင်းမှ ဂရုဏာရေး သာသနာပြု ၁၈ ဦး ကို အမေရိကန်အလယ်ပိုင်း နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

EFE သတင်းအေဂျင်စီ​၏ အဆိုအရ မာသာထရီဇားအသင်းဂိုဏ်းအပါဝင် အခြား NGO ၁၀၀ ကျော် ဖျက်သိမ်းခြင်းကို "လတ်တလောအရေးပေါ် အခြေအနေ နှင့် မည်သည့်ငြင်းခုံမှု့မှ မရှိဘဲ " နိုင်ငံတော်အမျိူးသားပေါင်းစုမှု့အဖွဲ့ မှ ဇွန်လ ၂၉ ရက်တွင် ခွင့်ပြု ခဲ့သည်ဟုဆိုသည်။

Nicaragua နိုင်ငံ​၏ ဥပဒေပြုရေးကဏ္ဍဖြစ်သည့် အမျိူးသားစုပေါင်းအဖွဲ့ကို Ortega ဦးဆောင်သည့် Sandinista အမျိူးသားလွတ်မြောက်ရေး တပ်ဦးမှ ထိန်းချုပ်ထားသည်။

နှင်ထုတ်ခံခဲ့ရသည့် သီလရှင် ၁၈ ပါးတွင် - အိန္ဒိယလူမျိူး ၇ ပါး , မက်ဆီကန်လူမျိူး ၂ ပါး, ဖိလစ်ပိုင်လူမျိူး၂ ပါး, ဂွါတီမာလာနိုင်ငံသား ၂ ပါး, နီကာယာဂူဝါ နိုင်ငံသား ၂ ပါး, စပိန်လူမျိူး၁ ပါး ,အီကွေဒေါ နိုင်ငံသား ၁ ပါးနှင့် ဗီယက်နန်နိုင်ငံသား၁ ပါးတို့ ပါဝင်သည်။

"နောက်ဆုံးတွင် ချစ်ခြင်းသည်သာလျှင် ကျော်လွှားနိုင်ပြီး အောင်ပွဲဆင်နိုင်ပါလိမ့်မည်၊

နောက်ဆုံးအဆုံးဖြတ် စကားသည် ဘုရားရှင်သာလျှင်ဖြစ်ပြီး လူသားမဟုတ်ပေ၊ ရှေ့သို့ချီပါ Nicaragua နိုင်ငံသားများ! ယေဇူးဘုရင် သက်ရှည်ပါစေ ! " ဟု ဆရာတော် Salazar က

အဆုံးသတ် သတင်းစကား ပေးခဲ့ပါသည်။

ဤအကြောင်းအရာကို CNA ​၏ စပိန်ဘာသာစကား သတင်းမိတ်ဖက် ဖြစ်သည့် ACI Prensa တွင် ဦးစွာ ထုတ်ဝေဖော်ပြခဲ့ပြီး CNA မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3o5kQiV

 

 

Add new comment

3 + 9 =