Corona virus (covid 19)ကူးစက်ခြင်းမှကာကွယ်ရန် ပြည်တော်ပြန်များနှင့် သံသယလူနာများအား ကူညီစောက်ရှောက်ရေးအတွက် အစည်းအဝေး (အကြို)တစ်ရပ်ကျင်းပခြင်း

Corona virus (covid 19)ကူးစက်ခြင်းမှကာကွယ်ရန် ပြည်တော်ပြန်များနှင့် သံသယလူနာများအား ကူညီစောက်ရှောက်ရေးအတွက် အစည်းအဝေး (အကြို)တစ်ရပ်ကျင်းပခြင်း

Corona virus (covid 19)ကူးစက်ခြင်းမှကာကွယ်ရန် ပြည်တော်ပြန်များနှင့် သံသယလူနာများအား ကူညီစောက်ရှောက်ရေးအတွက် အစည်းအဝေး (အကြို)တစ်ရပ်ကျင်းပခြင်း

"စောင့်ကြည့်နေရာအဆောက်အဦးသတ်မှတ်ရာ၌ စိန်ပေါလ်အခြေခံရဟန်းဖြစ်သင်ကျောင်းအားရွေးခြယ်ခဲ့ပါသည်။"

အဆိုပါအစည်းအဝေးအား ဧပြီလ ၁ရက်၊ ၂၀၂၀ ဗုဒ္ဓဟူးနေ့ နံနက် ၉:၀၀နာရီအချိန်တွင် ပြည်ကကသလစ်ဂိုဏ်းအုပ်သာသနာ စိန်ဖရန်စစ်ဇေးဗီးယားကျောင်းတိုက် ပြည်မြို့တွင် ဆရာတော် Alexander Pyone Cho မှကြီးမှူးကာ ပြုလုပ်ခဲ့ကြပါသည်။ ထိုအစီးအဝေးတွင် အဖဆရာတော်နှင့်အတူ ရဟန်းတော်(၇)ပါး၊ စစ္စတာရ် (၅)ပါးတက်ရောက်ပါဝင်ခဲ့ကြပါသည်။ အစည်းအဝေးအား Fr. John Aung Aung မှအဖွင့်ဆုတောင်းခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆရာတော် Alexander Pyone Cho မှ ကြိုဆိုနှုတ်ဆက်စကားနှင့်အတူ ၃၀.၃. ၂၀၂၀တနလ်ာနေ့တွင် CBCM၌ပြုလုပ်ခဲ့သော အစည်းအဝေး၏ဆုံးဖြတ်ချက်များကို ပြန်လည်ရှင်းလင်းမိန့်ကြားခဲ့ပါသည်။
ထို့နောက် Covid -19 quarantine ကူညီရေးအသင်း ဖွဲ့စည်းခဲ့ကြပါ သည်။ ၎င်း၏ဖွဲ့စည်းပုံများမှာ (က)နာယကများ ၁။ Bishop Alexander Pyone Cho, ၂။ Fr. Saw Robert, ၃။ Sr. Joana (RNDM)တို့ဖြစ်ကြပြီး ရုံးခန်းတည်နေရာကိုမူ ယာယီဖြစ် KMSS Pyay တွင် ထားရန်သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။(ခ) ရုံးအဖွဲ့ဝင်များမှာ (၁) သတင်းရယူရေးနှင့်သတင်းထုတ်ပြန်ရေးတာဝန်ခံများအဖြစ် Fr. Mariano Hla Ko (OSC Pyay) နှင့် ဦးဝင်းမင်းဆက် (KMSS Pyay)တို့အားလည်းကောင်း၊ (၂) ငွေကြေးစီမံခန့်ခွဲရေးတာဝန်ခံများအဖြစ် Fr. Daniel (Procurator)နှင့် Sr. Rita Phyo (RNDM)တို့အားလည်းကောင်း၊ (၃) ဆက်သွယ်ရေးနှင့်ချိတ်ဆက်ပေးရေးတာဝန်ခံများအဖြစ် Fr. Saw Robert(Health commission pyay), Fr. John Aung Aung, Sr. Fartima (SFX), Sr. Joana (RNDM), Sr. Rita Phyo (RNDM) တို့အားလည်းကောင်း၊ (၄)ပစ္စည်းဝယ်ယူခြင်းတာဝန်ခံအဖြစ် Sr. Fartima (SFX)အားလည်းကောင်းအသီးသီးတာဝန်ခွဲဝေပေးခဲ့ပါသည်။ စောင့်ကြည့်နေရာအဆောက်အဦးသတ်မှတ်ရာ၌ စိန်ပေါလ်အခြေခံရဟန်းဖြစ်သင်ကျောင်းအားရွေးခြယ်ခဲ့ကြပြီး အကူဝန်ထမ်းများအဖြစ် Sr. Joana (RNDM)နှင့် ကရုဏာဝန်ထမ်း (၅)ဦးခန့်ဆက်ကပ်ပေးရန်သဘောတူခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် အဖဆရာတော်ဘုရားမှကျေးဇူးတင်စကားမိန့်ကြားပြီးနောက် Fr. John Aung Aung မှ အပိတ်ဆုတောင်းမေတ္တာဦးဆောင်ကာ နေ့လည် ၁၁:၃၀နာရီတွင် အစည်းအဝေးအဆုံးသတ်ခဲ့ကြပါသည်။
Credit: OSC Pyay Diocese

Add new comment

12 + 2 =