Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Colosseum မှာကျင်းပမယ့် ခရစ္စတူးကားတိုင်လှည့်ခြင်းမှာ ယူကရိန်းသူနာပြုဆရာမနဲ့ ရုရှားသူနာပြုဆရာမတို့လည်း ပါဝင်မည်
Colosseum မှာကျင်းပမယ့် ခရစ္စတူးကားတိုင်လှည့်ခြင်းမှာ ယူကရိန်းသူနာပြုဆရာမနဲ့ ရုရှားသူနာပြုဆရာမတို့လည်း ပါဝင်မည်
ယခုနှစ် Colosseum မှာပြုလုပ်ကျင်းပမယ့် ခရစ္စတူးကားတိုင်လှည့်ခြင်းမှာ ရောမမြို့တစ်ဝှမ်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့များက ပြင်ဆင်ထားသော်လည်း ယူကရိန်းစစ်ပွဲရဲ့ အငွေ့အသက်တွေ လက်ရှိ ခံစားနေရဆဲပဲဖြစ်တယ်။
လက်ဝါးကားတိုင်ကို ထမ်းမယ့်သူတွေထဲမှာ သူနာပြု နှစ်ယောက်ဖြစ်ပြီး တစ်ယောက်က ယူကရိန်း သူလေးဖြစ်ပြီး နောက်တစ်ယောက်က ရုရှားကဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ရောမမြို့ရှိ Bio-Medico Campus ဆေးရုံမှာ အလုပ်လုပ်နေသူများဖြစ်ပြီး ယူကရိန်းကို ဝင်ကျူးကျော်ပြီးနောက်မှာတော့ သူတို့ဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသသည့် ဗီဒီယိုဖိုင်ကို စုစည်းဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
ယူကရိန်းသူနာပြုဆရာမက Irina လို့ခေါ်ပါတယ်။ သူမက အီတလီမှာနေထိုင်ပေမဲ့ သူမ၏မွေးရပ် မြေအခြေအနေအတွက် စိုးရိမ်နေပါတယ်။ သူမက “နေ့ရက်တွေအတော်ကြာအောင် ချစ်ရသူတွေရဲ့ အခြေအနေကို စိတ်ပူနေရတယ်။ ကျွန်မအမေက လောလောဆယ် ယူကရိန်းမှာနေတယ်” လို့လည်း ပြောထားပါတယ်။
ရုရှားသူနာပြုဆရာမကတော့ Albina လို့ခေါ်ပြီး သူမက စစ်ပွဲကို စတင်ကတည်းက ဝေဖန်ခဲ့တယ်။ “လက်နက်အင်အားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းဟာကောင်းမွန်တဲ့မူဝါဒမဟုတ်ပါ။ အချစ်ရဲ့ ခွန်အားကသာ အရာအားလုံးကို ကျော်ဖြတ်လိမ့်မယ်။ ကျွန်မက ရုရှားကပါ ဒါပေမဲ့ဒီ စစ်ပွဲကို ဆန့်ကျင်တယ်” လို့ သူမက ဆိုပါတယ်။
စစ်ပွဲသည် သူတို့အား ယခင်ကထက် ပိုမိုနီးကပ်စေခဲ့သည်ဟု ဆိုကြပြီး သောကြာနေ့ကြီးမှာတော့ ၎င်းတို့သည် တစ်ကမ္ဘာလုံး မြင်တွေ့နိုင်စေရန်ရည်ရွယ်ပြီး Colosseum တစ်လျှောက် အတူတကွ လျှောက်သွားကြမည်ဖြစ်သည်။
အာဗီအေဘာသာပြန်- သျှားလွန်းမယ်
Add new comment