'Click To Pray' ဆိုတဲ့ မိုဘိုင်းအက်ပ် ကို  ဗာတီကန်မှ ဗားရှင်း မြှင့်လိုက်ပြီ

'Click To Pray' ဆိုတဲ့ မိုဘိုင်းအက်ပ် ကို  ဗာတီကန်မှ ဗားရှင်း မြှင့်လိုက်ပြီ

'Click To Pray' ဆိုတဲ့ မိုဘိုင်းအက်ပ် ကို  ဗာတီကန်မှ ဗားရှင်း မြှင့်လိုက်ပြီ

ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းမေတ္တာများကို ကမ္ဘာတဝှမ်းဉီးဆောင် ချိပ်ဆက် ပေးနေတဲ့ အဖွဲ့က ဗာတီ ကန် မိုဘိုင်း အက်ပလီကေးရှင်းကို ဗားရှင်း ၂.၀ သို့်မြှင့်တင် ပြီးအင်္ဂါနေ့ က စတင်ဖွင့်လစ်လိုက်ပါတယ်။

၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ ဒီမိုဘိုင်း ဆုတောင်း နည်းလမ်းဟာ  အခုဆိုရင် ဗားရှင်းအသစ်နဲ့ ဆုတောင်း နိုင်ကြတော့မှာပါ။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကြီးခံစားနေရတဲ့ စိန်ခေါ်ချက်တွေနဲ့ အသင်းတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းစဉ် အတွက် ဘယ်နေရာကနေပဲဖြစ်ဖြစ် ပါဝင်ဆုတောင်း နိုင်ကြအောင် စီစဉ်ထား တဲ့ မိုဘိုင်းအက်ပ် လည်းဖြစ်ကြောင်း၊

ဒီမိုဘိုင်း အက်ပ် ကို အန်ဒရွိုက်နဲ့ အိုင်ဖုန်း နှစ်မျိုးစလုံးတို့မှာ ဒေါင်းလို့ဒ် ရယူနိုင်ကြပါတယ်။ ကျင်းပနေတဲ့ ကက်သလစ်ဆရာတော်ကြီးများရဲ့ ညီလာခံ အစီအစဉ်တွေနဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ နေ့စဉ် ဆုတောင်းချက်များ သာသနာလုပ်ငန်းများကို ပံ့ပိုးပေးသွားမယ့် အက်ပ်လေး တခုလည်း ဖြစ်မှာဖြစ်ကြောင်း

“Click to Pray” မိုဘိုင်းအက်ပ် ဟာ ဘုရားသခင်နဲ့ တစ်ဉီးတစ်ယောက်ဆီ အကြားဆက်နွယ်ဆုတောင်းနိုင်ရေးနဲ့ ဒီဂျစ်တယ်နည်းလမ်းနဲ့ ကမ္ဘာတဝှမ်း ကက်သလစ်မိသားစုကြီး အတူတကွ ဆုတောင်းပေါင်းစည်းနိုင်ဘို့ကိုလည်း ရည်ရွယ်တာဖြစ်ပါတယ်။

“Click To Pray” အက်ပ် ကို ဘာသာစကား ၇ မျိုးနဲ့ ရယူအသုံးပြုနိုင်ပြီး အခုအခါမှာတော့ ကမ္ဘာ့တိုက်ကြီး ၅ တိုက်တို့မှ ဒေါင်းလို့ဒ် အသုံးပြုသူပေါင်း ၂.၅ သန်း ရှိပြီဖြစ်ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3lZeNfq

 

Add new comment

6 + 11 =