"Children are hope" ဟူသည့် ပုပ်ဖရန်စစ်၏ ကလေးများအတွက် စာအုပ်သစ်ထွက်ရှိ

"Children are hope" ဟူသည့် ပုပ်ဖရန်စစ်၏ ကလေးများအတွက် စာအုပ်သစ်ထွက်ရှိ

"I Bambini Sono Speranza" သို့မဟုတ် "Children are hope" ကလေးများသည် မျှော်လင့်ချက်ဖြစ်သည် ဟူသည့် စာအုပ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပြုစုရေးသားပြီး ယခုအခါ မှာ စာအုပ်သစ်အဖြစ် ထွက်ရှိလာပြီဖြစ်ကြောင်းကို မနီလာဂိုဏ်းချုပ်ဆရာတော်ကြီး အဖြစ်မှ ရောမမြို့တော်သို့ တာ၀န်သစ် ထမ်းဆောင်ရန် ပြောင်းရွှေ့သွားသည့် ကာဒီနယ် လူးဝှစ်အန်တိုနီယို တာ့ဂလယ်က မိတ်ဆက်ပေးခဲ့ပါသည်။ 

ဝေမျှခြင်း၊ လက်ခံတတ်ခြင်း နှင့် ချစ်ခြင်းမေတ္တာ အကြောင်းများဖြင့် ကလေးများကို ခွန်အားဖြစ်စေမည့် အတိုချုပ်ရေးထားပြီး ကလေးများအတွက် ရည်ရွယ်ထားသည့်စာအုပ်တအုပ်ဖြစ်ကြောင်း

စာအုပ်သစ်မိတ်ဆက်ပွဲကို ဗာတီကန်အတွင်းရှိ Bambino Gesu ကလေးဆေးရုံတွင် ဆေးရုံဒါရိုက်တာ Mariella Enoch နှင့် ဧဝံဂေလိ သတင်းကောင်းပျံ့ပွားရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော် တာ၀န်ခံ ကာဒီနယ်တာ့ဂလယ် တို့မျက်မှောက်တွင်ပြုလုပ်ခဲ့ပါသည်။ 

စာအုပ်မိတ်ဆက်ပွဲတွင် ကာဒီနယ်က ကလေးများမရှိတဲ့နေရာဟာ အနာဂတ်မရှိနိုင်ပါဟုဆိုပါသည်။ 

စာအုပ်၏ ပထမစာမျက်နှာတွင် ပုပ်ဖရန်စစ်က သားတို့သမီးတို့လို ကလေးငယ်တွေ ကို ပါပါးမြင်ရတဲ့အခါ မျှော်လင့်ချက်တွေကို ပါပါးနှလုံးသားထဲက အထူးခံစားမိတယ်လို့ ဆိုထားကြောင်း

ဒီစာအုပ်လေးဟာ နေခြင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်ဘို့အတွက် ကမ္ဘာတဝှမ်းကို မင်္ဂလာသတင်းပေးမှာဖြစ်ပြီး Salani Editore သတင်းတိုက်က အထူးပြုစုထားတဲ့ စာအုပ်သေးလေး တအုပ်ဖြစ်ပါသည်။

 

ဗာတီကန်သတင်း

By Sr Lucia Thandar Aung,SJA

News Source: Vatican News

https://www.vaticannews.va/en/pope/news/2020-02/pope-francis-book-children-are-hope-tagle.html

Add new comment

18 + 0 =