CDMတွင်ပါဝင်သော မီးရထားဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းများမှ ပြောင်းရွေ့ရာတွင် မန္တလေးကက်သလစ် ခရစ်ယာန်လူငယ်များမှ ကား နှင့် လုပ်အား ဒါန ပါဝင်ကူညီ

CDMတွင်ပါဝင်သော မီးရထားဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းများမှ ပြောင်းရွေ့ရာတွင် မန္တလေးကက်သလစ် ခရစ်ယာန်လူငယ်များမှ ကား နှင့် လုပ်အား ဒါန ပါဝင်ကူညီ

CDMတွင်ပါဝင်သော မီးရထားဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းများမှ ပြောင်းရွေ့ရာတွင် မန္တလေးကက်သလစ် ခရစ်ယာန်လူငယ်များမှ ကား နှင့် လုပ်အား ဒါန

ပါဝင်ကူညီ

(၂၃.၃.၂၀၂၁)

မန္တလေးမြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းများသည် CDM တွင် ဆက်လက်ပါဝင်သောကြောင့် ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ရှားပေးခဲ့ကြရာ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ လူငယ်မောင်မယ်များသည် မတ်လ(၂၁) ရက်နေ့ နှင့် (၂၂) ရက်နေ့များက အိမ်ပြောင်းရွှေ့ကြသော မီးရထားဝန်ထမ်းများအား လုပ်အားဒါနဖြင့်ပါဝင်ကူညီပေးခဲ့ကြပါသည်။

CDM ဝန်းထမ်းများအိမ်ပြောင်းရွေ့ရာ၌ လုပ်အားဒါနဖြင့် ပါဝင်ကူညီပေးခဲ့သော လူငယ်တစ်ဦးက ‘’ အစိုးရ ဝန်ထမ်းတွေဟာ CDM လုပ်ခြင်းအားဖြင့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ပြန်လည်ရရှိမယ်လို့ ယုံကြည်တဲ့အတွက် သူတို့တွေဟာ CDM မှာ ရဲရဲဝံ့ဝံ့နဲ့ပါဝင်ခဲ့ကြတာကိုတွေ့ရတယ် ။ အခုတစ်ခါ စစ်ကောင်စီက CDM မှာ ပါဝင်တဲ့သူတွေကို ဖိအားပေးပြီး CDM မှာ ဆက်ပါဝင်ရင် ဝန်ထမ်းလိုင်းခန်းကနေ ပြောင်းရွေ့ပေးရမယ်ဆိုပြီး ထပ်ပြီး အကြပ်ကိုင်တယ် ။ ဒီလို ဖိအားပေးတဲ့အပေါ်မှာ ဝန်ထမ်းတွေက သူတို့ခံယူချက်အတိုင်း အဆုံးထိ ခံယူချက်မပြောင်းပဲ CDM ဆက်လုပ်ပြီး ဝန်ထမ်းလိုင်းခန်းတွေက နေ ဖယ်ပေးကြတာကို တွေ့ရတဲ့အခါ သူတို့တွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို လေးစား ဂုဏ်ယူတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးခဲ့ခြင်းဖြစ်တယ်လို့ လုပ်အားဒါနတွင် ပါဝင်ခဲ့သူ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။

လူငယ်တစ်ဦးမှလည်း ‘’ တိုင်းပြည်အတွက် ၊ အများအတွက် သူတို့ရဲ့ အလုပ်အကိုင် ရာထူးတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်အနစ်နာ ခံပေးဆပ်ခဲ့ကြတဲ့ မြန်မာ့မီးရထား ဝန်ထမ်းတွေကို ဂုဏ်ယူလေးစားလို့ ‘’ လာရောက်ကူညီပေးတာပါ ဟု ပြောပြခဲ့ပါသည်။

မန္တလေးမြို့မှ မြန်မာ့မီးရထားဝန်ထမ်းများအား CDM တွင် ဆက်လက်ပါဝင်မည်ဆိုပါက ဝန်ထမ်းလိုင်းခန်းမှ မတ်လ (၂၅) ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက အင်အားသုံးရှင်းလင်းမည်ဟု စစ်ကောင်စီမှ ကြေညာချက်ထုတ်ပြန်ခဲ့သောကြောင့် ၇၇ လမ်း ၂၈ လမ်းနှင့် လမ်း ၃၀ ကြားရှိ မီးရထား တိုက်တန်းတွင် နေထိုင်သော ဝန်ထမ်းမိသားစုများသည် မတ်လ(၂၁) ရက်နေ့မှစတင်ကာ ပြောင်းရွှေ့ပေး ခဲ့ကြခြင်းဖြစ်သည်။

Photos News by – Pinky

#rvamyanmar #rvapastoralcare #SaveMyanmar #CDMHero #Volunteer #မြန်မာ့မီးရထား

Add new comment

10 + 2 =