Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Carlo Acutis အားသူတော်မြတ်ဖြစ်လာစေသောတန်ခိုးလက္ခဏာ (သို့) မွေးရာပါ ‘ပန်ခရစ်ယာစ်’ (အစာခြေစနစ်) မကောင်းသောသူအားပျောက်ကင်းစေခဲ့သူ
Carlo Acutis အားသူတော်မြတ်ဖြစ်လာစေသောတန်ခိုးလက္ခဏာ (သို့) မွေးရာပါ ‘ပန်ခရစ်ယာစ်’ (အစာခြေစနစ်) မကောင်းသောသူအားပျောက်ကင်းစေခဲ့သူ
Carlo Acutis ၏သူတော်မြတ်တင်မြောက်သည့်မစ္ဆားတရားကား အောက်တိုဘာလ (၁၀) ရက်နေ့အီတလီနိုင်ငံ၏ စံတော်ချိန်မွန်းလွှဲပိုင်းတွင်ကျင်းပတင်မြောက်ခဲ့ပြီးဖြစ်ပါသည်။ Carlo Acutis ၏ဘ၀ကောက်ကြောင်းများကိုလည်းလူမူ ကွန်ရက်များ၌လက်လှမ်းမှီသလောက်ေ၀ေ၀ဆာဆာတင်ပြပေးခဲ့ကြသောကြောင့်သိသင့်သလောက်သိကြပြီးဖြစ်သည်။ ထို့အတူသူ၏သူ တော်မြတ်တင်မြောက်မည့်ပုံရိပ်များကိုလည်းမိမိတို့လူမူကွန်ရက်၏အဓိကစာမျက်နှာများတွင်ဖော်ပြခဲ့ကြ၊ ဆက်လက်ဖော်ပြနေကြသူများလည်းရှိနေကြပါသည်။ သို့သော်သူ့အားသူတော်မြတ်တစ်ဦးဖြစ်လာ စေခဲ့သည့်အခြေအနေ တစ်ခုရှိရပါ သည်။ ထိုအခြေအနေကိုတန်ခိုးအာနုဘော်ဟုခေါ်သည်။ ထိုတန်ခိုးအာနုဘော်ကိုယခုတင်ပြလိုပါသည်။
Carlo Acutis ၏ကြား၀င်ဆုတောင်းခြင်းကိုခံရ၍ပြန်လည်ကျန်းမာလာသူလေးကား မက်သရူးစ် ဟုခေါ်သည်။ သူသည်ဘရာဇီးနိုင်ငံသားဖြစ်ပြီး၊ မွေးရာပါ ‘ပန်ခရစ်ယာစ်’ (အစာခြေစနစ်) မကောင်းသောေ၀ဒနာကိုခံစားနေခဲ့ရသူဖြစ် သည်။ ထို့ကြောင့်သူတို့သားအမိသည် Carlo Acutis ၏သူတော်မြတ်တင်မြောက်နိုင်ရန်ကြား၀င်ဆုတောင်းပေးခြင်းကိုရ ယူရန်ဆုတောင်းခဲ့ကြသည်။ မယ်သရူးစ်အား (၂၀၀၉) ခုနှစ်၌အလွန်ခက်ခဲစွာမွေးဖွားခဲ့ရသည်။ ထိုရောဂါကြောင့်ပင်အ စားအစာများစားသောက်ရန်အလွန်ခက်ခက်ခဲခဲစားခဲ့ရသည်။ ကြိုးစား၍စားလိုက်သောအခါ၌လည်းဗိုက်နာကျင်ပြန်သည်။ ထို့ကြောင့်သူ၏အစာအိမ်သည်အစာများကိုလက်မခံပေ။ ပြန်အန်ထုတ်လေ့ရှိသည်။
ကောင်လေးသည်အသက် (၄) နှစ်ခန့်ပြည့်သည်အထိကိုယ်အလေးချိန်ပေါင် (၂၀) သာရှိသည်။ သူ၏အစာအိမ်က လက်ခံသောဗီတာမင်နှင့်ပရိုတင်းများကိုသာမှီ၀◌ဲပြီးအသက်ဆက်နေခဲ့ရသည်။ အသက်ရှည်နိုင်သောမျှော်လင့်ချက်အ လွန်နည်းခဲ့သည်။ မိခင်ဖြစ်သူ Luciana Vianna ကသားဖြစ်သူ၏ကျန်းမာခြင်းပြန်လည်ရရှိလာစေရန်အနှစ်နှစ်အလလဆု တောင်းခဲ့သည်။ ထို့အတူမိသားစုနှင့်ရင်းနှီးသောဘုန်းတော်ကြီး Fr. Marcelo Tenorio ကလည်း Carlo Acutis ၏ကြား၀င်ဆု တောင်းခြင်းကိုတောင်းခံရန်အားပေးတိုက်တွန်းလာသည်။
ဘုန်းတော်ကြီး (၂၀၁၃) ခုနှစ်က Carlo Acutis ၏မိခင်ထံမှလက် ခံရရှိခဲ့သောဓာတ်တော်တစ်ခုကိုသူ၏ဘာသာ တူများနှင့်အတူရဟန္တာတင်မြောက်နိုင်ရန်မိမိတို့ခံစားနေရသောမည်သည့် ရောဂါမဆိုပျောက်ကင်းရန် Carlo Acutis ၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံရန်မစ္ဆားပူဇော်ပြီး၊ ဆုတောင်းခြင်းအ စီအစဉ်ကျင်းပပြီးနှိုးဆော်ပေးသည်။ (မှတ် ချက်။ ။ထိုအချိန်က Carlo Acutis သည်ရဟန္တာတင်မြောက်ခံရန်လို အပ်သောအ ဆင့်သုံးဆင့်အနက် ‘ဘုရား၏ အစေခံ’ အဖြစ်သတ်မှတ်ခံထားရပြီဖြစ်သည်။) ထို့ကြောင့်မယ်သယူးစ်၏မိခင်သည်လည်း သူ့သားအတွက်ဆုတောင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့များမတိုင်မီကပင်မိခင်ဖြစ်သူသည် Carlo Acutis ၏ထပ်ဆင့်ဆု တောင်းပေးခြင်းကိုတောင်းခံရန်နိုေ၀းနာစကိုးနေပြီဖြစ်သည်။ ဤသို့ပြုလုပ်နေကြောင်းကိုသားဖြစ် သူအားလည်းရှင်း ပြပြီး၊ ဆုတောင်းရန်သင်ကြားပေးခဲ့သည်။
Carlo Acutis သူတော်မြတ်တင်မြောက်နိုင်ရေး ဆုတောင်းခြင်းအစီအစဉ်ကိုစတင်ပြုလုပ်သောနေ့၌ မိခင်ဖြစ်သူ သည်သူ၏သား၊ အခြားသူများနှင့်ကျောင်းထိုင်သီတင်းသုံးသောဘုရားကျောင်းသို့သွားကြသည်။ ထိုအချိန်၌ကျောင်းထိုင် ဘုန်းတော်ကြီးကအီတလီသတင်းဌာနတစ်ခုအား Carlo Acutis ၏ကြား၀င်ဆုတောင်းခြင်းဖြင့်ခံစားခဲ့ရသောတန်ခိုးအာနု ဘော်အကြောင်းရှင်းပြနေသည်။ ဤအဖြစ်အပျက်သည် (၂၀၁၃၊ အောက်တိုဘာလ၊ ၁၂) ရက်နေ့၊ Carlo Acutis ဆုံးပြီး နောက် (၇) နှစ်မြောက်၌သူ၏ထပ်ဆင့်ဆုတောင်းခြင်းကိုတောင်းခံပြီး၍ ပုံတော်ကိုအရိုအသေပေးကြ၏။ ထိုသို့အရိုသေ ပေးရာတွင် အစာခြေအဂ်ါရောဂါခံစားနေရသောကောင်းလေးတစ်ဦး၏အလှည့်သို့ရောက်သောအခါ ထိုကောင်လေးက မည် သည့်အစာစားသည်ဖြစ်စေပြန်လည်အန်ထုတ်နေကြောင်း၊ ထို့ကြောင့်ကျန်းမာခြင်းကောင်းကြီးတောင်းခံပေးပါရန်ဆန္ဒပြု ၍အရိုအသေပေးလိုက်၏။ ထိုအချိန်မှစ၍အံ့ဩဖွယ်ရာသက်သာပျောက်ကင်းခြင်းကိုခံစားလိုက်ရသည်။
မစ္ဆားတရားပူဇော်ခြင်းနှင့်ဆုတောင်းခြင်းအပြီး အိမ်အပြန်လမ်း၌မယ်သရူးစ်သည်သူ၌ဖြစ်ပေါ်ခံစားခဲ့ရသည့်အ ခြေအနေကိုမိခင်ဖြစ်သအားပြန်လည်ပြောပြီး၊ သူသည်ရော ဂါပျောက်ကင်းသွားကြောင်းသိလိုက်ရသည်။ အိမ်သို့ပြန် ရောက်သည်နှင့်အာလူးကြော်စားချင်ကြောင်း၊ ထမင်းစားချင်ကြောင်း၊ ပဲဟင်း၊ အသားကင်စားချင်ကြောင်းဖြင့်ချင်ချင်း တနေပါတော့သည်။ သူစားမည်ပြောသောအစားအစာများသည် သူ၏ညီအစ်ကိုများအလွန်ကြိုက်သောအစားအစာများ ဖြစ်သည်။ စားမည်ဆို၍စားချင်သည်များကိုသူ၏ပန်းကန်ထဲထည့်ပေးလိုက်ရာထည့်သမျှကိုကုန်အောင်စားခဲ့သည်။ ယခင်ကလက္ခဏာဖြစ်သည့်အေ့်အန်ခြင်းမရှိ။ ထိုနေ့ည၌သာထိုသို့စားခဲ့ခြင်းမဟုတ်ဘဲနောက်ရက်များ၌လည်းထို့အတူ ပင်စာလာနိုင်ခဲ့သည်။ မိခင်ဖြစ်သူသည်သားအဖြစ်သူ၏အပြောင်းအလဲကို မယုံကြည်နိုင်၍ဆရာ၀န်ထံထပ်မံသွားရောက် ပြသစစ်ဆေးမူခံယူစေခဲ့ရာလုံး၀ပျောက်ကင်းသွားကြောင်းသိလိုက်ရသည်။
မယ်သရူးစ်၏မိခင်က ဘရာဇီးလ်သတင်းဌာနတစ်ခုအားပြောကြားရာတွင် ဤတန်ခိုးအာနုဘော်တော်မှဧ၀ဂေလိ သတင်းကောင်းဝေမျှခွင့်ကိုရလိုက်ကြောင်း၊ ယခင်ကသူသည်သူ၏လက်ကိုင်ဖုန်းကိုပင်သုံးလေ့မရှိကြောင်း၊ နည်းပညာ နှင့်စိမ်းကြောင်း၊ Carlo Acutis သည်သူ၏အယူအဆကိုလည်းပြောင်းလဲပေးခဲ့ကြောင်း၊ သူသည်အင်တာနက်မှယေဇူးသခင် အကြောင်းဟောပြောသူဟုသိရကြောင်း၊ ထို့ကြောင့်သူ၏သက်သေခံချက်သည်လည်းသူကဲ့သို့ဒုက္ခမျိုးကြုံတွေ့ခံစားနေရ သူများအတွက် ဧ၀ဂေလိသတင်းကောင်းဟောကြားခြင်းဖြစ်ပေမည်ဟုမျှော်လင့်ကြောင်း၊ ခေတ်မှီဆန်းသစ်သောအရာအား လုံးသည်ကောင်းစွာအသုံးပြုလျှင်ကောင်းကျိုးပေးကြောင်းယနေ့နားလည်လိုက်ပြီဖြစ်ကြောင်းဖြင့်သတင်းထောက်၏မေး မြန်းသမျှကိုပြန်လည်ဖြေကြားသွားခဲ့သည်။
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: Campo Grande News
Add new comment