Caritas Internationalis   အသင်းမှ တူရကီငလျင်ဒဏ်သင့်သူများကို ကူညီ

Caritas Internationalis   အသင်းမှ တူရကီငလျင်ဒဏ်သင့်သူများကို ကူညီ

Caritas Internationalis   အသင်းမှ တူရကီငလျင်ဒဏ်သင့်သူများကို ကူညီ

Caritas Internationalis  အသင်းဟူသော ကက်သလစ်ကူညီရေးအသင်းသည် တူရကီနိုင်ငံတွင် လှုပ်ခတ်သော ပြင်းအား၆.၆ မက်ဂနီကျူရှိသည့် ငလျင်ဒဏ်​ကြောင့် ဆင်းရဲဒက္ခရောက်နေသော သူများအားကူညီပေးနေသည်။

ဆောင်းအကူးကာလတွင် ဒက္ခသည်များအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရန်အတွက် ရည်ရွယ်ထားသည်။

နှစ်လကြာအသုံးပြုနိုင်မည့် အနွေးထည်များ၊အပူပေးကိရိယာများနှင့်အရေးပေါ်အသုံးအဆောင်များကို လှူဒါန်း သွားမည်ဖြစ်သည်။

Caritas အဖွဲ့သည် ကူညီကယ်ဆယ်ရေး၊ဖွုံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကက်သလစ်လူမှုအဖွဲ့ပေါင်း ၁၆၅ ဖွဲ့ကို စုစည်းထားသော အဖွဲ့ချုပ်ဖြစ်သည်။

အောက်တိုဘာ၃၀ရက်နေ့က တူရကီကမ်းခြေကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အဆိုပါငလျင်ကြောင့် ဂရိ၊ဘူဂေးရီယားနှင့်မာစီဒိုးနီးယားနိုင်ငံများတွက်ပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

လူ၁၁၄ဦးသေဆုံးပြီး ၁၀၃၅ ဦးဒဏ်ရာရခဲ့သည်။လူပေါင်း ၁၅၀၀၀ ခန့်မှာ တဲများထိုး၍ ပန်းခြံများ၊အပန်းဖြေနေရာများနှင့်တက္ကသိုလ်ဝန်းများ၊ဆွေမျိုးအိမ်များတွင် ခေတ္တနေထိုင်နေရသည်။

ဆောင်းရာသီဖြစ်၍ ရာသီဥတုအေးသောငြောင့် အရေးပေါ်လိုအပ်ချက်ဖြစ်သည့် အနွေးထည်၊စောင်နှင့်အိပ်ယာများ၊နို့မှုန့်များစသဖြင့် ထောက်ပံပေးရန် caritas အဖွဲ့က ပြောသည်။အဆိုပါ လှူဒါန်းမှုသည် ယူရို ၅၂၀၀၀ ကုန်ကျမည်ဖြစ်ပြီး ယခုအချိန်ထိ ယူရို၂၀၀၀၀ရရှိပြီး ၃၂၀၀၀ ခန့်လိုနေသေးသည်ဟုဆိုသည်။

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Caritas Internationalis

https://bit.ly/2IXtkHK

Add new comment

1 + 4 =