Black Nazarene (သစ်သားနက်ယေဇူးသခင်၏ဆင်းတုတော်) အားစီတန်းလှည့်လည်ခြင်း၌လူသန်းနှင့်ချီပါ၀င်ခဲ့

Black Nazarene (သစ်သားနက်ယေဇူးသခင်၏ဆင်းတုတော်) အားစီတန်းလှည့်လည်ခြင်း၌လူသန်းနှင့်ချီပါ၀င်ခဲ့

ဖိလစ်ပိုင်နိုင်ငံမှ ကက်သလစ်ဘာသာတူ (၆) သန်းကျော် Black Nazarene ဆင်းတုတော်အားစီတန်းလှည့်လည်ရာ၌ပါ၀င်ခဲ့ကြသည်။

မြို့တော်မနီလာ၏လမ်းမကြီးသည် အ၀ါရောင်နှင့်ကြက်သွေးရောင် ၀တ်စုံများ၀တ်ဆင်ထားသော လူပင်လယ်ဖြင့်ပြည့်လျှံလွှမ်းသွားခဲ့ပါသည်။ ဤမြင်ကွင်းသည် ဘာသာရေးအ ငွေ့အသက်ကိုဖော်ပြနေခြင်းဖြစ်သည်။

Black Nazarene အားအရိုအသေပေးခြင်းသည် ရှေးလွန်လေပြီးသောအစဉ်အလာတစ်ခုဖြစ်သည်။ ယခုကဲ့သို့ပင့်ချီ၍ စီတန်းလှည့်လည်ခြင်းဖြင့် ကပ်ရောဂါဆိုးများကိုကင်း ‌ေ၀းစေသည်ဟုယုံကြည်ကြသည်။ ဤပွဲသည် ကက်သလစ်ဘာသာတူများ အုပ်နှင့်ကျင်းနှင့်ပါ၀င်လေ့ရှိသော ဘာသာရေးကြည်ညိုမှုတစ်ခုဖြစ်သည်။ ယခင်နှစ်များက ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် (၃) နှစ်ကြာမကျင်းပနိုင်ခဲ့ပေ။ နံနက်စောစောသာရှိသေးသော်လည်း ဘုရားဖူးများ (၈) သိန်းကျော်လာရောက်ကြည် ညိုနေကြပြီဖြစ်ပြီး ပွဲပြီးဆုံးချိန်ထိကောက်ခံရရှိသောစာရင်းအရ (၆.၅) သန်းခန့်ရှိမည်ဟုရဲများကခန့်မှန်းသည်။

စီတန်းလှည့်လည်ခြင်း၌ပါ၀င်နေသော လူပင်လယ်ကြီး၏အရှည်မှာ (၆) မီတာ (၃-၇) မိုင်ရှည်လျားသည်ဟုဤဆင်းတုတော်စံပ္ပါယ်သော Quiapo ဘုရားကျောင်း၏တာ၀န်ရှိသူများကသတင်းပေးပို့ထား သည်။ ဤပွဲတော်ကို နှစ်စဉ် ဇန္န၀ါရီ (၉) ရက်နေ့၌ကျင်းပလေ့ရှိသည်။ ဆင်းတုတော်၏ဉာဏ်တော်မှာ လူတစ်ရပ်စာခန့်ရှိသည်။ စီတန်းခြင်းကို စိန့် Nicola da Tolentino ဘုရားကျောင်းမှ Quiapo ဘုရားကျောင်းသို့စီတန်ပင့်ချီလာလေ့ရှိသည်။ ဤပွဲတော်ကိုကျင်းပခြင်းသည် ဒီဇင်ဘာ (၃၁) မှစတင်ခဲ့သော နိုဗေးနာအ ဆုံးသတ်သည့်နေ့လည်းဖြစ်သည်။

ယခုနှစ်၌ ဆင်းတုတော်ကို မှန်လုံအိမ်ထဲတွင်ဌာပနာ၍ သမိုင်း၌ပထမဆုံးအကြိမ်စီတန်းခြင်းကိုကျင်းပခြင်းဖြစ်သည်။ စီတန်းစဉ်တွင် စနစ်တကျဖြစ်စေရန် ရဲထောင်နှင့်ချီ၍လုံခြုံရေးပေးလေ့ရှိသည်။ ကြည်ညိုသူအများပိုင်းသည် စီတန်းလမ်းလျှောက်ချိန်၌ ခြေဗလာဖြင့်လျှောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏ဆင်းတုတော်ကိုထမ်းရန် ဆင်းတုတော်တင်ဆောင်ထားသောယာဉ်ပေါ်သို့လုတက်လေ့ရှိသည်။ ဆင်းတုတော်မှာ သစ်သားနက်ဖြင့်ယေဇူးသခင် လေးလံလှသောလက်၀ါးကပ်တိုင်တော်ထမ်းနေသည့်ဆင်းတုတော်ဖြစ်သည်။

ဤအစဉ်အလာစတင်မွေးဖွားလာခဲ့သည်မှာ (၁၆၀၇) ဩဂုတ်စတင်းရသေ့အသင်း၀င်စပိန်ဘုန်းကြီးတစ်ပါးက မက်ဆီကိုမှရေကြောင်းဖြင့်ဖိလစ်ပိုင်မြို့တော်ဖြစ်လာမည့် မနီလာသို့ဤဆင်းတုတော်ဖြင့်ဆိုက် ရောက်လာခဲ့သည်။ အဆိုပါ ဆင်းတုတော်တင်ဆောင်လာသောသဘော်သည် ရုတ်တရက်မီးစွဲလောင်သွားသော်လည်း ဆင်းတုတော်မှာ မီးမသင့်ဘဲလွတ်သွားခဲ့သည်။ သို့သော် မီးဟပ်ခံရ၍ဆင်းတုတော်မှာ မဲသွားခဲ့သည်။ ဤဆင်းတုတော်ကို စပိန်၌ထွင်းထုခဲ့ပြီး ဖိလစ်ပိုင်သို့ (၁၇) ရာစုအစောပိုင်း၌ စပိန်သို့ပင့်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် လူဦးရေ သန်း (၁၁၀) ရှိပြီး ကက်သလစ်ဟုမိမိတို့ကိုယ်မိမိခံယူသူ (၈၀) ရာခိုင်နှုန်းရှိသည်။ စပိန်နိုင်ငံ၏လက်အောက်သို့ကျရောက်ခဲ့ဖူးပြီး စပိန်၏အမွေအနစ်များစွာရရှိထားသောနိုင်ငံတစ်ခုဖြစ်သည်။ ယခုစီတန်းလှည့်လည်ခြင်းသည် (၁၅) နာရီကြာခဲ့သော်လည်း ငြိမ်းချမ်းဘေးကင်းစွာကျင်းပနိုင်ခဲ့သည်။ လူပင်လယ်ကြီးဖြစ်နေ၍ မူး‌ဝေခြင်း၊ မတော်တဆတက်နင်းတိုးကြိတ်၍ပွန်းပဲ့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့သူရာဂဏန်းရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ကြက်ခြေနီအသင်းကသတင်းပေးပို့ထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/39ycf
 

Add new comment

8 + 0 =