Bahrain တွင်ကက်သီဒြယ်ကျောင်းအသစ် ဖွင့်လစ်မည်

Bahrain တွင်ကက်သီဒြယ်ကျောင်းအသစ် ဖွင့်လစ်မည်

Bahrain တွင်ကက်သီဒြယ်ကျောင်းအသစ် ဖွင့်လစ်မည်

ဒီဇင်ဘာ ၁၀ ရက် သောကြာနေ့မှာ မွတ်စလင်အများစုရှိတဲ့နိုင်ငံဖြစ်တဲ့ Bahrain မှာ ကက်သလစ် ကက်သီဒြယ်ဘုရားကျောင်းတော်ကြီး အသစ် ပလ္လင်တင်ပွဲကို ပြုလုပ်မှာဖြစ်ပြီး ထိုဘုရားကျောင်းဟာ လူဉီးရေ ၂၃၀၀ ခန့်ဆန့်ဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။

 အာရေးဘီယျ က မယ်တော်သခင်မ ကက်သီဒြယ်ဟာ အဌဂံပုံစံ နဲ့တည်ဆောက်ထားပြီး အီတလီဗိသုကာ ပညာရှင်က တည်ဆောက်ခဲ့ကြောင်း

ကက်သီဒြယ်အသစ် ပလ္လင်တင်ပွဲ မတိုင်မှီတရက်မှာတော့  Bahrain ဘုရင် Hamad bin Isa Al Khalifa ဟာ ပလ္လင်တင်ပွဲ အခမ်းအနားကို ပါဝင်တက်ရောက်မှာဖြစ်ကြောင်း၊ ဘုရင်ဟာ ကျောင်းတော်ကြီးမြေနေရာကို လှူဒါန်းပေးခဲ့သလို ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး အခြေအနေအရပ်ရပ်ကို လည်းပုပ်ရဟန်းမင်းကြီးထံ အမြဲလျှောက်တင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

ဒီကက်သီဒြယ်ကျောင်းတော်ကြီး ကို ပြီးဆုံးအောင် တည်ဆောက်ခြင်းဟာ အာရေးဘီးယားအတွက် သမိုင်းမှတ်ကျောက်တစ်ခုဖြစ်မှာ အသေအချာပါပဲလို့ ဗိသုကာပညာရှင်က ဆိုခဲ့ပါတယ်။

အပတ်စဉ် မစ္ဆားတရား ၊ ရုံးပိတ်ရက်တွေမှာ ဆက်တိုက်ဟောနေမယ့်အချိန် နာယူမယ့်ပရိတ်သတ် အပေါ်ချင့်ချိန် တည်ဆောက်ရတာဟာလည်း ဗိသုကာပညာရှင်အတွက်စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း၊

 သောြကာနေ့မှ စနေနေ့အထိကို ဘာသာဝင်ဉီးရေ ၁ သိန်းခန့် ပါဝင်နိုင်ဘို့  ခန့်မှန်းတယ်လို့ လည်းဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3lKkfTa

 

 

Add new comment

14 + 5 =