Alabama မိုဘီးလယ် ကက်သလစ်သာသနာမှ ညီအကို နှစ်ဉီးအား တရက်ထဲတွင် ရဟန်းသိက္ခာတင်ပေး

Alabama မိုဘီးလယ် ကက်သလစ်သာသနာမှ ညီအကို နှစ်ဉီးအား တရက်ထဲတွင် ရဟန်းသိက္ခာတင်ပေး

Alabama မိုဘီးလယ် ကက်သလစ်သာသနာမှ ညီအကို နှစ်ဉီးအား တရက်ထဲတွင် ရဟန်းသိက္ခာတင်ပေး

Alabama ရှိ မိုဘီးလယ် ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ Peyton နဲ့ Conner Plessala ညီအကို နှစ်ဉီးအား တရက်ထဲတွင် အတူ ရဟန်းသိက္ခာတင်ပေးခဲ့ပါသည်။

ညီအကို ရဟန်း နှစ်ပါးသည် ရဟန်းဖြစ်သင်ကျောင်းကို အတူ တကွတက် သက်ယူခဲ့သူများ ဖြစ်သလို တာဝေး ခရီးကိုအတူဖြတ်သန်းခဲ့ကြကာ ယခုအခါမှာတော့ ၄င်းတို့မျှော်မှန်းသည့် ခေါ်တော်မူခြင်းဘဝ ပန်းတိုင်ကို အတူဝင်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ Alabama မိုဘီးလယ်ရှိ အပြစ်မဲ့သန္ဓေယူသော ဘာဆီးလီးကားကျောင်းတော်ကြီးတွင် ရဟန်းသိက္ခာခံယူခဲ့ကြတာပါ။ ၄င်းတို့ ရဲ့ ခေါ်တော်မူခြင်းပန်းတိုင်ကို အတူတက်လှမ်းနိုင်ခဲ့ကြတဲ့အတွက် ညီအကို ၂ ဉီးစလုံးဟာ ပီတိ အပြုံးများဖြင့် သခင်ခရစ်တော်အား ရဟန်းဘဝဖြင့် အစေခံရန် အသင့်ရှိနေသည့် ပုံမျိုးတွေ့ရကြောင်း

ကိုဗစ် ၁၉ ကြောင့် ရဟန်းသိက္ခာ တင်အခမ်းအနားကို အကျဉ်းရုန်းသာကျင်းပနိုင်ခဲ့သော်လဲ ရဟန်းတော် Conner Plessala ကဆိုသည်မှာ ရဟန်းဘဝဆိုတာတသက်တာဘဝဖြစ်သည့်အတွက် ပွဲကျင်းပခြင်းဟာ တသက်တာလုံးကျင်းပနိုင်တာမို့ အခုချိန်အကျဉ်းရုန်း သိက္ခာတင်ပွဲအတွက် ၄င်းတို့မခံစားရကြောင်း၊ အရေးကြီးတာက ရဟန်းသိက္ခာရရှိရန်ဖြစ်ပြီး ပွဲကျင်းပခြင်းသည် အချိန်မရွေးဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။

မိသားစုအတွက် စကားလုံးရှာမတတ်အောင်ပဲ ပျော်ရွှင်ရတဲ့ ပီတိဖြာ ကျေနပ်ရတဲ့ နေ့ရက်ဖြစ်ပါတယ်။ ကျနော်တို့သားလေးတွေအတွက်ဂုဏ်ယူမိတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ပါပဲလို့လည်း ရဟန်းများ၏ မိဘများက ဆိုခဲ့သည်ကို ALETEIA သတင်းအရသိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo credit: Connor Plessala's Facebook

https://bit.ly/2N2765T

Add new comment

5 + 0 =