AI နည်းပညာ နှင့်ငြိမ်းချမ်းရေး သည် (၂၀၂၄) ခုနှစ် ကမ္ဘာ့ငြိမ်းချမ်ရေးနေ့၏ဆောင်ပုဒ်ဖြစ်ဟုဆို

AI နည်းပညာ နှင့်ငြိမ်းချမ်းရေး သည် (၂၀၂၄) ခုနှစ် ကမ္ဘာ့ငြိမ်းချမ်ရေးနေ့၏ဆောင်ပုဒ်ဖြစ်ဟုဆို

နှစ်စဉ်ဇန္န၀ါရီလ (၁) ရက်နေ့သည် ‘မာရိယာ၊ ဘုရားမယ်တော်ပွဲနေ့’ ဖြစ်သည်။ ထို့အတူ ကမ္ဘာ့ငြိမ်း ချမ်းရေးနေ့လည်းဖြစ်သည်။ ရဟန်းမင်းကြီးသည် နှစ်စဉ်ငြိမ်းချမ်းရေးနှင့်စပ်လျင်းသောဆင်ခြင်ထောက်ရူစရာသတင်းစကားကိုပါးလေ့ရှိသည်။ လာမည့်နှစ် (၂၀၂၄) ၏ ဆောင်ပုဒ်မှာ ‘Artificial Intelligence and Peace’ (လူအစားထိုးနည်းပညာများနှင့်ငြိမ်းချမ်းရေး) ဖြစ်ပါသည်။

သတင်းစကားထဲ၌ ရဟန်းမင်းကြီးဖရန်စစ်က နည်းပညာ၏ထိုးဖောက်စွမ်းဆောင်နိုင်မှု၊ နေ့စဉ်လူမှုအသက်တာ၊ နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များ၌အကျိုးသက် ရောက်စေနိုင်မှုတို့နှင့်စပ်လျင်း၍ပွင့်လင်းစွာဆွေးနွေးရန်တိုက်တွန်းထားပါသည်။ နည်းပညာနှင့်စပ်လျင်း၍လည်း လူတိုင်းနိုးနိုးကြားကြားရှိရန်၊ နည်းပညာတိုး တက်မှုများကြောင့်မေ့လျော့ခံများနှင့်ထိခိုက်ဆုံးရှုံးလွယ်သောသူများဘေးဖယ်ပထုတ်သည့်အခြေအ နေမျိုးမဖြစ်ရန်ကိုလည်းသတိကြီးစွာထားရန်အသိပေးထားသည်။

ယခုနှစ်အစောပိုင်း နည်းပညာရှင်များနှင့်တွေ့ဆုံစဉ်ရဟန်းမင်းကြီးဖရန်စစ်က ၄င်းတို့အား လူသားဆန်သောစိတ်ဖြင့်လုပ် ဆောင်ကြရန်တိုက်တွန်းခဲ့သည်။

(၂၀၂၄) ခုနှစ်၏ငြိမ်းချမ်းရေးသတင်း စကား၌လည်း လူအစားထိုးနိုင်သောနည်းပညာကိုလူသားတို့၏အကျိုးနှင့်ကမ္ဘာမြေကြီးအားကာကွယ်စောင့်ရှောက်ရန်အလို့ဌာအသုံးပြုကြရန်တိုက်တွန်းထား သည်။

ဤတောင်းဆိုချက်များကိုဖြည့် ဆည်းဆောင်ရွက်နိုင်ရန်မှာနည်းပညာများ ၏ ကျင့်၀တ်ကျင့်စဉ်များဆိုင်ရာပညာရပ်နှင့်ဥပဒေများကိုနားလည်ထားရန်လိုအပ် ကြောင်းကိုလည်းထည့်သွင်းအသိပေးထားသည်။ ဆိုလိုသည်မှာ လူအစားထိုးနည်းပညာများကိုသာဦးစားပေးလွန်းပြီး လူသားများအလုပ်လက်မဲ့ဖြစ်သွားစေနိုင်သောအခြေအနေမျိုးတို့ကိုလည်းလစ်လျှူရူထား၍မရသည့်အ ကြောင်းကိုဆိုလို သည်။ လူတို့အတွက်အန္တရယ်ရှိသောနေရာများ၊ အင်အားအလွန်အကျွံသုံးရမည့်အခြေအ နေမျိုး၌မူလူအစားထိုးသည့်နည်းပညာများကိုအသုံးပြုနိုင်လျှင်ပို၍ကောင်းသည်။

ရဟန်းမင်းကြီးဖရန်စစ်၏ သတင်း စကား ၌အယူအဆနှစ်ခုပါနေသည်။ အယူအဆတစ်ခုမှာ လူအစားထိုးနည်းပညာများဖွံ့ ဖြိုးတိုးတက်လာသည်မှန်သော်လည်း လူ့ဂုဏ်သိက္ခာကိုမှုထိန်းသိမ်းစောင့်ရှောက်ရမည်။ ညီအစ်ကိုရင်းစာနာနားလည်သောစိတ်မွေးရမည်။ လူသားကိုအားမကိုးဘဲ လူသားအစားထိုးနည်းပညာကိုသာအားကိုးပြီး လူသားမလိုဟု ဖယ်ကျဉ္ ထား၍မရပေ။ လူသားအစားထိုးနည်းပညာသည်
ကမ္ဘာကြီးတစ်ခုလုံး၏တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကိုတိုး မြှင့်လုပ်ဆောင်ပေးနိုင်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RF7s

Add new comment

9 + 5 =