1920 ခုနှစ်များက ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ဂျာမန်ကျောင်းသားများကြောင့် ပုပ်ဖရန်စစ် အံ့အားသင့်ခဲ့

1920 ခုနှစ်များက ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ဂျာမန်ကျောင်းသားများကြောင့် ပုပ်ဖရန်စစ် အံ့အားသင့်ခဲ့

1920 ခုနှစ်များက ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ဂျာမန်ကျောင်းသားများကြောင့် ပုပ်ဖရန်စစ် အံ့အားသင့်ခဲ့

ပုပ်ဖရန်စစ်ရဲ့ မကြာသေးခင်က ဘုရားဖူးဧည့်သည်တော်များထဲမှာ ပရိသတ်ရဲ့ သတိပြုမှုကို အမိအရဖမ်းနိုင်တဲ့ အုပ်စုတစ်ခုရှိခဲ့ပါတယ်။

သူတို့က ဂျာမန်တွေပါ။ "မြူးနစ်"၏ မြောက်ဘက်ပိုင်းမှာရှိတဲ့ "Freising" ကနေလာတဲ့သူတွေဖြစ်ကြပါတယ်။

သူတို့ဟာ ၁၉၂၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ "Agilolfia Freising-Weihenstephan" လို့ခေါ်တဲ့ ကက်သလစ် ကျောင်းသားများ အသင်းအဖွဲ့နှင့် သက်ဆိုင်သည့် သူများဖြစ်ပါတယ်။ ပုပ်ဖရန်စစ်နှင့် ပရိသတ်ကြီးတွေ့ဆုံမှုအစီအစဉ် အပြီးမှာတော့ သူတို့ဟာ ပုပ်ရဟန်းမင်းကြီးကို အနီးကပ် ဖူးမြင်နိုင်ခဲ့ကြတာပါ။

“ကက်သလစ်ဘာသာတရားဟာ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာရဲ့ အဓိကအချက်တွေထဲက တစ်ခုဖြစ်ပြီး ရောမမြို့ကို ကြွလာပြီး ကျွန်တော်တို့နဲ့ တစ်မီတာအကွာမှာ ရပ်နေတဲ့ ပုပ်ရဟန်းမင်းကြီးကို မြင်တွေ့ရခြင်းဟာ ကျွန်ုပ်တို့အတွက် အလွန်ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ ဒါဟာ အရမ်းထူးခြားတဲ့ အခိုက်အတန့်ပါပဲ။”"JAKOB BERG" ခေါ် လူတစ်ယောက်က သူ့ရဲ့ အတွေ့အကြုံကို ဖွင့်ဟပြခဲ့ပါတယ်။

ဒီကက်သလစ်တက္ကသိုလ်အသင်းရဲ့ တခြားမဏ္ဍိုင်သုံးရပ်ကတော့ သိပ္ပံ၊ နိုင်ငံနှင့် ချစ်ကြည်ရေးဖြစ်ပါတယ်။ ၎င်းအဖွဲ့ဟာ ကျရောက်မည့် ၂၀၂၂ ခုနှစ်မှာ အထူးနှစ်ပတ်လည်နေ့ကျင်းပမှာဖြစ်ပါတယ်။

ဆက်လက်ပြီး "JAKOB BERG" ပြောပြသည်မှာ...
"ဒါဟာ ငါတို့ရဲ့နှလုံးသားကို နွေးထွေးမှုပေးတဲ့ အရမ်းထူးခြားတဲ့ အခိုက်အတန့်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်နှစ်မှာ ငါတို့ရဲ့ နှစ် (၁၀၀) ပြည့် နှစ်ပတ်လည်ကို ကျင်းပမှာဖြစ်ပြီး ဒီနှစ်ပတ်လည်ကို ဂုဏ်ပြုဖို့အတွက် ပထမဆုံးခြေလှမ်းဟာ ရောမမြို့ကို ခရီးထွက်ခဲ့ကြလို့ပါပဲ။" လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး၏ လူထုပရိသတ်တွေ့ဆုံတဲ့ နေရာမှာ ရိုးရာဝတ်စုံများ ၀တ်ဆင်ထားတဲ့ အဖွဲ့တွေကို တွေ့ရလေ့ရှိပါတယ်။ ထုံးတမ်းစဉ်လာနှင့် ယုံကြည်ခြင်းကို စည်းလုံးစေတဲ့ အထူးပွဲတော်နဲ့ အချိန်အခါသမယများကို ကျင်းပဘို့ ရောမမြို့ကဲ့သို့ အထိမ်းအမှတ်နေရာတစ်ခုကို ရွေးချယ် ကျင်းပကြတာလည်းဖြစ်ပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီကျဲန်၊ SJA

Photo courtesy of Rome Reports/video Screen Shot
https://bit.ly/3CWHeAO

Add new comment

10 + 6 =