ပုပ်ဖရန်စစ်မှ ဥပုသ်ပေးသူ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးထံ စာရေးသားပေးပို့

ပုပ်ဖရန်စစ်မှ ဥပုသ်ပေးသူ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးထံ စာရေးသားပေးပို့

ပုပ်ဖရန်စစ်မှ ဥပုသ်ပေးသူ ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးထံ စာရေးသားပေးပို့

ဗာတီကန်အတွင်း၊ ပုပ်ရဟန်းမင်းကြီးရုံးတော်အသီးသီးမှထိပ်သီးတာ၀န်ခံများ
နှင့် သာသနာ့ဦးသျှောင် ပုပ်ရဟန်းမင်းကြီးတို့နှစ်စဉ်ပြုပ်လျှက်ရှိတဲ့ နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းမှာ အရှင်သူမြတ်ပုပ်ဖရန်စစ် အနေနဲ့ အနည်းငယ် အအေးမိနေတာကြောင့် ပါ၀င်ခြင်း မရှိတော့ပဲ ဗာတီကန်အတွင်း၌သာ တစ်ဦးတည်း နားနားနေနေ သီးသန့်ဥပုသ်ယူရန် ကျန်နေခဲ့သော်လည်း အရှင်သူမြတ်ပုပ်ဖရန်စစ်က ဥပုသ်ပေးသည့်ဝိညာဉ်ရေးတာ၀န်ခံ ဘုန်းတော်ကြီး Fr. Pietro Bovati ထံသို့ ၄င်း၏ ထောက်ရှုချက်အချို့နှင့်အတူ စာရေးသားပေးပို့ခဲ့ပါတယ်။
ဓမ္မဟောင်းကျမ်းမှ မိုးဇယ်ရဲ့ ဘုရားရှင်နဲ့ တရင်းတနီးပေါင်းဆပ်ခြင်းကို အရှင်သူမြတ်က ဝေငှထောက်ရှုစကားပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။
ဗာတီကန်မှနေ၍ ညီတော် နောင်တော်တို့နဲ့အတူ ဆုတောင်းခြင်းအားဖြင့် အတူ ပေါင်းစပ်လျက်ရှိနေပါတယ်။ Fr.Bovati ရဲ့ ဥပုသ်တရားတော်တွေကို ကျွန်ုပ်ရဲ့ အခန်းတွင်းကနေပဲ နားထောင် ထောက်ရှကာ ၀တ်ပြုဆုတောင်းနေပါမယ်။
Fr အတွက်လဲ ဆုတောင်းပေးနေမှာဖြစ်သလို ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးပါလို့ ဆိုကာ အရှင်သူမြတ်က စာရေးခဲ့တာပါ။
Roman Curia လို့ ခေါ်တဲ့ ပုပ်ရဟန်းမင်းကြီး ရုံးတော်ဌာန အသီးသီးမှဗာတီကန်ထိပ်သီး ၀န်ထမ်းများ ဟာ ဝါတွင်းကာလမှာ နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းကို ရောမမြို့အပြင်ဘက် တောင်ပေါ်မြို့လေးမှာ ပြုလုပ်ကျင်းပနေပါတယ်။

#အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews

By Sr.Lucia Thandar Aung,SJစစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/3cAOsxS

Add new comment

10 + 1 =