Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နီကာရာဂွာ ဆရာတော် တစ်ပါးအားချုံခိုတိုက်ခိုက်ခံရမည့်အရေးမှ ဘာသာသူများကာကွယ်ပေးခြင်း
နီကာရာဂွာ ဆရာတော် တစ်ပါးအားချုံခိုတိုက်ခိုက်ခံရမည့်အရေးမှ ဘာသာသူများကာကွယ်ပေးခြင်း
ဇူလိုင်လ ၂၀၊ ၂၀၁၉
နီကာရာဂွာ နိုင်ငံ မာတာဂါလ်ပါ သာသနာနယ် ဆရာတော် Rolando Jos'e Alvarez Lagos သည် တယ်ရာဘိုနာ (Terrabona) ရွာသို့ သွားစဉ် ဘာသာဝင်လယ်သမားများမှ ဆရာတော်အာ ချုံခိုတိုက်ခိုက်ခံရမည့်အရေးမှ ကြိုတင်သတင်းပေးကာကွယ်ခဲ့ကြပါသည်။
ဆရာတော်အားတိုက်ခိုက်ရန် လမ်းဘေး တဖက်စီ၌ လက်နက်များ အပြည့်အစုံတပ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့မှ စောင့်နေကြောင်း သတင်းပေးခဲ့ပါသည်။ ရွာသားများမှ ဆရာတော်အားဝန်းရံပြီး တယ်ရာဘိုနာ (Terrabona) ရွာသို့ ခရီးဆက်လာစဉ် လူအုပ်ကြီးအား မြင်တွေ့သွားသော လက်နက်ကိုင် အဖွဲ့မှာ ထွက်ပြေးသွားခဲ့ကြပါသည်။
ဆရာတော် Alvarez မှ ဘာလက်နက်မှမပါပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသော ဘာသာဝင်လယ်သမားများကို ကျေးဇူးတင်ကြောင်း နှင့် ထွက်ပြေးသွားသူ လက်နက်အပြည့်အစုံတပ်ဆင်ထားသော အဖွဲ့အား ကိုယ်တိုင်တွေ့လိုက်ရကြောင်းဆရာတော်ကြီးမှ ပြောကြားခဲ့ပါသည်။ ဗီဒီယို မှတ်တမ်းတင်ထား ခဲ့သူတစ်ဦးမှလည်း သက်သေအဖြစ်ပြသပေးခဲ့ပါသည်။
ယင်းကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်အပြုအမူများ ကို အစိုးရနှင့် စစ်တပ်အာဏာပိုင်အဖွဲ့များမှ သေခြာစုံစမ်းပြီး ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News
 
         နီကာရာဂွာ နိုင်ငံ မာတာဂါလ်ပါ သာသနာနယ် ဆရာတော် Rolando Jos'e Alvarez Lagos
နီကာရာဂွာ နိုင်ငံ မာတာဂါလ်ပါ သာသနာနယ် ဆရာတော် Rolando Jos'e Alvarez Lagos  
      
      
Add new comment