“Regina Coeli” ရွတ်ဆိုရန်အတွက် ရဟန်းမင်းကြီးအား ပြတင်းတံခါး၌ ပြန်လည်မြင်တွေ့ရတော့မည်

“Regina Coeli” ရွတ်ဆိုရန်အတွက် ရဟန်းမင်းကြီးအား ပြတင်းတံခါး၌ ပြန်လည်မြင်တွေ့ရတော့မည်

*******************************

လာမည့်ဧပြီလ (၁၈) ရက်၊ တနင်္ဂနွေနေ့မှစတင်၍ ယုံကြည်သူဘာသာဝင်များနှင့်အတူ ‘Regina Coeli’ ဆုတောင်းမေတ္တာကိုရွတ်ဆိုရန်အတွက် စိန့်ပီတာရင်ပြင်ကိုအပေါ်စီးမှရှုမြင်ရသည့် ဗာတီကန်နန်းတော်၏ပြတင်းတံခါး၌ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား ပြန်လည်မြင်တွေ့ရမည်ဖြစ်သည်။

မတည်မငြိမ်ဖြစ်နေသော Covid-19 ရောဂါကူးစက်လမ်းကြောင်းနှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီး ထိန်းချုပ်နိုင်ရန်အတွက် အီတလီအစိုးရမှ ကြိုတင်ကာကွယ်မှုများပြုလုပ်ထားခြင်းကြောင့် ရဟန်းမင်း ကြီးသည် သာသနာရေးဆိုင်ရာအခမ်းအနားများတွင် ယုံကြည်သူဘာသာဝင်များကို ဗာတီကန် နန်းတော်၏စာကြည့်တိုက်မှ မီဒီယာအားဖြင့် မကြာခဏဆက်သွယ်ခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း မတ်လ (၂၁) ရက်နှင့် ဧပြီလ (၅) ရက်နေ့များအထိ ပြတင်းတံခါးပိတ်ထားလျက်ရှိပြီး၊ ရဟန်းမင်းကြီးသည် မတ်လ (၂၈) ရက်၊ မေတ္တာပန်းတနင်္ဂနွေမစ္ဆားတရားတော်ပူဇော်ခြင်းအပြီးတွင် စိန့်ပီတာဘာစီလီကာအတွင်း၌ အန်ဂျေလူးမေတ္တာကိုရွတ်ဆိုရန်ရွေးချယ်ခဲ့သည်။ ပြီးခဲ့သည့် ‘ကရုဏာရှင်ယေဇူးတနင်္ဂနွေနေ့’တွင်မူ Sassia ရှိ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကျောင်း၌ ‘Regina Coeli’ ကို ရွတ်ဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပထမဆုံးသောပိတ်ဆို့မှုကြောင့် ယုံကြည်သူဘာသာဝင်များသည် မတ်လ (၈) ရက်မှ မေလ (၂၄) ရက်အထိ နန်းတော်၏စာကြည့်တိုက်မှ ရဟန်းမင်းကြီးဦးဆောင်သည့် တနင်္ဂနွေဆုတောင်း မေတ္တာရွတ်ဆိုခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ခြင်း၌သာ ပါဝင်ခဲ့ကြရသည်။

ထို့နောက် ရဟန်းမင်းကြီးအား ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ လအနည်းငယ်မျှ အဆိုပါပြတင်းတံခါး၌ ပြန်လည်မြင်တွေ့ခဲ့ရပြီး၊ အစိုးရမှ ဖေဖော်ဝါရီလ (၇) ရက်အထိ ပိတ်သိမ်းမှုအသစ်တစ်ခုကို ထပ်မံကြေညာခဲ့သည်။ ထို့နောက် မတ်လ (၁၄) ရက်အထိ ခဏတာမျှပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ နောက်ဆုံးတွင် မတ်လ (၂၁) ရက်နေ့အထိ နောက်ထပ်ပိတ်သိမ်းခဲ့ရပြန်သည်။

Credit to CBCM-OSC

Source: vaticannews.va

https://bit.ly/3wYTMFo

Add new comment

10 + 0 =