“ရရှိခဲ့သည့် ကောက်‌ပဲသီးနှံများအားဦးဦးဖျားဖျားဘုရားသခင်ကို ကျေးဇူးတင်ပူဇော်ခြင်းပွဲ”

“ရရှိခဲ့သည့် ကောက်‌ပဲသီးနှံများအားဦးဦးဖျားဖျားဘုရားသခင်ကို ကျေးဇူးတင်ပူဇော်ခြင်းပွဲ”

ရရှိခဲ့သည့်ကောက်ပဲသီးနှံများအားဘုရားသခင်အားပူဇော်၍ကျေးဇူးတော်ချီးမွမ်း

20.11.2022 (RVA Myanmar)

မြစ်ကြီးနား သာသနာ၊

ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၌ စိန့်ကိုလန်ဘန် ဘွဲ့အမည်ခံဘုရားကျောင်းပွဲနှင့်အတူကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကို ယေဇူးဘုရင်ပွဲနေ့၊ ယနေ့ (20.11.2022)ရက်နေ့၊ နံနက် (7:30 )ခုနစ်နာရီခွဲက တာဝန်ခံ ဓမ္မဆရာမမှဉီးဆောင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးဇူးတင်ချီးမွမ်းခြင်းပွဲကျင်းပခြင်းရည်ရွယ်မှာ

“ရရှိခဲ့သည့် ကောက်‌ပဲသီးနှံများအားဦးဦးဖျားဖျားဘုရားသခင်ကို ကျေးဇူးတင်ပူဇော်”သည့်အနေဖြင့် ကျေးဇူးတင်ချီးမွမ်းခြင်းဖြစ်သည်။

ခန္တီးမြို့ ၌ ၊ မြို့တွင်း ဘာသာသူမှာ အိမ်ခြေ(၄၀) ခန့်သာရှိသည်။တောင်ယာလုပ်ငန်းကိုင်ကြပြီး၊ အများစုမှာဆောင်းရာသီစိုက်ခင်းကိုလုပ်ကိုင်ကြသည်။

ခန္တီးမြို့ရှိ ဘာသာတူအများစုမှာ နာဂလူမျိုးများဖြစ်ပြီး၊မြန်မာ၊ကချင်နှင့်ချင်းလူမျိုးများလည်းနေထိုင်ကြသည်။

စိန့်ကိုလန်ဘန်ဘုရားကျောင်း၏ တာဝန်ခံဘုန်းတော်ကြီးမှာ Fr. Paul ထွယ်နော်ဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီးမှာ ၎င်း ၏ မိခင်ကွယ်လွန်သွားသည့်အတွက် အိမ်ပြန်နေခြင်းဖြစ်ပြီးယနေ့ပြုလုပ်သော ကျေးဇူးတင်ချီးမွမ်းခြင်းပွဲတွင်ပါဝင်နိုင်ခြင်းမရှိပေ။

ကျေးဇူးတင်ချီးမွမ်းခြင်းအားစိန့်ကိုလန်ပွဲနေ့တွင်လုပ်ဆောင်ခြင်းမှာ

"ကျေးဇူးတင်ချီးမွမ်းခြင်းက သီးသန့်မဟုတ်ဘဲ စိန့်ကိုလန်ဘန်ပွဲကို ကိုယ်စားပြုပြီး ရဟန္တာရဲ့ ကူညီမှိုင်းမမှု့ကြောင့် ရရှိခဲ့သည်အရာများကို ဘုရားသခင်အား ကျေးဇူးတင်ခြင်းပြုလုပ်တာဖြစ်တယ်။"ဟု ဒေသခံဘာသာတူတစ်ဦးက RVA ကိုပြောပြသည်။

စိန့်ကိုလန်ဘန်ပွဲနေ့သည် နိုဝင်ဘာလ(23)ရက်နေ့ဖြစ်သော်လည်း ယနေ့ (20)ရက်နေ့တွင်စိန့်ကိုလန်ဘန်ဘွဲ့ခံဘုရားကျောင်းနှင့်ကျေးဇူးတင်ချီးမွမ်းခြင်းအား တာဝန်ခံဓမ္မဆရာမ မှဉီးဆောင်ကာပြုလုပ်ခဲ့သည်။

News by - Pinky

Photo - Maria

Add new comment

13 + 0 =