‘Tiziano’ မိသားစု အံ့ဖွယ်နှစ်သစ်လက်ဆောင် ရရှိ

‘Tiziano’ မိသားစု အံ့ဖွယ်နှစ်သစ်လက်ဆောင် ရရှိ

လူတိုင်းလက်ဆောင်ရဖူးကြသည်။ အထူးသဖြင့်ခရစ္စမတ်ပွဲတော်ကာလ၌ ခရစ္စယာန်များသာမက စီးပွားရေးသမား များလည်းမိမိတို့၏ထုတ်ကုန်အရောင်းမြှင့်တင်ရန်အတွက် လက်ဆောင်များပေးကြသည်။ အချို့သောလက်ဆောင်များ သည်စျေးကြီးသည်။ အချို့

သည်စျေးအသင့်အတင့်ရှိသည်။ အချို့လက်ဆောင်သည်အရွယ်အစားကြီးမည်။ အချို့သည်ငယ် မည်။ အချို့သည်စားစရာ၊ အချို့သည်အသုံးအဆောင်များဖြစ်ပေမည်။ သို့သော်အာဂျင်တီးနားကောင်လေး ‘Tiziano’ ၏ မိသားစုရလိုက်သောအံ့ဖွယ်နှစ်သစ်လက်ဆောင်ကားမလိုချင်စရာလက်ဆောင်ဖြစ်ခဲ့သည်။ သို့သော်အဆိုးထဲမှအကောင်း ဟုလက်ခံ၍ဖြေရသည်။ လက်ဆောင်ဟုဆိုပြီးလက်မခံချင်စရာလက်ဆောင်ဟုဆိုရာ၌အရှေ့နောက်မညီဖြစ်နေပါသည်။ လက်ဆောင်သည်လက်ခံချင်စရာဖြစ်ရမည်။ လိုချင်စရာဖြစ်ရမည်။ လက်ဆောင်ဟုဆို၍အ ဘယ် ကြောင့်လက်ခံချင်စရာမ ဖြစ်ခဲ့ရသနည်း။

ကက်သလစ်ဘုန်းတော်ကြီးများသည် ဘာသာတူတစ်ဦးဦးအားဆေးကြောခြင်းမင်္ဂလာပေးပြီးနောက် ကောင်းကြီး ပေးထားသောယေဇူးသခင်၏ပုံတော်ရိုက်နှိပ်ထားသည့်ဆွဲပြား၊ သို့မဟုတ်အမိမယ်တော်၊ သို့မဟုတ်ရဟန္တာသူတော်သူမြတ် တို့၏ပုံတော်ပါသည့်ဆွဲပြားများကိုဆွဲရန်ပေးလေ့ရှိသည်။ ဘာသာတူများကလည်းမျှော်လင့်သည်။ လက်ခံရရှိလျှင်လည်း မြတ်မြတ်နိုးနိုးဆွဲလေ့ရှိသည်။ ဆေးကြောခြင်းမင်္ဂလာမခံယူရသေးစေကာမူ ဘာသာတရားကိုင်းရှိုင်းသောမိဘများ၊ အဖိုးအဖွားများ သည်ဘုရားပုံတော်၊ ရဟန္တာပုံတော်များပါသည့်ဆွဲပြားများကိုချက်ချင်းဆွဲထားပေးတတ်ကြသည်။ ဤသို့ အားဖြင့်ဘုရားကောင်းကြီးလွှမ်း မိုး ၍မကောင်းမူများမှကာကွယ်ပေးရန်ဖြစ်သည်။

(၂၀၂၀) နှစ်ဟောင်းကုန်ခါနီးပြီး (၂၀၂၁) နှစ်သစ်မကူးမီည (၁၀) နာရီခန့်၌ အသက် (၉) နှစ်အရွယ်ရှိအာဂျင်တီး နားကောင်လေးတစ်ဦးသည် အဘယ်အရပ်ဆီကရောက်လာသည်မသိသောကျည်ဆံထိမှန်သွားခဲ့သည်။ ထိုကျည်ဆံသည် ကောင်လေး၏ရင်၀သို့ဦးစိုက်ထိမှန်ခဲ့သော်လည်း သတ္ထုဖြင့်ပြုလုပ်ထားသောဆွဲထားသည့်ခရူးစူးကြောင့်အသက်ဘေးမှ လွှတ်မြောက်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကိုသတင်းဌာနများကကြားသိသွားဖြင့်မေး မြန်းမူများကိုပြုလုပ်ခဲ့သည်။ ထိုအ ဖြစ်အပျက်ကိုလည်း ‘နှစ်သစ်၏အံ့ဩဖွယ်ရာ’ ဟုခေါင်းစဉ်တပ်ထားပေးသည်။ ကျည်သင့်ခဲ့သောကောင်လေး ၏အမည်မှာ ‘Tiziano’ ဖြစ်သည်။ ‌ကျည်ထိမှန်သွား၍ဆေးရုံသို့အရေးပေါ်ပို့ဆောင်ကာ (၄၅) မိနစ်ကြာဆရာ၀န်များမှသေချာစစ် ဆေး ကြည့်ရာကြီးကြီးမားမားထိခိုက်မူမရှိဘဲရှက်ထိရုံမျှသာထိသွားခဲ့သည်။ (၂၀၂၁၊ ဇန္န၀ါရီလ၊ ၁) ရက်နေ့၌ကောင်လေး၏မိ သားစုကဒေသ၏ သတင်းသမား José Romero Silva ထံသို့ဆက်သွယ်၍ ကောင်လေးသည်လွယ်ထားသောသတ္ထုခရူးစူး ကြောင့်အသက်ဘေးမှလွှတ်မြောက်ခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော်အဆိုပါကျည်ဆံသည် ထိုသတ္ထုခရူးစူးအားထိမှန်၍ လွင့်စင်သွားခဲ့ကြောင်း၊ ထိုခရူးစူးမှာဖခင်ဖြစ်သူမှလက်ဆောင်အဖြစ်ပေးခဲ့သောခရူးစူးဖြစ်ကြောင်းဖြေကြားခဲ့သည်။ အဆို ပါကျည်ဆံသည်ခရူးစူးအားအဘယ်သို့ထိမှန်သွားခဲ့သည်ကိုလည်းအဒေါ်ဖြစ်သူကသေချာစွာဓာတ်ပုံရိုက်ယူကာ ‘နှစ်နှစ်သစ်အံ့ ဖွယ်ရာ’ ဟုသူ၏တွီတာပေါ်တွင်ရေးတင်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38trQit

Add new comment

1 + 0 =