‘Red Wednesday’ ကို  နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချရန် ဖိလစ်ပိုင် လူထုအား  ACN သတိပေး

‘Red Wednesday’ ကို  နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချရန် ဖိလစ်ပိုင် လူထုအား  ACN သတိပေး

‘Red Wednesday’ ကို  နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချရန် ဖိလစ်ပိုင် လူထုအား  ACN သတိပေး

 

            ရဟန်းမင်းကြီး၏ ကရုဏာရေးလုပ်ငန်းအား တစ်ဖက်တစ်လှမ်းမှ ရံပုံငွေရှာဖွကူညီပေးနေသော (Aid to the Church in Need (ACN))  အဖွဲ့က ‘Red Wednesday’ ကိုနိုင်ငံရေးအကျိုးအမြတ် အတွက်အသုံးမချရန်သတိပေးလိုက်သည်။ ‘Red Wednesday’ ပွဲသည် ဘာသာပေါင်းစုံပါ၀င်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့်ဘာသာရေးအ ကြောင်းပြုကာ ညှဉ်းပမ်းနှိပ်စက်ခံနေရသော ညီအစ်ကိုမောင်နှမများအတွက်ရပ်တည်ကာကွယ်သောလှုပ်ရှားမှုဖြစ် သည်။ ထို့ကြောင့် လှုပ်ရှားမှု၏မူရင်းရည်ရွယ်ချက်နှင့်သွေဖီမည့်လုပ်ရပ်မျိုး၊ တစ်လွှဲအသုံးချသည့်အခြေအနေမျိုးမ ဖြစ်ရန် မျှော်လင့်ဆုတောင်းလျှက်ရှိသည်။

‘အနီရောင်’ ဟုသတ်မှတ်ရွေးချယ်ရခြင်းမှာ ‘သွေး’ ကိုပုံဆောင်ကြောင်း ရှေးသာသနာပြုများ၏သွေးသွန်းခဲ့သောကြောင့်သာလျှင် ယနေ့ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယေဇူးသခင်၏တရား ရောက်ရှိလာခဲ့ခြင်း နှစ် (၅၀၀) ပြည့် ကောင်းကြီး တော်နှစ်ကို ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊  နှစ် (၅၀၀) တိုင်တိုင် ကျွန်ုပ်တို့အတွက် သွေးများသွန်းခဲ့ကြကြောင်း  ထိုသွေးကား စိန့် Lorenzo Ruiz၊ စိန့် Pedro Calungsod နှင့်ကျွန်ုပ်တို့၏ ဓမ္မအာ ဇာနည်များသွန်းခဲ့သော ‘ချစ်ခြင်းမေတ္တာသွေး’ များဖြစ်သည်ဟုဆိုသည်။     

 

              ACN အဖွဲ့အနေဖြင့် ဤလှုပ်ရှားမှု၌ မကြောက်မရွံ့ ပါ၀င်ဆင်နွှဲကြရန် ဖိလစ်ပိုင် ပြည်သူတို့အားတိုက်တွန်း ထားသည်။ အကြောက်တရားကင်းစွာဖြင့် ‘ရဲသွေးနီခြင်း’ ၏ဆိုလိုရင်းမှာ ‘ယေဇူးသခင်ကို မကြောက်မရွံ့သက်သေ ခံခြင်း’ ဖြစ်သည်။ အကြောက်တရား ကင်းရှင်းစွာ ချစ်ခြင်းဖြစ်သည်ဟုဆိုပါသည်။ 

 

            Legazpi သာသနာ၌ သာသနာပိုင်ဆရာတော် Joel Baylon ကရဟန်းတော်များအား ဖိနှိပ်၊ ညှဉ်းပမ်းနှိပ် စက်ခံနေရသော ခရစ်ယာန်များနှင့် ဤအခြေအနေမျိုးကို ကြုံတွေ့ဖြတ်သန်း နေရသောသူများအတွက် မစ္ဆာပူဇော်ပေး ရန်တိုက်တွန်းထားသည်။ အနီရောင်အမှတ်အသားသည် နိုင်ငံရေးပါတီများနှင့်မှားယွင်းနိုင်သောကြောင့် သတိထား ကြရန်၊ ယခုနှစ်၏ လှုပ်ရှားမှုဆောင်ပုဒ်မှာ ‘Red without fear: A Church journeying as one’ (ကြောက် ရွံ့မှုကင်းမဲ့စွာဖြင့်ရဲရင့်ရင်း သာသနာတော်ကြိးနှင့်အတူ စုစည်းစွာ အတူတကွခရီးဆက်စို့) ဖြစ်သည်။ ယခင်နှစ်ကမူ ACN အဖွဲ့သည် ဘာသာရေးကြောင့် ညှဉ်းပမ်းနှိပ်စက်ခံရသူတို့၏အဓိကလွှတ်လပ်ခွင့်ကို တောင်းဆိုလှုပ်ရှားခဲ့ သည်။ (၂၀၂၁) ခုနှစ်၌မူ ACN ၏အလုပ်အမှုဆောင်ဒါရိုက်တာဖြစ်သော မွန်ဆီညှော် Pedro Santos က ယခုနှစ် ၌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသန္တရနှင့်ကမ္ဘာကြီးနှင့်ဆိုင်သော သာသနာတော်ကြီးနှစ် ခုလုံးကိုပေါင်း ယှက်၍ ကျင်းပမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုနှစ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ယေဇူးသခင်၏ဧဝံဂေလိတရားတော် ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်နှစ်ပတ်လည်လည်းဖြစ်သကဲ့သို့၊ (၂၀၂၃) ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဓမ္မညီလာခံအတွက်လည်းပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံ၏ တရားတော်အတွက်အသက်စွန့်ခဲ့ကြသော ဓမ္မအာဇာနည်များ၏ ဧဝံဂေလိ တရားတော်အတွက် အသက်ပေးဆပ်ခဲ့မှုကိုပြန်လည်အမှတ်ရကျေးဇူးတင်ဂါရပြုသကဲ့သို့ ဓမ္မညီလာခံအတွက်လည်း ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ဤတရားတော်အတွက် အသက်စွန့်ခဲ့သော ဓမ္မအာဇာနည်များ၏စွန့်လွတ်ပေးဆက်မှု၊ နှင့်ကျွန်ုပ်တို့၏ နှစ် (၅၀၀) ကာလအတွင်း တိုင်းပြည် ၌ရှိ နေခဲ့သော ယေဇူးသခင်ကို ချစ်ခြင်းမှာ အလွန်ထူးခြားသော ယုံကြည်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

            ACN အဖွဲ့က ထိုအမှတ်ရကျင်းပသောလှုပ်ရှားသည့်နေ့ ည (၇း၀၀ မှ ၁၀း၉၉) အတွင်း၌ မိမိတို့ဘုရား ကျောင်း၏ ‌ရှေ့မျက်နှာစာကိုအနီရောင်များသုတ်၍ (သို့) အနီရောင် များသန်း နေစေရန်ပန်ကြားထားသည်။ ဤလှုပ်ရှားမှုကို (၂၀၁၆) ခုနှစ် အင်္ဂလန်နိုင်ငံ၌စတင်ကျင်းပခဲ့ပြီး နောက်နှစ်များ၌ ဖိလစ်ပိုင်လည်း ထိုလှုပ်ရှားမှုကိုကျင်း ပလာခဲ့သည်။

 (၂၀၂၀) ဇန္န၀ါရီလ၌ ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ‘Red Wednesday’ ကို ဖိလစ်ပိုင်နိုင်ငံ၏ သာသနာတိုင်း၌နှစ်စဉ်ကျင်းပရန်သတ်မှတ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3r7EX2R

 

Add new comment

5 + 12 =