‘Hagia Sophia အကြောင်းတွေးမိတိုင်းကျွန်ုပ်၀မ်းနည်းရတယ်’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘Hagia Sophia အကြောင်းတွေးမိတိုင်းကျွန်ုပ်၀မ်းနည်းရတယ်’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘Hagia Sophia အကြောင်းတွေးမိတိုင်းကျွန်ုပ်၀မ်းနည်းရတယ်’ ဟုရဟန်းမင်းကြီးမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် တနင်္ဂနွေနေ့မွန်းတည့်အန်ဂျေလူးမေတ္တာဆုတောင်းအပြီး၊ Hagia Sophia ဘာစီးလီကာဘု ရားအကျောင်းအကြောင်းကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။

ထိုခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်တို့၏ဗလီအ ဖြစ်အသုံးပြုတော့မည်ဖြစ်သည်။ ယမန်နေ့သည်အပြည်ပြည်ဆိုင်ရာအဏ္ဏ၀ါတနင်္ဂနွေနေ့လည်းဖြစ်သည်။ ထို့ ကြောင့်အဏ္ဏဝါလုပ်သားများ၊ အထူးသဖြင့်မိသားစု၊ နိုင်ငံနှင့်ဝေးကွာနေသူများ အားချစ်ခင်နွေးထွေးစွာဆု တောင်းနှုတ်ဆက်ခဲ့သည်။ ထို့အတူအီတလီဆိပ်ကမ်းဖြစ်သော Civitaveccchia-Tarquinia ၌မစားပူဇော်ရန်စုဝေး ရောက်ရှိနေသောဘာသာတူများအားလည်းနှုတ်ဆက်ဆုတောင်းပေးခဲ့သည်။

Hagia Sophia ဘာစီးလီကာကြီး

ပုပ်ရဟန်းမင်းကြီးသည်အထက်ကအကြောင်းအရာများကိုသတိတရရှိနေသကဲ့သို့ အီစတန်ဘူးလ်၌ဖြစ်ပျက်နေ သည့်အခြေအနေကိုလည်းမမေ့လျော့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအပတ်၌သမ္မတ Tayyip Erdogan သည်သူ၏ ဆုံးဖြတ်ချက်ကိုထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဆုံးဖြတ်ချက်ကား Hagia Sophia ပြတိုက်ကြီးကိုဗလီအဖြစ်ပြောင်းလဲအသုံးပြုတော့မည့်အကြောင်းဖြစ်သည်။ ဤအကြောင်းကိုတွေးမိတိုင်းအလွန်စိတ်မကောင်းဖြစ်ရသည်ဟုပုပ်ရဟန်းမင်းကြီး ထုတ်ဖော်မိန့်ကြားခဲ့သည်။

အဏ္ဏ၀ါတနဂ်နွေနေ့

အဏ္ဏဝါတနဂ်နွေသည် အဏ္ဏဝါလုပ်သားများအားအမှတ်ရပြီး၊ ကျေးဇူးတင်၊ ဆုတောင်းပေးသောနှစ်စဉ် ကျင်းပသည့်နေ့ဖြစ်သည်။ ယခုနှစ်သည်ယခင်နှစ်များနှင့်မတူပေ။ အဘယ်ကြောင့်ဆိုသော်ကက်သလစ်ဘာသာတူများ သာမဟုတ်ဘဲ အခြားသောခရစ်ယာန်အသင်းတော်များကလည်း ယခုကိုဗစ် (၁၉) ကပ်ဆိုးကာလ၌ အန္တရာယ် ကြားမှ အလုပ်လုပ်နေကြရသော အဏ္ဏဝါလုပ်သားများအတွက်သတိရဆုတောင်းပေးကြရန်တိုက်တွန်းနိုးဆော်ထားသည်။ ရောဂါကပ်ဆိုးကြီးဘေးရှိနေသော်လည်းပင်လယ်ရေလုပ်သားများသည် ပင်လယ်စာစျေးကွက် ၌စျေးကောင်းနေဆဲ ရှိပြီး၊ အထူး သဖြင့်ကျန်းမာရေးကုန်ပစွည်းများသယ်ယူပို့ဆောင်ရာတွင်စျေးကွက်အလွန်ကောင်းနေသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38RolRR

Add new comment

2 + 7 =