‘‘ဝါဝင်သည့်နေ့ဖြစ်သော ပြာခံပွဲအတွက် ညွှန်ကြားချက်တစ်ခုကို ဗာတိကန်ထုတ်ပြန်’’

‘‘ဝါဝင်သည့်နေ့ဖြစ်သော ပြာခံပွဲအတွက် ညွှန်ကြားချက်တစ်ခုကို ဗာတိကန်ထုတ်ပြန်’’

ကက်သလစ်ဘာသာဝင်တို့၏ ဝါဝင်သည့်နေ့ဖြစ်သော ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကျင်းပမည့် ပြာခံပွဲနေ့နှင့်ပတ်သက်၍ ညွှန်ကြားချက်တစ်ခုကို ဗာတိကန်က ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဘုန်းတော်ကြီးများလုပ်ဆောင်ရမည့်အချက်ကို အောက်ပါအတိုင်း ​ဖော်ပြထားသည်။

‘‘ရဟန်းသည် ြပာကို ကောင်းချီးပေးပြီးနောက် တိတ်ဆိတ်စွာဖြင့် မေတ္တာရေပက်ဖြန်းပြီးလျှင် ပြာခံပွဲတက်ရောက်လာသူတို့ ကြားနာစေရန် ဝိနည်းတော်စာအုပ်၌ ဖော်ပြထားသည့်အတိုင်း ‘နောင်တယူ၍ ဧဝံဂေလိ တရားတော်၌ ယုံကြည်ခြင်းရှိလော့’ဟူသောစာသားကိုလည်းကောင်း၊ ‘သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်သွားရမည်ကို သတိရလော့’ဟူသောစာသားကိုလည်းကောင်း တစ်ကြိမ်ရွတ်ဆိုရမည်။

ထို့နောက် လက်ကို ဆေးပြီးလျှင် နှာခေါင်းစည်းတပ်ကာ ဘာသာဝင်များကို မိမိထံသို့ လာစေ၍ဖြစ်စေ၊ ၎င်းတို့ရှိရာသို့ သွားရောက်၍ဖြစ်စေ မည်သည့်စာသားကိုမျှ ရွတ်ဆိုခြင်းမပြုဘဲ ပြာခံခြင်း အမှတ်အသားကို ပြုလုပ်ပေးရမည်’’ဟု ဖော်ပြထားလေသည်။

(မျိုးကြဲသူ)

(Ref: "Vatican modifies distribution of ashes for Ash Wednesday" by Vatican News, vaticannews.va/en)

Add new comment

2 + 0 =