‘‘ကိုဗစ်-၁၉ ကာကွယ်ဆေးအထိုးခံရမည့်ပထမဆုံးစာရင်းတွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) (ငြိမ်း) ပါဝင်’’

‘‘ကိုဗစ်-၁၉ ကာကွယ်ဆေးအထိုးခံရမည့်ပထမဆုံးစာရင်းတွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) (ငြိမ်း) ပါဝင်’’

ဗာတိကန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိရာ ပထမဆုံးအထိုးခံရမည့်စာရင်းတွင် သက်တော်(၉၃)နှစ်ရှိပြီ ဖြစ်သော ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) (ငြိမ်း) ပါဝင်ကြောင်း သိရသည်။

သက်တော် (၈၄)နှစ်ရှိပြီး အဆုတ်တစ်ခြမ်းသာရှိသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်လည်း ကာကွယ်ဆေးအထိုးခံရန် စာရင်းပေးထားပြီးဖြစ်ကြောင်း ၎င်းကိုယ်တော် တိုင်မိန့်ကြားခဲ့ပြီးဖြစ်သည်။

ဗာတိကန်ရှိ​ ကျန်းမာရေးတာဝန်ခံများက ကာကွယ်ဆေးများသိုလှောင်ရန် လိုအပ်သော ရေခဲသေတ္တာအမျိုးအစားကို ဝယ်ယူတပ်ဆင်ပြီးဖြစ်ကြောင်း၊ ဗာတိကန်ရှိ ကျန်းမာရေးဝန်ထမ်းများ၊​ လုံခြုံရေးဝန်ထမ်းများ၊ အများပြည်သူနှင့် အဓိကထိတွေ့ဆက်ဆံရသူများနှင့် အသက်အရွယ် ကြီးရင့်သူများကို ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးကို ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ထိုးနှံမည်ဖြစ်ကြောင်း ယခင်က သတင်းထုတ်ပြန်ချက်များရှိခဲ့သော်လည်း ရက်အတိအကျကိုမူ ပြောကြားခြင်းမရှိချေ။

(မျိုးကြဲသူ)

(Ref: "Benedict XVI will be among first at Vatican to get Covid vaccine", by Kathleen N. Hattrup, aleteia.org)

Add new comment

16 + 2 =