Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘အားကစားသည် ချစ်ခင်ရင်းနှီးမှု မွေးဖွားရာနေရာအဖြစ်ဖန်တီးကြစို့’ ဟုပုပ်ဖရန်စစ်းက ဗာတီကန်ဘောလုံးအသင်းနှင့်တွေ့ဆုံစဉ်အားပေးတိုက်တွန်းခဲ့
‘အားကစားသည် ချစ်ခင်ရင်းနှီးမှု မွေးဖွားရာနေရာအဖြစ်ဖန်တီးကြစို့’ ဟုပုပ်ဖရန်စစ်းက ဗာတီကန်ဘောလုံးအသင်းနှင့်တွေ့ဆုံစဉ်အားပေးတိုက်တွန်းခဲ့
ရံပုံငွေပွဲအတွက် ရောမမှဘောလုံးအသင်းတစ်သင်းနှင့်ကစားကြမည့် ဗာတီကန်ဘောလုံးအသင်းနှင့်တွေ့ဆုံ ၍ ရဟန်းမင်းကြီးက ဩ၀ါဒချီးမြှင့်ခဲ့ သည်။
အသင်း၀င်များမှာ ရဟန်း မင်းကြီးသက်တော်စောင့် (ဗာတီကန်ရဲ) များ၊ ရဟန်းတော်များ၊ ဗာတီကန်၀န်ထမ်းများ၊ ရွှေ့ပြောင်းများနှင့်ဦးနှောက် ဖွံ့ဖြိုးမှုနှေးသောဝေဒနာခံစားနေရသည့် လူငယ်လေးတစ်ဦးလည်းပါပါသည်။ ဤပွဲစဉ်ကို လားဇီအိုဘောလုံးအသင်း၏လေ့ကျင့်ရေးကွင်းတွင်ကျင်းပခဲ့ သည်။
ဩ၀ါဒ၌ ရဟန်းမင်းကြီးက ‘ယနေ့ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီအစ်ကို၊ သူငယ်ချင်းများနှင့်သမိုင်း၀င်သော ဘောလုံးပွဲကိုနွှဲကြမည်ဖြစ်သည်။ ရဟန်းမင်းကြီး၏အသင်း၀င်အဖြစ်ကစားရန်သဘောတူသောကြောင့်သင်တို့ကို ကျေးဇူးအထူးတင်ပါသည်။ ဤအသင်းသည် ခွဲခြားသတ်မှတ်ချက်မရှိပေ။ အားလုံးကိုလက်ခံကစားခွင့်ပြုသောဥ ပဒေကိုကိုင်စွဲထားသည်’ ဟုမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးသည်ပြီးခဲ့သော စက်တင်ဘာလက ဆလိုဗက်ကီးယား နိုင်ငံသို့ကြွရောက်ခဲ့ရာ Košice ၌ရောက်ရှိနေသော ရောမမြို့သားတစ်ဦး၏ပြောပြချက်ကိုပြန်လည်သတိရနေမိသည်။ ထိုအချက်ကို ရဟန်းမင်းကြီးက ယခုရောမဘောလုံးအသင်းနှင့်တွေ့ဆုံစဉ်ပြန်လည်ဝေမျှခဲ့သည်။ ဆလိုဗက်ကီး ယားနိုင်ငံ၊ Košice မြို့ရှိရောလူမျိုးတို့အား ‘သင်တို့သည် အများ၏ရမ်းတမ်းဆုံးဖြတ်ခြင်းကိုခံရ၊ အထင်အမြင်သေး ခြင်းကိုခံရ၊ ထိခိုက်သောစကား၊ မဖွယ်မရာအပြုအမူများဖြင့်စော်ကားခံရသောသူများဖြစ်နေကြသည်။ အမှန်မှာ ကျွန်ုပ်တို့အားလုံးသည် အလွန်ဆင်းရဲသူများဖြစ်သည်။ လူမှုအသိုင်းအ၀ိုင်း၌ အလွန်ပင်ဆင်းရဲသူများဖြစ်နေကြ သည်’ ဟုမိန့်ကြားခဲ့သည်။
တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးက ကလေးသူငယ်အခွင့်အရေးကိုလည်း ထည့်သွင်းမိန့်ကြားခဲ့သည်။ ကလေးများသည် နှိမ်ချဆက်ဆံမှုလုံး၀မပြုဘဲ ကလေးအခွင့်အရေးအပြည့်ဖြင့်ကြီးထွားလာရမည်။ အားကစား၏ တန်ဖိုးကိုလည်းအသိအမှတ်ပြုရမည်။ အားကစားသည် လူမှုရေး၊ ဘာသာရေး၊ ပညာရေးနောက်ခံမတူသောသူများ ကိုအတူတကွပေါင်းစည်းပေးသည်။ အားကစားဖြင့် ရင်းနှီးသိကျွမ်းလာရသည်။ တန်းတူညီမျှမှုနှင့်ချစ်ခင်ရင်းနှီးမှုများ ဖြင့် အသိုင်းအ၀ိုင်းကိုတည်ဆာက်နိုင်သည်’ မိန့်ကြားခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီးအား သူ၏အမည်ကို ရိုးမ အ မည်ဖြင့်ရေးထိုး ထားသော ဘောလုံးအကျီတစ်ထည်ကိုလက်ဆောင်ပေးခဲ့သည်။ အရှေ့ဘက်၌မူ ဘောလုံး၌ လူမျိုးရေးခွဲ ခြားမှု၊ နှိမ့်ချဆက်ဆံမှု၊ ဆင်းရဲခြင်းများကိုအတူတကွတိုက်ထုတ်စို့’ ဟုဘောလုံးအကျီပေါ်၌ရေးထိုးထားသည်။
ဘော လုံးပွဲ၏ကွင်းလယ်ဒိုင်ကိုလည်း လားဇီအိုအသင်း၏ဥက္ကဌဖြစ်သူ Ciro Immobile မှကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ပွဲစဉ်အဆုံး၌ ရလာဒ်မှာ (၇ - ၇) ဖြင့်သရေကျသွားခဲ့သည်ဟု Rome Reports မှဖော်ပြထားသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment