‘အင်္ဂလီကန်တို့သည် တန်ဖိုးရှိသောခရီးသွားဖော်များဖြစ်ကြသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘အင်္ဂလီကန်တို့သည် တန်ဖိုးရှိသောခရီးသွားဖော်များဖြစ်ကြသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ‘အင်္ဂလီကန်’ တို့သည် တန်ဖိုးရှိသောခရီးသွားဖော်များဖြစ်သည်ဟု အင်္ဂလီကန်-ရိုမန် ကက်သလစ်အပြည်ပြည်ဆိုင်ရာတွေ့ဆုံဆွေးနွေးရေးအဖွဲ့ (ARCIC) အား မေလ (၁၃) ရက်နေ့ကမိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက လာမည် (၂၀၂၃) ၌ကျင်းပမည့် နှစ်နှစ်တာပြင်ဆင်လာခဲ့သော ဆီးနော့ဒ်၌လည်းပါ၀င်လိမ့်မည်ဟုမျှော် လင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်၌ အင်္ဂလီကန်ကိုလည်းချန်လှပ်ထား၍လုံး၀မဖြစ်ကြောင်း၊ ၄င်းတို့ အားခရီးသွားဖော်ကောင်းများအဖြစ်တန်ဖိုးထားကြောင်း၊ ရဟန်းမင်းကြီးသည် ပြီးခဲ့သောဇူလိုင်ကအင်္ဂလီကန်အသင်း တော်၏ ခေါင်းဆောင် ကင်တာဘူရီဂိုဏ်းချုပ်ဆရာတော် Justin Welby နှင့်တောင်ဆူဒန်သို့ခရီးအတူသွားမည်ဖြစ် ကြောင်း၊ အရေးကြီးသောခြေလှမ်းဖြစ်၍ သင်တို့၏ဆုတောင်းမေတ္တာကိုလည်းတောင်းခံလိုကြောင်း၊ ယခုသွားခြင်းသည် ခရစ်ယာန်ညီအစ်ကိုများပေါင်းစည်း၍ပြုသော ငြိမ်းချမ်းရေးခရီးစဉ်ဖြစ်ကြောင်း၊ တောင်ဆူဒန်ရှိခရစ်ယာန်များလည်းအ လင်းတရားရ၍ ပြန်လည်ကျေအေးသင့်မြတ်ခြင်း၊ စိတ်ရှည်သီးခံသော သဘောတူညီမှုရှိရန်၊ မကောင်းမှုများ၊ အကြမ်းဖက် မှုနောက်ခံသောအကျိုးမရှိသည့်လုပ်ရပ်များ၊ လက်ကိုင်စွဲသည့်လုပ်ရပ်များကိုငြင်းဆန်တတ်စေရန်ဖြစ်သည်ဟုဆိုသည်။

အင်္ဂလီကန်ဘာသာ၀င်သည် ကက်သလစ်သာသနာနှင့်အရှေ့တိုင်းဩသိုဒေါ့စ်ပြီးလျှင် ကမ္ဘာပေါ်၌ တတိယဘာသာ၀င်အများဆုံးဖြစ်သည်။ မှန်းချေအရဘာသာ၀င် (၈၅) သန်းခန့်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၆၅) နိုင်ငံတွင်ရှိသည်။

ရိုမန် ကက်သလစ်-အင်္ဂလီကန်အပြည်ပြည်ဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ (ARCIC) ကို (၁၉၆၇) ခုနှစ်၌ ကင်တာဘူရီ၏ ဂိုဏ်းချုပ်ဆရာတော် Michael Ramsey နှင့်ရဟန်းမင်းကြီးပေါလ် (၆) တို့မှပူးပေါင်းဖွဲ့စည်းခဲ့သည်။

ယခုတတိယတစ် ကြိမ်တွေ့ဆုံခြင်း၏ ဆောင်ပုဒ်မှာ ‘“Walking Together on the Way’ (လမ်းကြောင်းပေါ်၌အတူတကွလျှောက်လှမ်း ခြင်း) ဖြစ်သည်။

တောင်ဆူဒန်သို့ကြွရောက်ရန်အစီအစဉ်သည် ဒေသမတည်မငြိမ်ဖြစ်နေသောကြောင့် ရွေ့ဆိုင်းထားရ သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3U8IWHM

 

Add new comment

5 + 0 =