‘အခြေခံအခွင့်အရေးကိုငြင်းပယ်ခြင်းသည် လူ့ဂုဏ်သိက္ခာကိုငြင်းပယ်ခြင်းဖြစ်’ ဟု ပုပ်ရဟန်းမင်း ကြီးကတရားသူကြီးများအားမိန့်

‘အခြေခံအခွင့်အရေးကိုငြင်းပယ်ခြင်းသည် လူ့ဂုဏ်သိက္ခာကိုငြင်းပယ်ခြင်းဖြစ်’ ဟု ပုပ်ရဟန်းမင်း ကြီးကတရားသူကြီးများအားမိန့်

‘အခြေခံအခွင့်အရေးကိုငြင်းပယ်ခြင်းသည် လူ့ဂုဏ်သိက္ခာကိုငြင်းပယ်ခြင်းဖြစ်’ ဟု ပုပ်ရဟန်းမင်း ကြီးကတရားသူကြီးများအားမိန့်

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် (၇၀) ကြိမ်မြောက် အမျိုး သားကွန် ဂရက်စ်ကို လေ့လာရန်ရောမ၌ရောက်ရှိနေသော အီတလီ ကက်သလစ်တ ရားသူကြီးများ အားမိန့်ခွန်း မိန့်ကြား ခဲ့သည်။ ကွန်ဂရက်စ်၏ဆောင်ပုဒ်ဖြစ်သော ‘နောက်ဆုံးသူ၊ အားနည်းသူများအား တရားဥပဒေ ၏အ ကာ အကွယ်ပေးရမည်’ ဟုဖြစ်သည်။ 

 

ကျွန်ုပ်တို့၏အခြေခံကျသောခေါ်တော်မူခြင်းသည် ယုံကြည်ခြင်းကိုအခြေခံရမည်။

 

            ရဟန်းမင်းကြီးသည် သူ၏မိန့်ခွန်းကို ‘သူ၏အမြင်၊ သူ၏နှလုံးသား၌ မကြာမီက ကြွရောက် ခဲ့ သော တမန် တော်ခရီးစဉ်၏ခံစားချက် များဖြင့်ပြည့်နေကြောင်း၊ ဒုက္ခသည်များထားရှိသော Lesbos သို့ ကြွရောက်လည်ပတ်ရာ လူသားနှင့်လူ့အခွင့်အရေးကိုလေးစားရန်အထူးလို အပ်ကြောင်း အထူးသဖြင့် လူ့ အခွင့်အရေး များတိုးမြှင့်လုပ်ဆောင် ရန်ပျက်ကွက်နေကြသောတိုက်များ၌ပို၍လိုအပ်ကြောင်း၊ လူ့ ဂုဏ် သိက္ခာကို အခွင့်အရေးများဖြင့်ကာကွယ်ပေးရမည်။ လူ့ဂုဏ်သိက္ခာသည် အရာရာ ထက်ရှေ့ တန်း တင် ရမည်။ ကျွန်ုပ်တို့သည် ဤရှုထောင့်နှင့်အဘယ်မျှ နီးစပ်စွာလုပ် ဆောင်နေသနည်း။ လူမှုအသိုင်းအ၀ိုင်း၌ နိစ္စဓူ၀ အကြမ်းဖက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မသိကျိုးကျွံပြုခြင်း၊ ဖျောက်ဖျက်ခြင်း စသော အမှုကိစ္စ များဖြင့် ပြည့်နက်နေသည်။ ကက်သလစ်ဘာသာ၀င်တရားသူကြီးများအနေဖြင့် ဤသို့လွှဲမှားတိမ်းစောင်းနေမှုကို သင်တို့ စွမ်းသလောက် ပြန်လည်တည့်မတ်ပေးရမည်။ သတိရှိရမည်။ တာ၀န်ရှိသည်ကို လည်း သိရ မည်။ ဤအသိသည် ယုံကြည်ခြင်းသို့ဦးတည် သောသင်တို့၏ခေါ်တော်မူခြင်းဖြစ်သည်ဟုဆိုသည်။       

 

အားနည်းသူတို့ကိုကာကွယ်ပေးပါ။

 

            အခြားသောအချိန်များထက် ကက်သလစ်ရှေ့နေများသည် အားနည်းသူတို့၏ အခွင့်အရေးကို ကာကွယ် မြှင့် တင်ပေးရန် ပို၍တိုက် တွန်းဆော်အောခြင်းခံရသည်။ လူမူရေးစနစ်သည် ကျောသား ရင်သား မခွဲခြားဘဲထည့်သွင်းသ ယောင်ရှိသော်လည်း လက်တွေ့၌မူ ဩဇာ၊ အာဏာ၊ ပြောဆို ပိုင်ခွင့် မရှိသူများသည် ခွဲခြားဆက်ဆံခံနေရသည်။ ရ ဟန်းမင်းကြီးသည် အထူးသဖြင့်အလုပ်သမား၊ ရွေ့ပြောင်း၊ မကျန်း မာသူများ၊ မမွေးဖွားသေးသော သန္ဓေသားများ၊ သေလုနီးပါးဖြစ်နေသူများ၊ နွမ်းပါးချို့တဲ့သူများ၏ အခွင့် အရေးကိုအလေးပေးမိန့်ကြားခဲ့ သည်။ အဘယ်ကြောင့်ဆို သော် အထက်က ဆိုခဲ့သော လူတန်းစား များ၏အခွင့်အရေးများ ငြင်းပယ်ခံနေရ၊ လစ်လျူရှုခံနေရသည်။ အခြေခံ အခွင့် အရေးကိုငြင်းပယ်ခြင်း၊ လူ့ဂုဏ် သိက္ခာကိုငြင်းပယ်ခြင်း၊ ကာယ၊ စိတ်ပိုင်း၊ ၀ိညာဉ်ပိုင်းဆိုင်ရာနှင့်မျှတသောလုပ် အားခငြင်း ပယ် ခံရ ခြင်းတို့သည် လူ့ဂုဏ်သိက္ခာကို ငြင်းပယ်ခြင်းဖြစ်သည်။

            အခွင့်အရေးကို စည်းစနစ်တစ်ခုကဲ့သို့အသိအမှတ်ပြုပြီး၊ လက်တွေ့ကျစွာအာမခံပေးခြင်း၊ အား နည်း သူများ အားကာကွယ်ခြင်း သည် ကျွန်ုပ်တို့အားလူသားစစ်ဖြစ်စေသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့ သည် ဥပဒေ၏ကြီးစိုးလွှမ်း မိုးမှုကိုခံရပြီး၊ မတရားမှုကျူးလွန်ရန် အခွင့်အရေး ဖန်တီးပေး လိုက်သကဲ့ သို့ဖြစ် သွားပေမည်။ ဤအကြောင်းကြောင့် အားနည်းသူတို့အား ကာကွယ်စောင့်ရှောက်ပေး သည့်ဥပ ဒေ သည် အစိုးရတစ်ရပ်မှချမှတ်အတည်ပြုမှသာ ဖော် ဆောင်ရမည်မဟုတ်။ ကက်သလစ် တရားသူကြီး တို့ သည် ချို့တဲ့နွမ်းပါးသူတို့၏အခွင့် အ‌ရေးကိုမေတ္တာရပ်နေခံ ခြင်း မဟုတ်။ လူ့ဂုဏ်သိက္ခာကို အသိ အမှတ် ပြု သောအားဖြင့် ထိုအခွင့်အရေးကိုကြေညာရမည်။ ဤသည်ကား ကက် သလစ်တရား သူကြီး တို့၏လုပ် ပိုင် ခွင့်ဖြစ်သည်။ ကက်သလစ်တရားသူကြီးများသည် မိမိတို့ကျွမ်းကျင်ရာအပိုင်း၌ အကြံပေး၊ ရှေ့နေ (သို့) တရား သူကြီးအနေဖြင့် အားနည်းသူတို့၏ဂုဏ်သိက္ခာရသည်အထိတောင်းဆိုပေးရမည်။ ဤသို့ဖြင့် တရား သူကြီးတို့သည် ညီအစ်ကိုရင်း စိတ်ဓာတ်ကိုတည်ဆောက်ရာရောက်သည်။ ဤနည်း အားဖြင့် မဟုတ် ပါက လူ တစ်ဦးစီ၌ ခတ်နှိပ်ထားသော ဘုရားသခင်၏ ရွှေပုံ သဏ္ဍာန်တော်ကိုဖျက် ဆီးရာရောက် ကြောင်း မိန့်ကြားခဲ့သည်။     

 

RVA  ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/31Wl9Fc

Add new comment

2 + 5 =