‘သာသနာအတွင်း၊ သာသနာနှင့်အတူအစဉ်ရှိနေပါ’ ဟုရဟန်းမင်းကြီးတိုက်တွန်း

‘သာသနာအတွင်း၊ သာသနာနှင့်အတူအစဉ်ရှိနေပါ’ ဟုရဟန်းမင်းကြီးတိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်သည် ဘာသာရေးအသင်းအဖွဲ့တစ်ခုဖြစ်သော Neocatechumenal အဖွဲ့အား သန့်ရှင်း သော၀ိညာဉ်တော်ဘုရားရိုကျိုးရန်နှင့်ယေဇူးသခင်ကိုနာခံရန်၊ သာသနာအတွင်း၌၊ သာသနာနှင့်အတူရှိနေရန် ဗာတီကန်၌ အဖွဲ့၀င် (၅၅၀၀) နှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ မတူညီသော ယဉ်ကျေးမှုသည် သာသနာတော်ကြီးအတွက်ကြွယ်၀ခြင်းတစ်မျိုးဖြစ်ကြောင်း၊ ယေဇူးသခင်၏လူ့အဖြစ်ကိုခံယူသည့် သဘောသဘ၀သည် ယဉ်ကျေးမှုအားလုံးကိုသက်ရောက်မှုရှိကြောင်း၊ ယေဇူးသခင်၏ဧ၀ံဂေလိတရားသည် မတူကွဲပြားသောယဉ်ကျေးမှုနှင့် သဟဇာတဖြစ်စေခဲ့ကြောင်း သို့သော်အတူတူပင်ဖြစ်ကြောင်းဆိုခဲ့သည်။

ရဟန်းမင်းကြီးသည် အဆိုပါအဖွဲ့၀င်များအား မိမိတို့သာသနာ ပိုင်ဆရာတော်များနှင့်ချိပ်ဆက်လုပ်ဆောင်ရန် အဘယ်ကြောင့်ဆိုသော် သူတို့သည် သာသနာ၏သိုးထိန်းများဖြစ်ကြ ကြောင်း ရှင်းပြခဲ့သည်။

ဤအဖွဲ့၀င်များသည် (၁၀) ကြိမ်မြောက် ကမ္ဘာ့မိသားစုအစည်းအ‌ဝေးကြီးမပြီးဆုံးမီ တစ်ရက်အလိုက ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံခြင်း၌ ရဟန်းမင်းကြီးက မိသားစု (၄၃၀) စုကို ဧ၀ံဂေလိတရားဟောကြားရန် ကမ္ဘာ့နိုင်ငံအသီးသီးသို့စေလွှတ်ခဲ့သည်။ အဆိုပါမိသားစုများသည် ဤအဖွဲ့အစည်း၀င်များဖြစ်ကြသည်။ သာသနာပြုတို့၏
ခရူးစူးကိုလည်းကောင်း၊ စေလွှတ်ခြင်းခံမည့် မိသားစုများကိုလည်းကောင်း ရဟန်းမင်းကြီးမှကောင်းကြီးပေးခဲ့သည်။ အဆိုပါအဖွဲ့၀င်ထဲ၌ ယူကရိန်းမှမိသားစုများလည်း ၄င်းတို့၏ဆရာတော်များနှင့်အတူပါ၀င်ခဲ့သည်။ ရောမသာသနာမှမိသား စုများလည်းပါသည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ် အဖွဲ့၏ဦးဆောင်သူဖြစ်သော Kiko Arguello က စပိန်နိုင်ငံ၊ မာဒရစ်ဂိုဏ်းချုပ်သာသ နာအနေဖြင့် လွန်ခဲ့သော (၂၀၁၆) ခုနှစ်ကွယ်လွန်ခဲ့သော Carmen Hernandez အားရဟန္တာအဖြစ်တင်မြောက်နိုင်ရေး ပထမအဆင့်ကိုပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း အားလုံးကိုအသိပေးပြောကြားခဲ့သည်။ Carmen Hernandez သည် ဤအဖွဲ့၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။ ရဟန္တာတင်မြောက်ရေးအတွက် သာသနာအဆင့်လုပ်ဆောင်မှုကို ယမန်နှစ်ကအစ ပြုခဲ့သည်။ ဤအဖွဲ့အစည်းသည် စပိန်၌ (၁၉၆၄) ခုနှစ်ကစတင်မွေးဖွားလာခဲ့ကြောင်း၊ ရဟန်းမင်းကြီးပေါလ် (၆) ၏အားပေး အားမြောက်မှုကိုလည်းခံယူခဲ့ရကြောင်း အဘယ်ကြောင့်ဆိုသော် ဗာတီကန် (၂) အစည်းအ‌ဝေးကြီး၏လမ်းညွှန်ချက်မှ ထွက်ပေါ်လာသောအသီးအပွင့်အဖြစ်လက်ခံသည်။ ဤအဖွဲ့အစည်းအနေဖြင့် မိသားစုများအား ကက်သလစ်သာသနာ တော်၏ယုံကြည်ခြင်းကိုသက်သေခံသူများအဖြစ်ပုံသွင်းပေး၍ သာသနာတော်ထွန်းကားမှုအားနည်းသောနိုင်ငံများသို့စေ လွှတ်ဟောကြားစေလေ့ရှိသည်ဟုဆိုသည်။ (SW)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of : SW

https://bit.ly/3osSTlk

Add new comment

8 + 1 =