Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘သန့်ရှင်းကျန်းမာသောပတ်၀န်းကျင်ရရှိရေးသည် လူသားတိုင်း၏အခွင့်အရေးဖြစ်သည်’ ဟု ပုပ်ဖရန်စစ်မိန့်ကြား
‘သန့်ရှင်းကျန်းမာသောပတ်၀န်းကျင်ရရှိရေးသည် လူသားတိုင်း၏အခွင့်အရေးဖြစ်သည်’ ဟု ပုပ်ဖရန်စစ်မိန့်ကြား
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဥရောပကောင်စီသို့ ‘သန့်ရှင်းကျန်းမာသောပတ်၀န်းကျင်ရရှိရေးသည် လူသား တိုင်း၏အခွင့်အရေးဖြစ်သည်’ ဟုမိန့်ကြားပြီး၊ စကားဖြင့်သာမဟုတ်ဘဲ ချက်ချင်းလက်တွေ့ကျသောလုပ်ရပ်ဖြင့် လူသားတို့၏ဘုံစံအိမ်ကိုကာကွယ်ရန်တောင်းဆိုလိုက်သည်။
ဤသတင်းစကားကို သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲအတွက် ပေးပို့လိုက်ခြင်းဖြစ်သည်။ ဤဆွေးနွေးပွဲကို COP26 ဟုခေါ် သော ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ ပညာပေးလုပ်ဆောင်နေသောအဖွဲ့များက စီစဉ်ခဲ့သည်။
ကမ္ဘာ့ရာသီဥတုပူနွေးလာမှုဆိုင်ရာ အစည်းေ၀းကြီးကို ဂလပ်စ္စကို ၌မကျင်းပမှီ ကြိုတင်တွေ့ဆုံဆွေးနွေးထား သည့်သဘောဖြစ်သည်။ ဤဆွေးနွေးပွဲ၌ ‘သဘာ၀ပတ်၀န်းကျင်နှင့်လူ့အခွင့်အရေး’ ဆိုင်ရာကို အဓိကထားဆွေးနွေး ကြမည်ဖြစ်သည်။ လုံခြုံမှုရှိခွင့်၊ နေကောင်းကျန်းမာစွာနေထိုင်နိုင်ခွင့်နှင့်သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းခွင့်’ စသည့်အချက်များသည် လာမည့်ဆွေးနွေးပွဲ၏အဓိကအကြောင်းအရာများဖြစ်ကြသည်။ ထိုဆွေးနွေးပွဲကို (၂၀၂၁) စက်တင်ဘာ (၂၀ မှ ၃၀) အထိ Strasburg ၌ကျင်းပမည်ဖြစ်သည်။
ရဟန်းမင်းကြီး၏ဗွီဒီယိုဖိုင်လ်မိန့်ခွန်းကို ဗုဒ္ဓဟူးနေ့ကပေးပို့ခဲ့သည်။ ဤအခြေခံကျလွန်းသောအကြောင်း အရာကိုဇောင်းပေးလုပ်ဆောင်စေလိုသည်ကို ချက်ချင်းအစပြုရန်ထပ်မံတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ဗာတီကန်အ နေဖြင့် ဤအဖွဲ့အစည်း၌ လေ့လာသူသာဖြစ်သော်လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ အလွန်စိတ်၀င်တစားပါ ၀င်နေကြောင်း၊ လက်ရှိကမ္ဘာကြီးကြုံတွေ့နေသော မြေကမ္ဘာပျက်စီးနေမှုများနှင့်ပတ်သက်၍ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းချက်များကို ထောက်ခံရမည်၊ တန်ဖိုးထားလိုက်နာရမည်ဖြစ်ကြောင်းတိုက်တွန်းထားသည်။
ကမ္ဘာကြီးသည် ဘုရားသခင်ကျွန်ုပ်တို့အားပေးထားသည့် အကြီးမားဆုံးသောအရင်းအမြစ်
ရဟန်းမင်းကြီးသည် ဤအကြောင်းအရာနှင့်စပ်လျင်း၍ (၂၀၁၄၊ နို၀င်ဘာ ၂၅) ကလည်း တစ်ကြိမ်မိန့်ခွန်း ချွေခဲ့ပြီးဖြစ်သည်။ ထိုမိန့်ခွန်း၌မိန့်ကြားခဲ့သောအကြောင်းအရာများအနက်မှ ‘ကမ္ဘာကြီးသည် ဘုရားသခင်ကျွန်ုပ်တို့ အားပေးခဲ့သည့် အကြီးမားဆုံးသောအရင်းအမြစ်ဖြစ်သည်။ ကျွန်ုပ်တို့အားအသုံးပြုခွင့်ပေးထားကြောင်း၊ သို့သော် ဖျက်ဆီးရန်မဟုတ်။ အလွဲသုံးစွဲခြင်း၊ ပျက်ဆီးအောင်လုပ်ဆောင်ခြင်းများကိုမပြုလုပ်ရ ၊ သို့မှသာ ကမ္ဘာကြီး၌ဂုဏ်သိ က္ခာရှိရှိနေထိုင်နိုင်မည်ဖြစ်သည်။ ကမ္ဘာကြီးအားစောင့်ရှောက်ထိန်းသိမ်းခြင်းသည် သဘာ၀တရားကပေးသောတာ ၀န်ဖြစ်သည်။ ခရစ်ယာန်များကသာ တာ၀န်ရှိသည်မဟုတ်ပေ။ စိတ်ကောင်းနှလုံးကောင်းရှိသူတိုင်း၌တာ၀န်ရှိသည်။
ယခု ဥရောပကောင်စီ၏ လက်တွေ့ဖော်ဆောင်ရန်ဆုံးဖြတ်ချက်သည် ဥရောပတိုက်အတွက်သာ အကျုံး၀င် စေရုံမျှမဖြစ်ရ။ ကမ္ဘာတစ်၀ှမ်းလုံးကိုလွှမ်းခြုံရမည်။ ထို့ကြောင့် ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ် သက်သော ကောင်စီ၏ဆုံးဖြတ်ချက်သည် အခြေခံလူ့အခွင့်အရေးလေးစားလိုက်နာမှုပါရှိနေသောကြောင့် ဗာတီကန် ကလည်း လက်ခံကြိုဆိုသည်။
ပြုပြင်ပြောင်းလဲမှုကို အရေးတကြီးလုပ်ဆောင်ရန်လို
လူသားသည် စကြာ၀ဋာ၏ထိန်းသိမ်းစောင့်ရှောက်သူအဖြစ်မခံယူတော့ဘဲ အရှင်သခင်အဖြစ်ခံယူလာသော အခါ လောဘစောတိုက်၍ ၄င်းတို့လုပ်ဆောင်သမျှသည် တရားသဖြင့်လုပ်ဆောင်သည်ဟုခံယူပြီး၊ အခြားသူများနှင့် သဘာ၀တရားကိုမူ အသုံးခံ၀တ္ထုသက်သက်မျှသာသဘောထားခြင်းသည် လူ့အခြေခံအခွင့်အရေးများကိုငြင်းပယ်၍ ဂုဏ်သိက္ခာမဲ့စွာရှင်သန်စေခြင်းကိုတဖြေးဖြေးဖွံ့ဖြိုးလာစေသည်။ ထို့ကြောင့်လိုအပ်သည်ထက်ထုတ်လုပ်သုံးစွဲ သောခေတ်သစ်နေထိုင်မှုပုံစံကို ရဟန်းမင်းကြီးကသတိပေးခဲ့သည်။ ဤနေထိုင်မူပုံစံသည် အပျက်အစီးများစွာကိုဖြစ် ပေါ်စေသည်။ ထို့ကြောင့် ပြောင်းလဲမှုကိုလုပ်ဆောင်ရန်ထပ်မံတိုက်တွန်းနေသည်။ အားလုံးသည် ချိပ်ဆက်နွယ် ယှက်နေသည်။ လူသားထုတစ်ရပ်လုံး၏မိသားစုအဖြစ် ကျွန်ုပ်တို့၏ပတ်၀န်းကျင်သည် ပိုမိုသန့်ရှင်းရန်၊ ပိုမိုစင် ကြယ်ရန်၊ ထိန်းသိမ်းကာကွယ်ရန်အားလုံးဂရုစိုက်ရမည်။ ကျွန်ုပ်တို့သည် သဘာ၀ကိုဂရုစိုက်လျှင် သဘာ၀တရား သည်လည်းကျွန်ုပ်တို့ကိုဂရုစိုက်မည်။
အားလုံးနှင့်ဆိုင်သောတာ၀န်
သဘာ၀တရားကိုထိန်းသိမ်းစောင့်ရှောက်ခြင်းသည် တစ်ဦးစီနှင့်ဆိုင်သကဲ့သို့၊ အားလုံးနှင့်လည်းဆိုင်သော တာ၀န်တစ်ရပ်ဖြစ်သည်။ သို့မှသာ လူသားတိုင်း၏အခွင့်အရေးဖြစ်သော ‘လုံခြုံမှု၊ ကျန်းမာခြင်းနှင့်ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း’ ကိုအာမခံပေးနိုင်ပေမည်။ အထူးသဖြင့် အနာဂါတ်မျိုးဆက်များအတွက် ပို၍အရေးပါ ကြောင်း၊ နောက်ဆုံး၌ ရဟန်းမင်းကြီးအနေဖြင့် လွှတ်တော်အစည်းအ ေ၀းနှင့်ဥရောပကောင်စီအနေဖြင့် ပိုမိုကျန်းမာသော၊ ပိုမိုသာယာသော၊ ထိန်းသိမ်းကာကွယ်နိုင်သောကမ္ဘာကြီးကိုတည်ဆောက်နေသော၊ စီစဉ်နေသောအဖွဲ့အ စည်းအဖြစ်ဂုဏ်ဖော်နိုင်မည်ဖြစ်ကြောင်းတိုက်တွန်းထားပါသည်။
ဘာသာပြန်ဆိုသူ ။ ။ ဖာသာရ်ကလဲမင့်အားတယ်
Add new comment