‘သတင်းမှန်မမှန်ဦးစွာ စစ်ဆေးပြီးမှသာ သတင်းကိုဖြန့်ပါ’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘သတင်းမှန်မမှန်ဦးစွာ စစ်ဆေးပြီးမှသာ သတင်းကိုဖြန့်ပါ’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘သတင်းမှန်မမှန်ဦးစွာ စစ်ဆေးပြီးမှသာ သတင်းကိုဖြန့်ပါ’ ဟုရဟန်းမင်းကြီးမိန့်ကြား

         ယမန်နေ့က အမိကက်သလစ်သာသနာတော်ကြီးသည် ‘ယေဇူးသခင်ကောင်းကင်ဘုံသို့တက်ကြွတော်မူသောပွဲ’ ကို ကျင်းပခဲ့သည်။ ထိုနေ့ကိုလည်း ‘ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့’ လည်းဖြစ်သည်။ ထိုနေ့နှင့်ပတ်သက်၍ ရဟန်းမင်းကြီးကြ အောက်ပါအတိုင်းသတင်းပါးထားပါသည်။

          နည်းပညာအခြေခံ၍ လူထုဆက်သွယ်ရေးနည်းလမ်းများ မြန်ဆန်စွာစီးမျောနိုင်သည့်ခေတ်၌ သတင်းအမှား၊ သ တင်းတုများ၊ အယောင်ဆောင်သတင်းသမားများလည်းမရှားပေ။ ထို့ကြောင့် သတင်းအခြေအမြစ်ရှိမရှိ၊ မှန်မမှန်စီစစ်ပြီး မှသာ မှန်ကန်မူရှိပြီး၊ သတင်းခိုင်လုံမှသာ အခြားသူများလည်းသိရှိစေရန်ပြန်လည်ဖြန့်‌‌ဝေမျှပေးရမည်။

          ‘လာ၍ကြည့်ကြ‌လော့’ ဟူသောဖိတ်ခေါ်ချက်သည် အခြေအနေမှန်ကို မျက်၀ါးထင်ထင်မြင်တွေ့စေနိုင်သော လွန် ရိုးရှင်းသည့်နည်းလမ်းတစ်သွယ်ဖြစ်သည်။ ဤသို့ဖိတ်ခေါ်ချက်သည် သတင်းစကားအားလုံး၏ ရိုးရှင်းသော အခြေခံတရား ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် လာရောက်ကြည့်ရူသူများက ကိုယ်တိုင်မြင်တွေ့၊ ခံစားလိုက်ရသောအခြေအနေမှန်ကို ပြန်လည်‌ဝေမျှပြောပြနိုင်မည်ဖြစ်ကြောင်း ‘ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့’ သ၀ဏ်လွှာ၌ထည့်သွင်းမိန့်ကြားထားသည်။  

          အဆိုပါ သ၀ဏ်လွှာကို (၂၀၂၁၊ ဇန္န၀ါရီလ ၂၃) ရက်နေ့၊ ဆေးလ်မြို့မှစိန့်ဖရန်စစ်၏ပွဲနေ့မတိုင်မီအကြိုနေ့၌ ဖြန် ချီခဲ့သည်။ ဆေးလ်မြို့မှစိန့်ဖရန်စစ်သည် သတင်းသမားများအား မှိုင်းမသောရဟန္တာဖြစ်သည်။ ဗာတီကန်နှင့်အခြားသော နိုင်ငံအတော်များများ၌ ‘ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့’ ကို မေလ (၁၆) ရက်နေ့တွင်ကျင်းပကြမည်ဖြစ်သည်။    

          ယခုနှစ် ‘ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့’ ၏ဆောင်ပုဒ်ကို ‘လာ၍ကြည့်ကြလော - လူများအား ထိတွေ့ဆက်သွယ် ခြင်းဖြင့် ၄င်းတို့၏အဖြစ်မှန်ကိုသိအောင်လုပ်ရန်’ ကျမ်းချက်ကိုရွေးချယ်ထားသည်။ ဤကျမ်းချက်သည် ယေဇူးသခင်က သူ၏ပထမဦးဆုံးသောတပည့်တော်ကြီးများအား ဖိတ်ခေါ်ခဲ့သည့်ဖြစ်စဉ်မှဖြစ်သည်။ ထို့အတူ ဤဖိတ်ခေါ်မူအတိုင်းပင် ယေဇူးသခင်အားမသိသေးသောသူများအား သိရှိလာအောင်ဖိတ်ခေါ်ရန်ဖြစ်သည်။ ရဟန်းမင်းကြီးသည် လူသိနည်းသော (သို့) ကမ္ဘာကိုအသိမပေးဘဲဖုံးဖိရန်ကြိုးစားသောသတင်းများမှန်မမှန်စီစစ် ဖော်ထုတ်ပြီး၊ ကမ္ဘာကြီးက သိသင့်သိအပ်သည် ဟုထင်သောသတင်းများအား မိမိတို့၏အသက်ကိုပေးဆက်၍ပင် သတင်းရယူပေးခဲ့သော သတင်းသမားများကို ဂုဏ်ပြုခဲ့ သည်။ အထူးသဖြင့် လူ့အသိုင်းအ၀ိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း လူသူစိတ်၀င်စားမူနည်းသော လူနည်းစုတို့၏ အရေးကိစ္စများကိုဖော်ထုတ်ရာ၌လည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေး၊ ဂုဏ်သိက္ခာကျဆင်းချိုးဖောက်ခံရမူ၊ သ ဘာ၀ပတ်၀န်ကျင်အရေးကိစ္စနှင့်ကမ္ဘာကြီး၏လစ်လျူရူခံရမည့် စစ်မက်များကို ရဲ၀ံ့စွာဖော်ထုတ်ခဲ့ကြသည်။     

          ဤသို့ဖော်ထုတ်ရန် လိုအပ်ချက်သည် သတင်းသမားတို့၏တာ၀န်သာမဟုတ်။ လူ့အသိုင်းအ၀ိုင်းနှင့်ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရန်မှာ ဤတိမ်မြှုပ်တိတ်ဆိတ်နေသောအသံများကိုဖော်ထုတ်ရန်လိုအပ်သည်။ ဤအချက် သည် ကျွန်ုပ်တို့လူသားမိသားစုအတွင်း၌ အလွန်အားနည်းနေသည်။ ထို့အတူ မဟုတ်မမှန်၊ အခြေအမြစ်မရှိသော သတင်း များကိုဖြန့်သူတို့အားလည်း ရှုံ့ချထားသည်။ အဘယ်ကြောင့်ဆိုသော် သတင်းသည်  တစ်ဖက်သားအားတိုက်ခိုက်ရန်၊ သိ က္ခာကျဆင်းအော်လုပ်ဆောင်ရာ၌အလွန်လွယ်ကူထိရောက်သည်။ အချင်းချင်းကြား ဖလှယ်သောသတင်းအချက်အလက် များသည်အတွက် ကျွန်ုပ်တို့တာ၀န်ခံရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ‘သွားရမည်။ ကြည့်ရူရမည်။ ထို့နောက်‌ပြန်လည်‌ဝေမျှရမည်။ အမှန်တရားကိုသက်သေခံရမည်။’            

          ကပ်ရောဂါဆိုး ကိုးဗစ်ကြောင့် သတင်းဌာနအတော်များများသည် ငွေကြေးအခက်အခဲများနှင့်မြေပြင်သတင်းရယူ ရန်ခက်ခဲနေမှန်းသိသော်လည်း ရဟန်းမင်းကြီးအနေဖြင့် သတင်းသမားများအား သတင်းဖြစ်ပွားရာသို့ ကြိုးစားသွား ရောက်ပြီး၊ သတင်းအမှန်ကိုတင်ပြပေးရန်အားပေးတိုက်တွန်းထားသည်။  သတင်းအချက်အလက်မှန်ကန်မူ၊ ရိုးသားမူမရှိ ပါက သတင်းဌာနအနေဖြင့် ကမ္ဘာကြီး၌မှန်တကယ်အဘယ်သို့ဖြစ်ပျက်နေသည်ကို ပြည်သူများအားချပြနိုင်တော့မည် မဟုတ်ပေ။ ရုပ်မြင်သံကြား၊ သတင်းစာများ၊ ရေဒီယို၊ အင်တာနက်နှင့်လူမူကွန်ရက်များသည် လူသားများကိုချိပ်ဆက်ပေး နိုင်သော်လည်း အမှန်တကယ် ခံစားဖြစ်ပျက်နေသူများနှင့်ထိတွေ့မူ၊ ၄င်းတို့၏ဖြစ်စဉ်များကို နားဖြင့်ဆက်ဆက်ကြား နာ ခွင့်မရှိလျှင် ကျွန်ုပ်တို့သည် ပွဲကြည့်သူသက်သက်သာဖြစ်ပေမည်။   

          လူထုဆက်သွယ်မူ၌ နည်းပညာများဖြင့်သာ ချိပ်ဆက်ခြင်းမဟုတ်ဘဲ လူကိုယ်တိုင်တွေ့ထိရခြင်းသည်ပို၍ကောင်း သည်။ စကားဖြင့်သာဆက်သွယ်ရန်မဟုတ်။ ကျွန်ုပ်တို့၏အကြည့်၊ အသံနှင့်အပြုအမူများအားဖြင့်လည်း ဆက်သွယ်လေ့ရှိ သည်။ ထိတွေ့မူဖလှယ်ခြင်း၊ စကားပြောဆိုခြင်သည် လူထုဆက်သွယ်မူအတွက်အမှန်တကယ်လိုအပ်သည်။ ကမ္ဘာကျော် ပြဇာတ်ရေးကြီးဆရာ၀ီလျှံရှိတ်စပီးယား၏ ‘ပြောမဆုံးနိုင်အောင်ပြောစရာဘာမျှမပြောခဲ့သူ’ ဟူသောအဆိုကိုကိုးကားခဲ့ သည်။ ယနေ့ခေတ်ကာလ၌လည်း လူထုကြား၊ စီးပွားရေး၊ နိုင်ငံရေးများ၌လည်း ထိရောက်မူမရှိဘဲ စကားကိုကျွမ်းကျင် လိမ်မာစွာပြောနေကြသည်။ ထို့အတူ ခရစ်ယာန်လူထုဆက်သွယ်ရေးလုပ်သူများသည်လည်း အတူတူပင်ဖြစ်သည်။

          ၀မ်းမြောက်ဖွယ်ရာသတင်းကောင်းသည် ‘လာ၍ကြည့်ကြရန်’ ဖိတ်ခေါ်ခံရသော အမျိုးသား၊ အမျိုးသမီးများက တစ်ဦးမှတစ်ဦးသို့လည်းကောင်း၊ နှလုံးသားမှနှလုံးသားသို့လည်းကောင်းဆုံဆည်းတွေ့ထိခြင်းဖြစ်သည်။ ထိုအခါ ကိုယေ ဇူးခရစ္စတူးသခင်ကိုသက်သေခံသောသူတို့၏ အကြည့်၊ အပြောနှင့်အပြုအမူများအံ့အားသင့်စွာမြင်တွေ့ရပေမည်။ ကက်သ လစ်ဘာသာ၀င်များ မီဒီယာကို အသက်မွေး၀မ်းကြောင်းအတွက်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ အသုံးပြုရာ တွင် ဘုရားသခင်ကိုချစ်သောကြောင့် အခြားသူများအားယေဇူးသခင်ထံပို့ရန်၊ ယုံကြည်ခြင်းပြန့်ပွားစေရန်အတွက်ဤ နည်းကိုကျင့်သုံးရမည်။  စိန့်ပေါလ်အားလည်း အသက်ရှင်လျှက်ရှိနေဦးမည်ဆိုပါလျင် အီးမေးလ်၊ သတင်းကောင်းပါးနိုင် သည့်လူမူရေးကွန်ရက်များကိုသုံး၍ ဧ၀ဂေလိတရားကိုကြေညာဟောပြောစေမည်။ သို့သော်စိန့်ပေါလ်၏ လူမူဆက်သွယ် ရေးနည်းလမ်းသည် သူထင်ပေါ်ကျော်ကြားရန်မဟုတ်။ သို့သော် သူ၏ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ကရုဏာမေတ္တာတ ရားပြရန်အတွက်သာဖြစ်သည်။

          ရဟန်းမင်းကြီးသည် ‘ကမ္ဘာ့မီဒီယာသမားများ အမှန်တရားကိုဖွေရှာရန်၊ နားထောင်ရန်နှင့်  ဉာဏ်အလင်းခပေးတော်မူပါရန်၊ စီရင်ဆုံးဖြတ်ခြင်း၊ ရမ်းသန်းမှတ်ချက်ချခြင်းမျိုးကိုရှောင်းရှားနိုင်စေရန်ုဆုတောင်းပေးခဲ့ သည်။ ‘အိုသခင်၊ ကိုယ်တော် လောက၌ ကိန်း၀ပ်စံပါ္ပယ်ရာနေရာကိုသိမှတ်ရန်စေတော်မူပါ။ သူတစ်ပါးအားလည်း မိမိတို့ ကိုယ်တိုင် ရိုးသားစွာဖြင့် ‘ကိုယ်တိုင်သွားရောက်တွေ့ရှိခဲ့သည်များကို ပြန်လည်ကြေညာခွင့်ကိုသာပေးတော်မူပါ’ ဟုဆု တောင်း၍အစီအစဉ်ကိုအဆုံးသတ်လိုက်သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် 

Photo courtesy of: Greetings.Pic

https://bit.ly/3v4UWO8

Add new comment

5 + 9 =