Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘သင်တို့၏လက်နက်များကို ချုပ်ငြိမ်းစေကြပါ။ လူသားထုကိုလစ်လျူရှုသူသာ စစ်သွေးကြွသည်’ ဟု ရဟန်းမင်းကြီးမိန့်ကြား
‘သင်တို့၏လက်နက်များကို ချုပ်ငြိမ်းစေကြပါ။ လူသားထုကိုလစ်လျူရှုသူသာ စစ်သွေးကြွသည်’ ဟု ရဟန်းမင်းကြီးမိန့်ကြား
‘ယခုရက်ပိုင်း၌ ကြားသိမြင်တွေနေရသော စစ်ပွဲ၏အနိဌာရုံကြောင့်တုန်လှုပ်ထိတ်လန့်နေကြရသည်’ ဟု နိဒါန်းပျိုးရင်း ရဟန်းမင်းကြီးဖရန်စစ်သည် ယခု ရက်ပိုင်း ‘ရုရှား၏ဆင်ခြင်မဲ့သော ကျူးကျော်စစ်ကြောင့် အလူးအလဲခံနေရသော ယူကရိန်းနိုင်ငံ အတွက် ဆုတောင်း ပေးခြင်း၊ ၄င်းတို့နှင့်ထပ်တူမျှဝေခံစားနေရ ကြောင်းမိန့်ကြားခြင်း၊ စစ်ရှောင်များအား ထွက်ပြေးနိုင်ခွင့်ရှိစေရန် နယ်ခြား၀င်ပေါက်များဖွင့်ထားပေးရန်၊ ယူကရိန်းနှင့်ကမ္ဘာ၏ မည်သည့်အပိုင်း၌မဆိုဖြစ်ပျက်နေ သော ပဋိပက္ခများအား နိုင်ငံရေးဖြေရှင်းကြရန်’ မေတ္တာရပ်ခံပန်းကြားမှုကိုတစ်ခုပြီးတစ်ခုပြုလုပ်နေရှာသည်။
ယမန်နေ့ တနဂ်နွေနေ့ မွန်းတည်အန်ဂျေလူးဆုတောင်းခြင်း၌လည်း ရဟန်းမင်းကြီးက ‘လက်ရှိဖြစ်နေသော အခြေအနေမျိုးမဖြစ်ပျက်စေရန် ကျွန်ုပ်တို့ အ ကြိမ်ကြိမ်ဆုတောင်းခဲ့ကြပါသည်။ ဆက်လက်၍ ဘုရားသခင်အား ပြင်းပြင်းထန်ထန်ဆုတောင်းကြရန် ဘုရားဖူးများအားတိုက်တွန်းခဲ့သည်။ လာမည့် မတ်လ (၂) ရက်နေ့သည် ‘ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ဆုတောင်း၀ါရှောင်ရမည့်နေ့’ ဖြစ်သည်။ ထိုနေ့သည် ကက်သလစ်ဘာသာတူများအတွက် ပြာခံပြီး ၀ါ၀င် သော ဗုဒ္ဓဟူးနေ့လည်းဖြစ်သည်။ ဘေးဆိုးကြီးကိုကြုံနေရသော ယူကရိန်းနိုင်ငံအတွက် အထူးဆုတောင်းပေးခြင်းဖြင့် ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများဖြစ် ကြသည်ကို မမေ့ရန်နှင့်စစ်အမြန်ဆုံးအဆုံးသတ်ရေးအတွက် ဘုရားသခင်ထံဆုတောင်းကြပါဟုတိုက်တွန်းခဲ့သည်။
စစ်မြူးသောသူသည် လူသားထုကိုလစ်လျူရူသောသူများဖြစ်သည်။ သူတို့သည် ပြည်သူများမှ အစပြုခြင်းမဟုတ်။ ပြည်သူတို့၏ ဘ၀အဖြစ်အမှန်ကိုမ ကြည့်။ ကိုယ်ကျိုးကိုဦးစားပေးသည်။ အာဏာကို အရာရာ၏ထိပ်၌ထားသည်။ သူတို့သည် နတ်ဆိုး၏စိတ်ကိုမွေးပြီး၊ လက်နက်ကိုပုံအောအားကိုးသည်။ ၄င်းတို့ အားကိုးသောအရာများအားလုံးသည် ဘုရားသခင်၏တရားတော်နှင့်လုံး၀ဆန့်ကျင်ဖက်ဖြစ်သည်။ ၄င်းတို့ကိုယ်တိုင်သည်လည်း ငြိမ်းချမ်းရေးကိုလိုလားသော လူထုနှင့်ကင်းကွာအောင်လုပ်ဆောင်ခြင်းဖြစ်သည်။
ပဋိပက္ခတိုင်း၌ အခြေခံပြည်သူများသည် စစ်ရူးသောသူတို့၏ သားကောင်များဖြစ်ကြရသည်။ ဤအခြေအနေမျိုး၌ မတွေးမိဘဲမနေနိုင်သော လူတန်းစား နှစ်ရပ်မှာ သက်ကြီးရွယ်အိုများ နှင့်မိမိတို့၏ကလေးတွဲလောင်းနှင့်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြမည့်ကလေးမိခင်နှင့်၄င်းတို့၏ကလေးများဖြစ်သည်။ ထို့ကြောင့် ယူကရိန်းနှင့်နိုင်ငံခြင်းထိစပ်နေသော နိုင်ငံများအနေဖြင့် စစ်ရှောင်များအားစာနာသောစိတ်ဖြင့် နိုင်ငံသို့၀င်ရောက်နိုင်သည့် လမ်းများကိုဖွင့်ထားပေးရန် တောင်းခံခဲ့သည်။
ယူကရိန်းစစ်ကိုသာမဟုတ်။ ကမ္ဘာ၏အခြားအပိုင်းများ၌လည်းဖြစ်နေသော စစ်ပွဲများကို မမေ့ကြရန် စိတ်ကောင်းနှလုံးကောင်းရှိသော လူသားအားလုံး အားပန်ကြားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယီမင်၊ ဆီးရီးယား၊ နှင့်အီသီယိုးပီးယားနိုင်ငံတို့၌လည်း စစ်မီးတောက် လောင်လျှက်ရှိသည်။ ကျွန်ုပ်ထပ်ပြောပါ ရစေ။ ‘လက်နက်များကိုချုပ်ငြိမ်းစေကြပါ။ ဘုရားသခင်သည် ငြိမ်းချမ်းရေးကိုလုပ်ဆောင်သူများနှင့်သာရှိသည်။ အကြမ်းဖက်ရက်စက်သူများနှင့်မရှိပါ။ ငြိမ်းချမ်း ရေးကိုချစ်သောသူသည် စစ်ကိုဆန့်ကျင်ကန့်ကွက်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သည် အခြားသူ၏လွတ်လပ်မှုကို၀င်ရောက်နှောက်ယှက်ဖျက်ဆီးသည်။ နိုင်ငံတကာဇာတ်ခုံတွင် အငြင်းပွားမှုကိုဖန်တီးရာရောက်သည်ဟု မိန့်ကြားခဲ့သည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment