‘သင်တို့သည် မျှော်လင့်ခြင်း၏မျိုးစေ့များဖြစ်ကြသည်’ ဟု ‘၀ိညာဉ်တော်နှင့်အနုသုခုမ’ အဖွဲ့အစည်းအား ပုပ်ဖရန်စစ်မိန့်ကြား

‘သင်တို့သည် မျှော်လင့်ခြင်း၏မျိုးစေ့များဖြစ်ကြသည်’ ဟု ‘၀ိညာဉ်တော်နှင့်အနုသုခုမ’ အဖွဲ့အစည်းအား ပုပ်ဖရန်စစ်မိန့်ကြား

‘သင်တို့သည် မျှော်လင့်ခြင်း၏မျိုးစေ့များဖြစ်ကြသည်’ ဟု ‘၀ိညာဉ်တော်နှင့်အနုသုခုမ’ အဖွဲ့အစည်းအား ပုပ်ဖရန်စစ်မိန့်ကြား

 

            ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သည့်သောကြာနေ့က ‘“House of the Spirit and the Arts Foundation’ (၀ိညာဉ်တော်နှင့်အနုသုခူမ) အဖွဲ့အစည်း အား ဗာတီကန်၌ လက်ခံတွေ့ဆုံခဲ့သည်။

ဤအဖွဲ့သည် မည်သည့်အကျိုးအမြတ်မျှမယူဘဲ ‘ခရစ်ယာန်တို့၏ယုံကြည်ခြင်းတန်ဖိုး၊ သက်၀င် ယုံကြည်မှု မတူသူများတွေ့ဆုံဆွေးနွေးညှိုနှိုင်းခြင်း၊ သာမန်ဘာသာတူများ၏တန်ဖိုးနှင့်ဂုဏ်သိက္ခာ’ ဦးစားပေးလုပ်ဆောင်သောအဖွဲ့ဖြစ်သည်။ ဤသို့ကူညီ လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာတစ်၀ှမ်းလုံးရှိ ယုံကြည်ခြင်း၌အားနည်းနေသူများအား ဘာသာရေး၌ပြန်လည်နိုးကြားရှင်သန်လာစေရန်၊ ပြုပြင်ပြောင်း လဲလာရန်၊ အထူးသဖြင့်၄င်းတို့၌ရှိသောအစွမ်းအစဖြင့်ယဉ်ကျေးမှုနှင့်အနုသုခုမအားဖြင့် လူ့ဂုဏ်သိက္ခာကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်သည်။

 

မျှော်လင့်ခြင်း၏မျိုးစေ့

            အဆိုပါအဖွဲ့နှင့်တွေ့ဆုံစဉ် ရဟန်းမင်းကြီးက အဖွဲ့၀င်တစ်ဦးစီအားကျေးဇူးတင်ကြောင်း၊ အနုသုခုမဟု ဆိုသော်လည်း အနုပညာသက်သက် သာမဟုတ်၊  ဒုက္ခသည်များကို အချုပ်အလုပ် သင်တန်းများလူမျိုးအသီးသီး၏မြူးစိများ၊ တီးမှုတ်တူရိယာသင်ကြားခြင်းများလည်းပါ၀င်သည်။ ထို့အ တူအဖွဲ့ထဲ၌ အိမ်ထောင်ကွဲပြီး မိသားစုအရေးကိုတစ်ဦးတည်းရုန်းကန်နေကြသောမိခင်များလည်း ၄င်းတို့၏သားသမီးများနှင့်အတူပါ၀င်ကြသည်။ သန်စွမ်းသူများသာမဟုတ်။ မသန်စွမ်းသူများလည်း စက်ပြင်၊ တူရိယာပြုပြင်သူများလည်းရှိကြသကဲ့သို့ မစ္ဆားပူဇော်နိုင်ရန် ပြင်ဆင်ကြသူများလည်း ပါသည်။ စိန့်ဗင်တာအကျဉ်းထောင်မှ အကျဉ်းသားများနှင့်၀န်ထမ်းများအားလည်း တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ၄င်းတို့အားလုံးသည် လွန်ဘာဒီခရိုင်မှ ဖြစ်ကြသည်။

            ရဟန်းမင်းကြီးအနေဖြင့် ၄င်းတို့အားလုံးအား လှိုက်လှဲစွာကျေးဇူးတင်ရခြင်းမှာ ၄င်းတို့သည် မျှော်လင့်ခြင်း၏မျိုးစေ့များကြသည်။ ဤအဖွဲ့ အစည်း၏အထောက်အပံ့ဖြင့် မတူမတန်သော စိတ် ထားများကိုတွန်းလှန်ဖြိုချပစ်ရမည့်အတိတ်နိမိတ်ကို ပြသပေးလျှက်ရှိသည်။ အဘယ်ကြောင့်ဆို‌ သော် ဤအဖွဲ့အစည်း၌နွေးထွေးစွာတွဲခေါ်ထားသော လူတန်းစားများကို လူမှုအသိုင်းအ၀ိုင်းအတော်များများက လက်မခံလိုကြ၊ လူရာမသွင်းလို ကြပေ။ သို့သော် ဤအဖွဲ့သည် အများကပယ် ထားသော ကျောက်များ ကိုပြန်လည်စုစည်းပြီး လူမှုအသိုင်းအ၀ိုင်းအသစ်ကိုတည်ဆောက်နေ ကြ သည်။ ထိုအသိုင်းအ၀ိုင်းကား လူမှုရေးခင်မင်ရင်းနှီးမှုနှင့်ညီအစ်ကိုမောင်နှမစိတ်ဓာတ်မွေးမြူသော သိုက်မြှုံကြီးကို တည်ဆောက် နေ သည်။

မည် သည့်အရာမျှမလွယ်ကူသည်ကိုကျွန်ုပ်တို့သိကြသည်။ အရာရာတိုင်းသည် နှင်းဆီမဟုတ်သကဲ့သို့ ပန်းများလည်းမဟုတ်ပေ။ လူတိုင်း၌အကန့်အ သတ်ရှိသည်။ အမှားရှိသည်။ အပြစ်ရှိကြသည်။ သို့သော် ဘုရား သခင်၏သနားခြင်းသည် ကျွန်ုပ်တို့၏အပြစ်ထက်ကြီးမားသည်။ ကျွန်ုပ်တို့သည် အချင်းချင်း ညီအစ်ကိုမောင်နှမရင်းချာကဲ့သို့ လက်ခံနေထိုင်ကြပါလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်အမှား များကိုခွင့်လွတ်ပြီးသားဖြစ်သည်။

ကျွန်ုပ်တို့၏အပြစ်အမှားများကို ခွင့်လွတ်ပေးရခြင်းမှာ ဘုရား သခင် သည် ကျွန်ုပ်တို့၏အပြစ်ကိုခွင့်လွတ်ပြီး၊ ရှေ့ဆက်သွားနိုင်ရန်ဖြစ်သည်။ ထိုတွေ့ ဆုံခြင်းကို Nicola Piovani ရေးစပ်ထားသော ‘Violin of the Sea’ (တယောပင်လယ်)  မြူးစိကို အဖွဲ့ထဲမှ တယောအဖွဲ့မှ ဖျော်ဖြေပြီးအဆုံးသတ် လိုက်ကြသည်။ ထိုတယောများသည် ဒုက္ခသည်များစီးနင်းလာခဲ့သော လှေအပိုင်းအစများဖြင့်တယောပြုလုပ်ထားခြင်းဖြစ်သည်ဟုဆိုသည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ry5vtE

 

 

Add new comment

10 + 8 =