‘လောကီဆန်သောရဟန်းတော်များသည် ဘုရားမသိ၊ တရားမရှိသူများအား ရဟန်းသိက္ခာတင် ပေးထား ခြင်းနှင့်တူ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘လောကီဆန်သောရဟန်းတော်များသည် ဘုရားမသိ၊ တရားမရှိသူများအား ရဟန်းသိက္ခာတင် ပေးထား ခြင်းနှင့်တူ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘လောကီဆန်သောရဟန်းတော်များသည် ဘုရားမသိ၊ တရားမရှိသူများအား ရဟန်းသိက္ခာတင် ပေးထား ခြင်းနှင့်တူ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

 

            ကြာသပတေးနေ့ကြီးသည် ကမ္ဘာပေါ်ရှိ ကက်သလစ်ရဟန်းတော်များ ၏နေ့ဟုသတ်မှတ် ထားသည်။ ထိုနေ့၌ ရဟန်းမင်းကြီးဖရန်စစ်က စိန့်ပီတာဘုရားကျောင်းကြီးအတွင်း၌ သန့်ရှင်းသော ဆီတော်  ဖန်ဆင်းခြင်း (ခရစ္စမား) မစ္ဆား ကို ဦးဆောင်ပူဇော်ခဲ့သည်။ ထို၀တ်ပြုခြင်းအခမ်းအနား၌ ရဟန်းမင်းကြီးသည် နှစ်စဉ်ရဟန်းတော်များနှင့်ဆိုင်သော ကျင့်၀တ်ကျင့်စဉ်၊ ကတိသစ္စာများ အကြောင်း ကို ဖတ်ကြားသောကျမ်းစာများနှင့်ယှဉ်၍ထောက်ရူကာ ဩ၀ါဒချီးမြှင့် လေ့ရှိသည်။  

            ယခုနှစ်၌လည်း ရဟန်းမင်းကြီးက ‘၀ှက်ကွယ်နေသောမဟုတ်မမှန်အယူသုံးမျိုး’ အကြောင်း၊ ထိုအယူ သုံးမျိုး သည်  ကက်သလစ်ရဟန်းတော်တို့အား ၄င်းတို့ခံယူထားသောကတိသစ္စာကို ပြည့်၀စုံလင်စွာ ရှင်သန်ရန်အတွက် အဟန့် အတားဖြစ်စေကြောင်းမိန့်ကြားခဲ့သည်။

            အဆိုပါ ‘မဟုတ်မမှန်အယူသုံးမျိုး’ အနက် ပထမတစ်မျိုးမှာ ‘လောကဆန်သော ၀ိညာဉ်ရေး’ ကျင့်စဉ်ဖြစ် သည်။ ဤကျင့်စဉ်သည် ဂုဏ်ဖော်လို၊ အသိအမှတ်ပြုခံလို၊ ၀င့်ကြွားလိုသော စိတ်နေသဘော ထားဖြစ်သည်။ အတွင်းစိတ် နှလုံးမှလာခြင်းမဟုတ်။ လုပ်ယူထားခြင်းသာဖြစ်သည်။ လောကီဆန်သော ရဟန်းတော်သည် ဘုရားမသိ၊ တရားမရှိ သောသူကိုသိက္ခာတင် ပေးထားသကဲ့သို့သာ ဖြစ်သည် ဟုမိန့်ကြားခဲ့သည်။

            ကျန်နှစ်ချက်မှာ အောင်မြင်မှုအရေအတွက်ကိုသာ ဦးစားပေးလွန်းသောရဟန်း တော်များနှင့် အလုပ်ကိုသာသဲကြီး မဲကြီးစွဲလန်းနေသော၀န်ထမ်းရဟန်းများအကြောင်းဖြစ်ပါသည်။ ဤအခြေအ နေသည် ရဟန်းတော်များအား ဘုရားသ ခင်၏အလိုတော်နှင့် နက်နဲရာများကို ပိတ်ပင်ကာ ဆီးသွား စေသည်။  

            အလုပ်ကိုသာစိတ်စွဲလွန်းသောရဟန်းတော်များသည် ၄င်းတို့၏အတ္တဖြင့် သာဘ၀ကိုရှင်သန် နေကြသည်။ အလုပ် ကိုသာစိတ်စွဲလန်းလွန်းသူများသည် ခမည်းတော်ဘုရားအားကိုး ကွယ်ခြင်း ဘေးဖယ်ထားပြီး၊ မဆို့မပို့မျှသာပြုလုပ်ကြ သည်။ အမှန်မှာ ခမည်းတော်ဘုရားအား ကိုးကွယ်ရှိခိုးခြင်း သည် ကျွန်ုပ်တို့၏ဘ၀၌အလွန်ကြီးမားသောအမှုများဖြစ် သည်။ ၄င်းတို့၏စွမ်းဆောင်နိုင်မှုကို ဂုဏ်ယူ ၀င့်ကြွားမဆုံးဖြစ်နေတတ်သည်။

            ဩ၀ါဒပြီးဆုံးသောအခါ ရဟန်းမင်းကြီးနှင့်အတူမစ္ဆားပူဇော်နေကြသောရဟန်းတော်များက ၄င်းတို့သိက္ခာခံယူ စဉ်ပြုခဲ့သောကတိသစ္စာကိုပြန်လည်ပြုခဲ့ကြသည်။ ထို့နောက် သန့်ရှင်းသောဆီ တော်ကိုကောင်းကြီးပေးခဲ့ကြသည်။ အဆိုပါဆီတော်များမှာ (၁) ဘာသာ၀င်ဆီတော်၊ (၂) ကျန်းမာခြင်း ဆီတော်၊ (၃) ခရစ္စမားဆီတော်တို့ဖြစ်ကြသည်။ ဤဆီ တော် (၃) မျိုးအနက် ‘ခရစ္စမား’ ဆီတော်ထဲ၌မူ ‘balsam’ ကိုရောထည့်သည်။ ထို့နောက်ရဟန်းမင်းကြီး (ဦးဆောင်ဆရာ တော်) က အဆိုပါဆီတော်အား ညှင်သာစွာဖြင့်လေမှုတ်ပေးသည်။       

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/36mP63I

 

Add new comment

2 + 1 =