‘လူ့အခွင့်အရေးအား ချိုးဖောက်ခြင်းသည် ငြိမ်းချမ်းရေးကိုခြိမ်းခြောက်ခြင်းဖြစ်’ ဟုဗာတီကန်ကပြောကြား

‘လူ့အခွင့်အရေးအား ချိုးဖောက်ခြင်းသည် ငြိမ်းချမ်းရေးကိုခြိမ်းခြောက်ခြင်းဖြစ်’ ဟုဗာတီကန်ကပြောကြား

‘လူ့အခွင့်အရေးအား ချိုးဖောက်ခြင်းသည် ငြိမ်းချမ်းရေးကိုခြိမ်းခြောက်ခြင်းဖြစ်’ ဟုဗာတီကန်ကပြောကြား

 

            နိုင်ငံတကာ၏ ငြိမ်းချမ်းရေးစံနှုန်းထားမှာ စစ်အင်အားအပေါ်၌အခြေခံခြင်းမဟုတ်။ တစ်ကမ္ဘာ လုံးအတိုင်းအတာ နှင့်လေးစားလိုက်နာသော လူ့အခွင့်အရေးနှင့် အခြေခံလွတ် လပ်မှုကို လေးစားလိုက်နားခြင်းအပေါ်မူတည်သည်’ ဟုဗာတီ ကန်၏ ရာသက်ပန် စောင့်ကြည့်ရေး တာ၀န်ခံမွန် ဆီး‌ညှော် Janusz Urbańczyk က ယခုတစ်ပတ်အစောပိုင်း မတ်လ (၂၈-၂၉) ရက်နေ့များကကျင်းပသော  ဥရောပလုံခြုံရေးအဖွဲ့၏ အစည်းအဝေးပထမအပိုင်း၌ပြောကြားခဲ့သည်။

            စစ်ရေးကာလ၌ အပြည်ပြည်ဆိုင်ရာ လူသားချင်းကာကွယ်ပေးသည့် ဥပဒေနှင့် လူ့အခွင့် အရေးအားချို့ဖောက်မှုတို့ ကိုလျော့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက အဘယ်သို့ လုပ်ဆောင်ပေးနိုင်မည့်နည်းလမ်းများကိုဆွေးနွေးခဲ့ ကြသည်။ စစ်သည် အပြည်ပြည်ဆိုင်ရာ တရား၀င်ဥပဒေကိုဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့် အခြေခံကျသောပြဿနာ ကိုထိုးပြနေပါသည်။ ထိုပြဿနာကား နိုင်ငံတကာဥပဒေသည် အလွန်ကြီးမားသောကျရှုံးခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်းရေး နှင့်လူ့အခွင့်အရေးအဘယ်သို့ ကျစ်လစ်စွာချိပ်ဆက်နေသည်ကိုလည်း နိုင်ငံတကာနှင့်ဆိုင်သော လူ့အခွင့် အရေးနှင့် အခြေ ခံကျသောလွတ်လပ်ခွင့်များကိုချိုးဖောက်ခြင်းသည် ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆို သော် Helsinki Final Act ၏ ကြေညာချက်၌ လူ့အခွင့် အရေးနှင့်အခြေခံကျသောလွတ်လပ်မှုများသည် ပြည်နယ်အ တွင်း၌ဖြစ်စေ၊ အခြားသော ပြည်နယ်များ နှင့်ဖြစ်စေ ငြိမ်းချမ်းရေး၊ တရားမျှတခြင်း၊ ရင်းနှီးချစ်ခင်မှုကို အာမခံသောဆက် ဆံရေးကို အသိအမှတ် ပြုရမည်ဟုဆိုထားပါသည်။

            ယူကရိန်း၌ လက်ရှိဖြစ်ပွားနေသောစစ်နှင့်ပတ်သက်၍လည်းသာဓကပေး၍ ရဟန်းမင်းကြီး ဖရန်စစ်သည် အခြေ ခံလူ့အခွင့် အရေးဆက် လက်ချိုးဖောက် နေမှုနှင့်ပတ်သက်၍ အထပ်ထပ် မိန့်ကြား နေသည့်အပြင်၊ နိုင်ငံတကာဥပဒေကို လေးရမည့်အကြောင်းကိုလည်း မပြတ်တိုက်တွန်းလျှက်ရှိကြောင်း မွန်ဆီညှော်ကပြောကြားခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jc9Gqm

Add new comment

17 + 1 =