‘လူအစားထိုးနည်းပညာ’ သည် (၂၀၂၄) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဦးတည်ချက် ဖြစ်ဟုဆို

‘လူအစားထိုးနည်းပညာ’ သည် (၂၀၂၄) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဦးတည်ချက် ဖြစ်ဟုဆို

(၂၀၂၄) ခုနှစ် (၅၈) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ ဦးတည်ချက်ကား ‘လူအစားထိုးနည်းပညာများနှင့်စိတ်နှလုံး၏ဉာဏ်ပညာ - လူသားနှင့်ပြည့်၀စွာပေါင်းစည်းရေး’ အဖြစ်ရဟန်းမင်းကြီဖရန်စစ်က ရွေးချယ်ထားသည်။

ဗာတီကန်၏သတင်းပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရ လူအစားထိုးနည်းပညာ၏အဆင့်ဆင့် ပြောင်းလဲတိုးတက်လာမှုသည် စက်နှင့်ဆက်စပ်အသုံးပြုရာတွင်ပို၍သဘာ၀ကျလွန်းလှ၍ တစ်စတစ်စဖြင့် လူတို့တီထွင်ဖန်တီးမှုများ၊ ဘာသာစကား၊ အတွေးအခေါ်များသည်ကွန်ပျူတာမှလော့ဆိုသည်ကိုပင်‌ဝေခွဲရန်ခက်ခဲလာနေကြောင်း ၊အခြားသောပြောင်းလဲတိုးတက်လာမှုကဲ့သို့ပင် လူအစားထိုးနည်းပညာ၏ပြောင်းလဲတိုးတက်လာမှုသည်လည်းစိန်ခေါ်မှုရှိလာသည်ကြောင်း၊ ထိုစိန်ခေါ်ချက်ကား လူအစားထိုးနည်းပညာသည် မဟုတ်မမှန်သတင်းနှင့်လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာ၍တစ်ကိုယ်တည်းအထီး ကျန်မှုကိုသာဖြစ်ပေါ်စေသော ဆိုးကျိုးကိုသာပေးသည်မဟုတ်။ လူများနှင့်ထိတွေမှုများမှလည်းကင်းကွာစေသည်တို့ကိုလမ်းညွှန်ကြပ်မတ်ပေးခြင်းသည်အရေးကြီးကြောင်း၊
စည်းမျဥ်းစည်းကမ်းများကိုချမှတ်ပေးသင့်ကြောင်း၊ သို့မှသာ လူအစားထိုးနည်းပညာများကိုသတိရှိစွာဖြင့်အသုံးပြုလာကြမည်ဟုဆိုသည်။

အခြားသောနည်းပညာများအသုံးပြုသကဲ့သို့ပင် အထက်ကဆိုခဲ့သော ဆိုးကျိုးဖက်ယိမ်းသည့်လားရာဆီသို့မသွားဘဲ ဘက်မျှစွာအကျိုးရှိရှိအသုံးပြုကြရန်၊ နည်းပညာများကိုအသုံးပြု လူ့ဘ၀ကိုပိုမိုပြည့်၀စုံလင်သောလူသားတစ်ဦး၏အသက်တာသို့ဦးတည်ရန်မှာအလွန် အရေးကြီးကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Wjj4

Add new comment

3 + 3 =