‘လူငယ်များ မိမိတို့၏အနာဂတ်ကို ထုဆစ်ကြရန်’ ဖိလစ်ပိုင်ဆရာတော်တိုက်တွန်း၊

‘လူငယ်များ မိမိတို့၏အနာဂတ်ကို ထုဆစ်ကြရန်’ ဖိလစ်ပိုင်ဆရာတော်တိုက်တွန်း၊

‘လူငယ်များ မိမိတို့၏အနာဂတ်ကို ထုဆစ်ကြရန်’ ဖိလစ်ပိုင်ဆရာတော်တိုက်တွန်း၊

          Daet ဂိုဏ်းအုပ်သာသနာမှ ကက်သလစ်ဆရာတော်တစ်ပါးဖြစ်သော Rex Alarcon က လူငယ်တို့၏ အနာဂတ်ကိုထုဆစ်ပုံဖော်ရာ၌ ဦးရှောင်မနေဘဲ ပေးအပ်သောတာ၀န်ကိုလက်ခံ၍ ဦးဆောင်မှုပြုကြရန်တိုက်တွန်းခဲ့ သည်။ ဤတိုက်တွန်းချက်ကို နို၀င်ဘာလ (၁၇) ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်   မှ ပေါ်တူဂီနိုင်ငံ၊ Lisbon မြို့၌ (၂၀၂၃) တွင်ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့အတွက် စတင် ပြင်ဆင်ကြရန် တပ် လှန့်လိုက်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်ရှိ သာသနာများအားလုံးသည် အဆိုပါ ကမ္ဘာ့လူငယ်များနေ့အတွက် နို၀င်ဘာလ (၂၁) နေ့မှစတင်၍ပြင်ဆင်တော့မည်ဖြစ်ကြောင်း၊ ဤပြင်ဆင်မှူ၌ ဆရာတော်များက နိုင်ငံအတွင်းရှိ သာသနာအသီးသီးမှ ပေါ်တူ ဂီနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံအတွက်ကိုယ်စားပြုပါ၀င်ကြမည့် လူငယ်များ၏အမည်စာရင်းများကိုစတင်ကောက်ခံမည် ဖြစ်သည်။  

            ကြေညာချက်၌ Rex Alarcon က လူငယ်တို့၏အနာဂတ်သည် ၄င်းတို့၏လက်ထဲ၌ရှိကြောင်း၊ အခြေအနေ အချိန်အခါကိုအပြစ်မဖို့ကြရန်၊ အနာဂတ်အတွက်တာ၀န်ယူ၊ တာ၀န်ခံ၍စတင်လုပ်ဆောင်ကြရန်တိုက်တွန်းထား သည်။ ဆရာတော်သည် လူငယ်ကော်မရှင်၏တာ၀န်ခံဖြစ်သည်။ မျိုးဆက်သစ်လူငယ်များသည် မျိုးဆက်ဟောင်း အားမှီခို၍ ၄င်းတို့၏အနာဂတ်ကိုထုဆစ်ပုံဖော်လိုသောစိတ်ဓာတ်ကိုဖျောက်ဖျက်ရမည်။ မျိုးဆက်ဟောင်းသည် မျိုး ဆက်သစ်တို့အပေါ်လုပ်ပေးရန်တာ၀န်ရှိသည်ဟုခံယူကြသည်မှာ သင့်လျော်ပါသည်။ ထို့ကြောင့် မျိုးဆက်ဟောင်း တို့သည် ဦးစီးဦးဆောင်လုပ်ကိုင်ကြသည်။ သို့သော် ပြန်လည်သုံးသပ်ရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့လူ ငယ်များသည် ယာဉ်မောင်း၏ခုံတွင်ထိုင်၍ထိန်းရမည်။ တာ၀န်ယူရမည်။  လူငယ်များသည် ဘ၀၌အောင်မြင်ပေါက် ရောက်လိုပါက ခေါင်းဆောင်ရွေးချယ်ရာ၌ အလေးအနက်ထား၍လုပ်ဆောင်ရမည်။ မကြာမီ၌ ခေါင်းဆောင်များရွေး ချယ်တော့မည်။ အတ္တ၊ မပူမအေးသောစိတ်နှင့်ဘာမျှမလုပ်ကိုင်လိုသောစိတ်များကိုတိုက်ထုတ်ပစ်ကြစို့။ ဂရုစိုက် တတ်ရန်၊ အလုပ်ကြိုးစားလုပ်ရန်၊ အကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်ကြစို့။ ကျွန်ုပ်တို့၏လွှတ်လပ်မှုသည် အကောင်း ကိုရွေးချယ်ခြင်းဖြင့်ပြီးပြည့်စုံစေကြပါစို့။ မကောင်းမှုကိုရွေးချယ်လိုက်ခြင်းသည် မိမိတို့၏လွတ်လပ်မှုကိုဖျက်ဆီးပစ် လိုက်ခြင်းဖြစ်သည်။  

            လူငယ်အဖွဲ့စည်းထဲမှ (၅၂) ရာခိုင်နှုန်းတို့သည် လာမည့် (၂၀၂၂) ခုနှစ်ရွေးကောက်ပွဲ၌ မဲပေးကြမည်ဖြစ် ကြောင်း၊ ဖိလစ်ပိုင်လူဦးရေ၏ (၆၀.၄၆) ရာခိုင်နှုန်းသည် လာမည့် (၂၀၂၂) ခုနှစ်ရွေးကောက်ပွဲ၌ မဲပေးရန်စာရင်း သွင်းထားသည်။ ၄င်းတို့အနက် (၃၁.၄၁) ရာ ခိုင်နှုန်းမှာလူငယ်များဖြစ်ကြပြီး၊ အသက်အရွယ်အားဖြင့် (၁၈-၄၀) အတွင်းရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာထားသည်။ ဆရာတော် Alarcon က ရွေး ကောက်ပွဲကာလသည် ‘ကောင်းသောအရာကိုပြုလုပ်ရသည့်အချိန်အခါဖြစ်ပြီး၊ နိုင်ငံအတွက် ကောင်းသောခေါင်း ဆောင်ကိုရွေးချယ်ရသောအချိန်ဖြစ်သည်။ မကောင်းမှုကိုခုခံတွန်းလှန်ရမည်။ အဆိုးမြင်၀ါဒီကိုစုပေါင်းတိုက်ထုတ် ရမည်။ ပျင်းရိခြင်းနှင့်မကောင်းမှုများ၏လွှမ်းမိုးချုပ်ကိုင်ခံဘ၀မရောက်စေနှင့်။ ခရစ္စတူးသခင်၌ သင်တို့သည် မကောင်းမှုကိုအောင်နိုင်ရန်နှင့်ကောင်းမှုကိုပိုင်ဆိုင်ရန် အစွမ်းတန်ခိုးရှိသည်။ ဆိုးရွားသောအဖြစ်အခြေအနေများ ကြား၌နစ်မြှုပ်မသွားစေနှင့်။ သင်တို့အားမျှော်လင့်ချက်ပေးသောအလင်းရောင်ကိုငြိမ်းမသွားပေါနှင့်’ ဟုမိန့်ကြားခဲ့သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Z8J8zG

Add new comment

2 + 2 =