‘ရဟန်းမင်းကြီးဖြစ်ရန်မှာလွယ်ကူသည်မဟုတ်’ ဟုဆိုပြီး သီလရှင်များထံမှ ပုပ်ဖရန်စစ်က ဆု‌တောင်းမေတ္တာတောင်းခံခဲ့

‘ရဟန်းမင်းကြီးဖြစ်ရန်မှာလွယ်ကူသည်မဟုတ်’ ဟုဆိုပြီး သီလရှင်များထံမှ ပုပ်ဖရန်စစ်က ဆု‌တောင်းမေတ္တာတောင်းခံခဲ့

‘ရဟန်းမင်းကြီးဖြစ်ရန်မှာလွယ်ကူသည်မဟုတ်’ ဟုဆိုပြီး သီလရှင်များထံမှ ပုပ်ဖရန်စစ်က ဆု‌တောင်းမေတ္တာတောင်းခံခဲ့

ပြီးခဲ့သည့်သောကြာနေ့၊ အောက်တိုဘာ (၂၂) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်သည် မယ်တော်သမီးများသီလရှင်အသင်၏ကျောင်းသို့ကြွရောက်သွားခဲ့သည်။ သီလရှင်များသည် လူကြီးလူငယ်များအား အစေခံလျှက်ရှိသည်။ အဆိုပါ သီလရှင်တို့အား သူ့အတွက်ဆုတောင်းပေးရန် ဆုတောင်းခြင်းအလှူခံခဲ့သည်။ ‘သင်တို့၏လုပ်ဆောင်နေမှုများဖြင့် သင်တို့ အဘယ်သူဖြစ်သည်ကိုပြသသည့် အတွက်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် ဆုတောင်းခြင်းဖြင့် သင်တို့၏အနီးအပါး တွင်ရှိနေပါသည်။ သင်တို့နှင့်ကမ္ဘာတစ် ၀ှမ်း၌အမှုတော်ထမ်းနေသော သီလရှင်များကိုလည်း ကောင်းကြီးပေးပါသည်။ ကျွန်ုပ်အတွက်လည်းဆုတောင်းပေးပါ။ ရဟန်းမင်းကြီးအမှုတော်ကိုဆောင်ရသည်မှာ လွယ်ကူလှသည်မဟုတ်’ ဟုလည်း မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် သီလရှင်ကျောင်း၌ တစ်မနက်တာဖြတ်သန်းခဲ့သည်။ မယ်တော်သမီးသီလရှင်ကို ‘ဆလေးရှင်း’ သီလရှင်ဟုအလွယ်တကူခေါ်ကြသည်။ မယ်တော်သမီးဟုခံယူထားသကဲ့သို့ အမိမယ်တော်အားပုံတုယူလိုက်ကျင့် ကြရန်ကိုလည်းအားပေးခဲ့သည်။ အမိမယ်တော်သည် သူ့ကိုယ်သူဗဟိုမပြု။ ယေဇူးသခင်ထံသို့သာညွှန်ပြလေရှိသည်။ သန့် ရှင်းသော၀ိညာဉ်တော်၏လမ်းပြပို့ဆောင်ခြင်းကို အမြဲလက်ခံရန် အသင့်ဖွင့်လှစ်ထားရမည်။ သို့မှသာ လူငယ်နှင့်သက် ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်သည့် အမူတော်ကိုထိရောက်ကျေပြွန်စွာ ဆက်ကပ်နိုင်မည်ဖြစ်သည်။

သာသနာပြု အဖွဲ့များသည် ဆင်ခြေဖုံးဒေသများ၊ လူသူအရောက်အပေါက်နည်းသောနေရာ၊ လူသူမသွားမလာချင်သောနေရာများသို့ခရစ္စယာန်တို့အားမှိုင်းမသောမယ်တော်သမီး၏ခံယူချက်မျိုးဖြင့် ကမ္ဘာအရပ်ရပ်သို့ ဧ၀ံဂေလိတရားကိုဟောကြားရမည်။ ဤအသင်းကို စိန့်ဂျွန်ဘောစကိုနှင့်စိန့်မေရီ Mazzarello တို့မှ (၁၈၇၂) ခုနှစ်တွင်တည်ထောင်ခဲ့သည်။ လက်ရှိ၌ ဤသီလရှင်အသင်းသည် ကမ္ဘာပေါ်တွင် သီလရှင်အပါးပေါင်း (၁၁၀၀၀) ဖြင့်အမျိုးသမီးသီလရှင်အသင်း၌ ဦးရေအများဆုံးဖြစ်ပြီး၊ နိုင်ငံပေါင်း (၉၇) နိုင်ငံတွင်အမှူတော်ထမ်းလျှက်ရှိသည်။

ရဟန်းမင်းကြီးက ဆက်လက်၍ အဖွဲ့အစည်းနှင့်ရှင်သန်သောအသက်တာသည် မျိုးဆက်သုံးဆက် (သက်ကြီး၊ သက်လတ်၊ သက်ငယ်) တို့အားစုစည်းပေးနိုင်သောအသက်တာဖြစ်၍ ထိန်းသိမ်းလက်ဆင့်ကမ်းရန်၊ ဤသို့ဖြင့် သက်ကြီး သီလရှင်များလည်း မျိုးဆက်သစ်သီလရှင်များနှင့်သီးခြားရှိမနေဘဲ အတူတကွရှိနေပေမည်။ အခါအားလျှော်စွာ သက်ကြီး များသည် နားလည်ရန်ခက်ခဲတတ်သည်။ သို့သော် သက်ကြီးများ၌ ဉာဏ်ပညာရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘ၀အတွေ့အကြုံများမှစုဆောင်းရရှိခဲ့သော ကြီးမားသည့်ဉာဏ်ပညာများရှိသည်။ ထိုဉာဏ်ပညာများအနက် မိမိတို့၏ခေါ်တော်မူခြင်းအသက်တာကိုသစ္စာရှိစွာအိုမင်းလာအောင်ပျိုးထောင်ခြင်းပညာဖြစ်ပါသည်။ ပုံမှန်မသွားမလာ၊ မလှုပ်ရှားနိုင်တော့ သည့်အသက်ကြီးများ၊ နာတာရှည်ရောဂါကြောင့်အိပ်ယာ၌သာအိပ်နေရသူများအတွက် မလွဲမသွေသီးသန့်အဆောင်စီစဉ်ပေးရပေမည်။ ၄င်းတို့ထံ မကြာခဏသွားရောက်လည်ပတ်သင့်သည်။ အချိန်အနည်းငယ်ယူ၍အဖော်ပြုပေးသင့်သည်။ ၄င်းတို့သည် သမိုင်း၏ရတနာများဖြစ်ကြသည်။

ရဟန်းမင်းကြီးက ဆက်လက်၍ သူငယ်ယေဇူး၏စိန့်ထရေးဇာ၏ အသက်တာမှအကြောင်းအရာကိုလည်းဝေမျှခဲ့ သည်။ စိန့်ထရေးဇာ၏ အတွေ့အကြုံသည် ရဟန်းမင်းကြီးအားများစွာဖြေသာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စိန့်ထရေးဇားသည် လမ်းကောင်းစွာမလျှောက်နိုင်သော သီလရှင်တစ်ပါးအားအဖော်ပြုပေးခဲ့သည်။ ထိုသက်ကြီးသီလရှင်သည် အသက်ကြီးရုံမကဘဲ ဆီဇာကြောင့်တတ်သောအကျင့်လည်းရှိသူဖြစ်သည်။ မြင်မြင်သမျှ၊ ဖြစ်ပျက်သမျှကို ဘ၀င်မကျဖြစ် နေသူဖြစ်သည်။ သို့သော် စိန့်ထရေးဇားသည် အဆိုပါ သက်ကြီးသီလရှင်ကို ချစ်ခြင်းဖြင့်အဖော်ပြုပေးရှာခဲ့သည်။ တစ်နေ့၌ ဘုရားကျောင်းမှဆွမ်းစားဆောင်သို့အသွား၌ ကျယ်လောင်သောအသံဗလန်တစ်ခုကို ကျောင်း၀င်းပြင်ပမှကြားလိုက်ရ သည်။ အဘယ်ကြောင့်ဆိုသော် ရသေ့သီလကျောင်းနှင့်မနီးမ‌ဝေး၌ ပါတီပွဲကိုကျင်းပနေကြသည်။ ထိုအခြေအနေကို စိန့်ထရေးဇားက ‘ကျွန်မအနေနဲ့ဒီအခြေအနေ (သက်ကြီးသီလရှင်အားအဖော်ပြုပေးရခြင်း) ကိုဟိုအခြေအနေ (ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်း) နှင့်မလဲနိုင်’ ဟုမှတ်ချက်ပေးလိုက်သည်။ စိန့်ထရေးဇာသည် အခြေအနေအရပ်ရပ်၌ သူ၏ကြီးမြတ်လှသော ခေါ်တော်မူခြင်းကိုကောင်းစွာနားလည်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဆလေးရှင်းသီလရှင်ကျောင်းသို့ကြွရောက်ရခြင်းမှာ သီလရှင်အသင်းသည် ၄င်းတို့၏ (၂၄) ကြိမ်မြောက် အထွေထွေအစည်းအ‌ဝေးကြီးကို စက်တင်ဘာလ (၁၁) မှ အောက်တိုဘာလ (၂၄) ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုတစ်ကြိမ်ကျင်းပသော အထွေထွေအစည်းအ‌ဝေးကြီး၏ဆောင်ပုဒ်မှာ ‘အသင်းအဖွဲ့သည် မျက် မှောက်ကမ္ဘာကြီးအား အသက်ကိုမွေးထုတ်ပေးသည်’ ဟုဖြစ်သည်။

ရဟန်းမင်းကြီးက အသင်း၀င်သီလရှင်များအား အမိ မယ်တော်နှင့်အတူ စိတ်အားထက်သန်စွာဖြင့် ရှေ့ဆက်သွားကြရန်၊ ကမ္ဘာကြီး၏လိုအပ်ချက်ကိုလည်း မျက်ခြေမပြတ်စေ ရန် သန့်ရှင်းသော၀ိညာဉ်တော်ဘုရားက တိုက်တွန်းနေကြောင်း၊ အလားအလာအလွန်ကောင်းသော ဘုရားသခင်၏ ကောင်းကြီးများကိုလည်း လက်ခံကြိုဆိုရန် နှလုံးသားများကိုဖွင့်ထားကြရန်၊ ဘုရားသခင်ကိုချစ်သောစိတ်နှလုံးသားများ မွေးမြူထားကြရန်အားပေးတိုက်တွန်းခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNA
https://bit.ly/3BiGp3P

Add new comment

9 + 8 =