Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ဆုတောင်းကြပါရန်’ မန္တလေးဂိုဏ်းချုပ်သာသနာပိုင်ပန်ကြား
‘မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ဆုတောင်းကြပါရန်’ မန္တလေးဂိုဏ်းချုပ်သာသနာပိုင်ပန်ကြား
မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော် မားရ်ကိုတင်၀င်းက ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်တစ်ကြောင်း၊ အစာရေစာပြတ်လပ်မှု၊ ပြည်တွင်းစစ်နှင့်နှိပ်စက်မှုများကြောင့် ကွဲပြဲနေသော မြန်မာနိုင်ငံအတွက်၎င်းနှင့်အတူဆုတောင်း ကြရန် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဘာသာတူများအားပန်ကြားထားသည်။ များမကြာမီရက်များမှစ၍ စနေနေ့ညနေတိုင်း တစ်နာရီကိုယ်တော်မြတ်ဖူးခြင်းကိုလည်းပါ၀င်ကြရန်၊ ထို့အတူ လ၏ ပထမတနဂ်နွေနေ့တိုင်းကိုလည်း ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပူဇော်ကြရန်ပန်ကြားထားသည်။ လက်ရှိအခြေအနေ ကြောင့် မျှော်လင့်ချက်များပျောက်မသွားစေဘဲ အကြောက်တရား၊ စိုးရိမ်စရာများ၊ စိတ်ပျက်စရာအခြေအနေ၌ ဘုရားသခင်အပေါ်ယုံကြည်ခြင်းမြဲမြံစေရန်တိုက်တွန်းခဲ့သည်။
အကြမ်းဖက်မှုများတိုးမြှင့်လာနေ
အာဏာသိမ်းစစ်တပ်နှင့်တော်လှန်ရေးတပ်များကြားနေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ဆိုးရွားပြင်းထန် စွာ လအတော်ကြာဖြစ်နေခဲ့သည်မှာ ခရစ်ယာန်အများစုနေထိုင်သော ကယား၊ ချင်းနှင့်ကရင်ပြည်နယ်တို့တွင်ဖြစ်သည်။ ပြည်သူများ မိမိတို့၏အိမ်များစွန့်ခွာထွက်ပြေးနေကြရပြီး၊ ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၌ခိုလုံ နေကြရသည်။ နှစ်ပေါင်း (၅၀) ကျော်ကြာ စစ်အုပ်ချုပ်မှုမှ (၂၀၁၁) ခုနှစ်တွင်စတင်၍ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှု လွတ်လပ်မှုများဖွံ့ဖြိုးရန်စတင်လာခဲ့ရုံရှိသေးရာ (၂၀၂၁၊ ဖေဖော်၀ါရီလ ၁) ရက်နေ့ တွင်စစ်တပ်မှအာ ဏာသိမ်းလိုက်ရာမှ ရေစီးကမ်းပြိုလိုက်ပါလာသော လူမှုရေးအခက်အခဲအကြပ်အတည်းများတစ်စတစ်စ ကြီးထွား များပြားလာခဲ့သည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှယခုအထိ အသတ်ခံရသူ (၁၄၀၀) ရှိပြီး၊ ထောင်နှင့်ချီနေရပ်စွန့်ခွာနေကြရ
ယခုနှစ်အစောပိုင်း (၃) ရက်နေ့က ကယား၊ ကရင်၊ မွန်ပြည်နယ်နှင့်တနသ်ာရီတိုင်းမှ နေရပ်စွန့်ခွာသူ စုစုပေါင်း (၁၉၂၃၀၀) ဦးရှိကြောင်း၊ (၄၇၀၀) ခန့်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့၀င်ရောက်ခိုလုံနေရကြောင်း ဇန္န၀ါရီ (၁၁) ရက် ကုလကထုတ်ပြန်ထားသည်။ အိမ်ခြေ (၁၅၅၀) လုံးကျော်၊ ပြည်သူပိုင်ဥစ္စာပစ္စည်းများ၊ ဘာသာရေးအ ဆောက်အဦးများ၊ စာသင်ကျောင်းများ ဖျက်ဆီးခံရ၊ အဆိုးဆုံးမှာမီးတင်ရှို့ခဲ့ကြ၊ လက်နက်ကြီးငယ်များဖြင့် ပစ်ကွဲ ဖျက်ဆီးခံခဲ့ရသည်။ ထို့အတူ မြန်မာနိုင်ငံ၏အပူပိုင်းဒေသဖြစ်သော စစ်ကိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှပြည်သူ (၁၅၇၅၀၀) လည်းနေရပ်စွန့်ခွာနေကြရသည်။ ပြည်သူနှင့်ဒီမိုကရေစီလိုလားသူတို့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၀၀၀) ကျော်အထိရှိလာပြီး၊ (၁၀၀၀၀) ကျော် မတရားဖမ်းအကျဉ်းချခံထားရသည်။
ဆယ်စုနှစ်များစွာကြာညောင်းခဲ့သော မြန်မာနိုင်ငံ၏ပြည်တွင်းစစ်သည် ဘယ်တော့ပြီးဆုံးလေမည်နည်း။ စစ်မှန်သောငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနှင့်လွတ်လပ်မှုကိုဘယ်တော့များမှခံစားရမည်နည်း။ အချင်းချင်းသတ် ဖြတ်နေကိုဘယ်တော့များမှရပ်တန့်ကြမည်နည်း’ ဟု ဒီဇင်ဘာလ (၂၆) ရက်နေ့က ကာဒီနယ်ချားလ်စ်ဘို၊ ရန်ကုန် ကမေးခွန်းထုတ်ခဲ့သည်။
ကုလ၏ပြစ်တင်ဝေဖန်မှု
အရှေ့အာရှနှင့်ပစီးဖိတ်ဒေသ၏အကြီးအကဲ Debora Comini လည်း ပြီးခဲ့သော အပတ်က ပြစ်တင်ရှုံ့ချခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ကလေး (၄) ဦးအားသတ်ဖြတ်ခဲ့ပြီး၊ လူများစွာကိုထိခိုက်ဒဏ်ရာရစေခဲ့သောကြောင့် ဖြစ်သည်။ ကုလအနေဖြင့် နိုင်ငံအတွင်း ပဋိပက္ခကြီးထွားလာမည်ကိုလည်းစိုးရိမ်ကြောင်း၊ မတရားအာဏာသိမ်း ထားသောစစ်တပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ခေတ်မှီလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကိုလည်းကန့်ကွက်ရှုံ့ ချပါကြောင်း၊ ဘက်မလိုက်သော လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုမှ ဤအဖြစ်အပျက်ကိုချက်ချင်းစီစစ်ဖော်ထုတ် ရန်၊ သို့မှသာ ပြစ်မှုကျူးလွန်သူများအားထိရောက်သောအရေးယူဆောင်ရွက်မှုကိုပြုလုပ်နိုင်မည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ကလေးများအားလည်းတိုက်ခိုက်မှုများအတွက် ဒေါသထွက်ရကြောင်း၊ တိုက်ပွဲဆင်နွဲနေသော နှစ်ဖွဲ့ လုံးကလေးများအားမထိခိုက်စေရန် ဦးစားပေးလုပ်ဆောင်ရမည်။ ဤအချက်သည် နိုင်ငံတကာ၏စံနှုန်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ဤသဘောတူညီချက်ကို လိုက်နာပါမည်ဟု လက်မှတ်ရေးထိုးထားကြောင်း ပြောကြားခဲ့သည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment