Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘မောလ်တာသည် ဒုက္ခသည်အကြပ်အတည်းကို ရှေ့တန်းမှရပ်တည်ဖြေရှင်းပေးနေ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
‘မောလ်တာသည် ဒုက္ခသည်အကြပ်အတည်းကို ရှေ့တန်းမှရပ်တည်ဖြေရှင်းပေးနေ’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
. ရဟန်းမင်းကြီးဖရန်စစ်သည် မောလ်တာသို့ကြွရောက်ခဲ့သော သူ၏တမန်တော်ခရီးအကြောင်းကို ဗုဒ္ဓဟူးနေ့ တိုင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ် ပြန်လည်သုံးသပ်ပြမှတ်ချက်ပြုခဲ့သည်။ ကျွန်းသို့အမှတ်မထင်ရောက်ရှိလာခဲ့သော တမန်တော်ပေါလုအား မေတ္တာတရားဖြင့်ကြိုဆိုတတ်ခဲ့သောစိတ်ကို ယနေ့ရွေ့ပြောင်းဒုက္ခသည်များ၏အကြပ်အတည်း နှင့်နှိုင်းယှဉ်သင့်လှပါသည်။ ဒုက္ခသည်အကြပ်အတည်းသည် အရေးပေါ်ရုံသာမဟုတ်။ ကျွန်ုပ်တို့ခေတ်အခါသမယ၏ လက္ခဏာတစ်ခုလည်းဖြစ်နေသည်။ ရွေ့ပြောင်းများသည် ၄င်းတို့နှင့်အတူ သူမတူသောအကြောင်းအရာများပါလာသည်။ ထိုအကြောင်းအရာများသည် ကျွန်ုပ်တို့အားကြွယ်၀မှုလက်ဆောင်ကိုပေးသည်။
မောလ်တာသို့ တမန်တော်ခရီးကြွရောက်သွားနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ အရပ်ဖက် အာဏာပိုင်းများအားလည်းကောင်း၊ ဆရာတော်ကြီးများနှင့်ဘာသာတူများနှင့်အခြားသောလုပ်အားပေးသူများလည်း ကောင်း၊ ၄င်းတို့၏ရက်ရောသောပေးဆက်မှုများအားလုံးတွက် ထပ်မံကျေးဇူးတင်ပါကြောင်း၊ တမန်တော်၀တ္ထုကျမ်း (၂၈း၂) ၌ တမန်တော်ပေါလုက သဘော်ပျက်၍ ခရီးတစ်ထောက်နားခဲ့ရသော မောလ်တာကျွန်းမှကျွန်းသူကျွန်းသားများ သည် ၄င်းတို့အား သူမတူသော ကြင်နာမှုများပြသခဲ့ကြောင်းပြောပြထားသည်။ ဤမေတ္တာဓာတ်ပါပြီး၊ လှိုက်လှဲစွာဖော် ရွေကြိုဆိုတတ်သော မောလ်တာကျွန်းသူကျွန်းသားတို့၏စိတ်ထားမျိုး ကျွန်ုပ်တို့လည်းထားရှိပြီး ကျွန်ုပ်တို့ကြုံတွေ့နေရ သောရွေ့ပြောင်းတို့ကိုကူညီသင့်လှသည်။ ဤကိစ္စသည် အရေးပေါ်ရုံသာမဟုတ်။ ကျွန်ုပ်တို့ခေတ်ကာလ၏ အမှတ်လက္ခ ဏာတစ်ခုပင်ဖြစ်နေသည်။ မောလ်တာနိုင်ငံသည် ဤဒုက္ခသည်များနှင့်ပတ်သက်လာလျှင် ရှေ့တန်းမှရပ်တည်ကူညီနေ ကြောင်းကို မောလ်တာသို့တမန်တော်ခရီးကြွရောက်စဉ် ‘ရဟန်းမင်းကြီးဂျွန် (၂၃)’ ခန်းမ၌တွေ့ဆုံခဲ့သော ပြောင်းရွေ့ဒုက္ခ သည်များကသက်သေဖြစ်သည်။
တမန်တော်ပေါလု၏ဂူဗိမာန်၌လည်း သာသနာပြုစိတ်ဓာတ် အသစ်များပြန်လည်ရှင်သန်လာပါစေကြောင်းဆု တောင်းခဲ့သည်။ ထိုစိတ်ဓာတ်သည် မောလ်တာအားထူးခြားသောသာသနာမြေဖြစ်စေသည်။ Gozo ရှိ မယ်တော်ဂူ၌ဆု တောင်းစဉ် မောလ်တာကျွန်းသူကျွန်းသားတို့၏ မယ်တော့်ကိုအဘယ်မျှကြည်ညို အားကိုးသည့်အကြောင်းကိုထောက်ရူခဲ့ သည်။ ကျွန်ုပ်တို့၏ဘ၀၌ မရှိမဖြစ်လိုအပ်သောအရာများဆီသို့ အမြဲပြန်လည်ပိုဆောင်ပေးသည်။ ထိုအရာကား ကားတိုင် ပေါ်၌တင်သတ်ခံရပြီး၊ ပြန်ရှင်ပြန်ခဲ့သောခရစ္စတူးထံသို့ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့လူသားမိသားစုအား ဧဝံဂေလိတ ရားတော်၏ ကယ်တင်ခြင်းသတင်းဖြစ်သည့် ဘုရားသခင်၏ချစ်ခြင်းနှင့်ပြည့်သော သနားခြင်းဆီသို့ပြန်လည်ပို့ဆောင်ပေး သည်။ ဘုရားသခင် မောလ်တာနိုင်ငံနှင့်နိုင်ငံသူနိုင်ငံသားများ၊ ကြွယ်၀ခြင်းနှင့်ငြိမ်းချမ်းခြင်းကောင်းကြီးကိုပေးပါစေဟုအရှင်သူမြတ်ကဆိုသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of : Times of Malta
Add new comment